Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 12:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ဝိညာဉ်တော်​သည် လူတစ်ယောက်​အား ဉာဏ်ပညာ​စကား​ကို ပေးတော်မူ၏။ ထို​ဝိညာဉ်တော်​တစ်ပါးတည်း​ကပင် အခြားသူ​တစ်ယောက်​အား အသိပညာ​စကား​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ဝိ​ညာဉ်​တော်​သည်​လူ​တစ်​ယောက်​အား​ဉာဏ် ပ​ညာ​ဖြင့်​ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး တော်​မူ​၏။ အ​ခြား​တစ်​ယောက်​အား​အ​သိ ဉာဏ်​ဖြင့်​ခက်​ခဲ​သော​အ​ရာ​တို့​ကို​ထုတ်​ဖော် ပြော​ဆို​နိုင်​သော​စွမ်း​ရည်​ကို​ပေး​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ သို့ ဆို သော် တစ် ဦး ကား ဝိ ညာဉ် တော် အား ဖြင့် ဥာဏ် ပ ညာ စ ကား ကို လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ပ​ညာ​တ​ရား​ကို ပေး​တော်​မူ၏။ ထို​ဝိ​ညာဉ်​တော်​အား​ဖြင့် တစ်​ယောက်​သော​သူ​အား ထိုး​ထွင်း​ခြင်း​တ​ရား​ကို ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 12:8
30 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


သို့ဖြစ်၍ ညီအစ်ကို​မောင်နှမတို့… ဝိညာဉ်တော်​နှင့်​လည်းကောင်း၊ ဉာဏ်ပညာ​နှင့်​လည်းကောင်း ပြည့်စုံ​၍ ဂုဏ်သတင်း​ကောင်းမွန်သော လူ​ခုနစ်ယောက်​ကို သင်တို့​အထဲ​က ရွေးချယ်ကြလော့။ ဤ​ကိစ္စ​ကို စီမံခန့်ခွဲ​နိုင်ရန် ကျွန်ုပ်တို့​သည် ထို​သူတို့​အား ခန့်အပ်ထားကြမည်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ကောင်းခြင်း​နှင့် ပြည့်စုံ​၍ အသိပညာ​ကြွယ်​သဖြင့် အချင်းချင်း ပဲ့ပြင်​သွန်သင်​နိုင်စွမ်း​ရှိသည်​ကို ကျွန်ုပ် အပြည့်အဝ​ယုံကြည်၏။


သင်တို့​ကို ယေရှု​ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေတော်မူသော​အရှင်​မှာ ဘုရားသခင်​ဖြစ်၏။ ခရစ်တော်​သည် ကျွန်ုပ်တို့​၏ အကျိုး​အတွက် ဘုရားသခင်​ထံမှ လာသော ဉာဏ်ပညာ​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကို ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်​စေတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သန့်ရှင်းစေ​၍ အပြစ်​မှ ရွေးနုတ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခရစ်တော်​အားဖြင့် အပြောအဆို​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ အဘက်ဘက်​၌ ကြွယ်ဝ​ပြည့်စုံလာကြ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်​သည် ပရောဖက်ပြု​ဟောပြော​နိုင်စွမ်း​ရှိသည်​ဖြစ်စေ၊ လျှို့ဝှက်​နက်နဲသော​အရာ​ရှိသမျှ​နှင့် အသိပညာ​ရှိသမျှ​ကို နားလည်သည်​ဖြစ်စေ၊ တောင်များ​ကို ရွှေ့နိုင်သော​ယုံကြည်ခြင်း​ရှိသည်​ဖြစ်စေ မေတ္တာ​မရှိ​လျှင် အချည်းနှီး​ဖြစ်၏။


မေတ္တာ​သည် ခန်းခြောက်သွားခြင်း​မရှိ။ ပရောဖက်ပြု​ဟောပြောခြင်း​မှာမူ ပပျောက်သွား​လိမ့်မည်။ အခြား​ဘာသာစကား​ကို ပြောခြင်း​သည်လည်း ရပ်တန့်သွား​လိမ့်မည်။ အသိပညာ​သည်လည်း ကွယ်ပျောက်သွား​လိမ့်မည်။


သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။


တစ်စုံတစ်ဦး​၏ အတွေးအမြင်​ကို ထို​သူ​၏ စိတ်ဝိညာဉ်​မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ထို​ကဲ့သို့​ပင် ဘုရားသခင်​၏ အတွေးအမြင်​ကို ဘုရားသခင်​၏ ဝိညာဉ်တော်​မှလွဲ၍ မည်သူမျှ မသိနိုင်ပေ။


အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မည်သူ​သည် ထာဝရဘုရား​၏ စိတ်တော်​ကို သိ​နိုင်​၍ ကိုယ်တော်​ကို သွန်သင်​နိုင်ပါမည်နည်း” ဟု ဖော်ပြထား​သောကြောင့်​ဖြစ်၏။ ကျွန်ုပ်တို့​မှာမူ ခရစ်တော်​၏ စိတ်​ကို ရရှိထားကြ၏။


ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


ကျွန်ုပ်​သည် အဟောအပြော​ပိုင်း​၌ မကျွမ်းကျင်​သော်လည်း ခရစ်တော်​အကြောင်း​နှင့်ဆိုင်သော​အသိပညာ​ပိုင်း​၌ မချို့တဲ့။ ဤ​အချက်​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​သည် နည်းအမျိုးမျိုး​ဖြင့် သင်တို့​အား ရှင်းလင်း​စွာ ပြောပြထားပြီ​ဖြစ်၏။


သို့သော် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို သုံ့ပန်းများ​အဖြစ် သတ်မှတ်​ပြီး ခရစ်တော်​၏​အောင်ပွဲခံ​အခမ်းအနား လှည့်လည်ရာ​တွင် လိုက်ပါစေတော်မူ၏။ ခရစ်တော်​ကို သိကျွမ်းခြင်း​၏ မွှေးရနံ့​ကိုလည်း ကျွန်ုပ်တို့​အားဖြင့် အရပ်ရပ်တို့​၌ ပျံ့နှံ့စေတော်မူ၏။


“အမှောင်​ထဲမှ အလင်း​ထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ မျက်နှာတော်​၌ ထွန်းလင်းသည့် မိမိ​ဘုန်းတော်​ကို သိနိုင်သော​ဉာဏ်​အလင်း​ကို ကျွန်ုပ်တို့​၏​နှလုံးသား​ထဲ၌ ထွန်းလင်း​စေတော်မူ၏။


ဖြူစင်ခြင်း၊ အသိပညာ​ရှိခြင်း၊ စိတ်ရှည်ခြင်း​နှင့် ကျေးဇူးပြုခြင်းတို့​ဖြင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​ကို နာခံခြင်း၊ စစ်မှန်သော​ချစ်ခြင်းမေတ္တာ​ရှိခြင်း၊


သင်တို့​သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ အသိပညာ​ရှိခြင်း၊ စိတ်အားထက်သန်မှု​အပြည့်​ရှိခြင်း နှင့် သင်တို့​အထဲ​၌ ကျွန်ုပ်တို့​လှုံ့ဆော်ပေးခဲ့သော ချစ်ခြင်း စသည့် အချက်တို့​၌ ကြွယ်ဝကြ​သကဲ့သို့ ဤ​လှူဒါန်းခြင်း​၌လည်း ကြွယ်ဝကြပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ