Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 1:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22-23 သင် တို့ သည် သင်္ဂ ဟ ဝတ် ကို အ ယောင် မ ဆောင် မေ တ္တာ ရှိ ကြ စေ ရန် သ မ္မာ တ ရား အ တိုင်း လိုက် နာ ခြင်း အား ဖြင့် စိတ် သန့် ရှင်း စေ ပြီး ဖြစ် သော ကြောင့် ပျက် စီး တတ် သော မျိုး အား ဖြင့် မ ဟုတ် ရှင် လျက် တည် မြဲ သော ဘု ရား သ ခင့် တ ရား တော် မ ပျက် စီး တတ် သော မျိုး တော် အား ဖြင့် အ သစ် ဖွား ကြ သည့် အ လျောက် တစ် ဦး ကို တစ် ဦး စိတ် ပါ ကိုယ် ရောက် ချစ် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 1:22
51 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​အချင်းချင်း ချစ်ကြလော့​ဟူသော ဤ​ပညတ်​ကို သင်တို့​အား ငါ​ပေး၏။


ငါ​ဟောပြောသော​တရား​အားဖြင့် ယခု သင်တို့​သည် စင်ကြယ်​လျက်​ရှိကြ၏။


ကိုယ်တော်​၏ သမ္မာတရား​အားဖြင့် သူတို့​ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်ပါ၏။


သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။


ယုံကြည်ခြင်း​အားဖြင့် လူမျိုးခြားတို့​၏​စိတ်နှလုံး​ကို သန့်စင်ပေး​ကာ ထို​သူတို့​နှင့် ကျွန်ုပ်တို့​အကြား ခွဲခြားတော်မူခြင်း​မရှိ။


ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​သည် ဆက်လက်​ပြန့်ပွား​သဖြင့် တပည့်တော်တို့​၏​အရေအတွက်​သည် ဂျေရုဆလင်မြို့​၌ အလွန်​တိုးပွား​၍ ယဇ်ပုရောဟိတ်​အများအပြား​သည်လည်း ယုံကြည်သက်ဝင်ကြ၏။


ကျွန်ုပ်တို့​သည် ထို​သားတော်​အားဖြင့် တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ကို ရရှိကြ၏။ ဤသည်​မှာ ထို​သခင်​၏ နာမတော်​အတွက် ယုံကြည်ခြင်း​ကြောင့် ဖြစ်လာသော နာခံခြင်း​အကြောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထဲတွင် ဟောပြော​ရန် ဖြစ်၏။


သို့သော် မိမိတို့​ကိုယ်ကျိုး​အတွက်​သာ အသက်ရှင်​၍ သမ္မာတရား​ကို မလိုက်နာဘဲ ဆိုးယုတ်​စွာ အသက်ရှင်သော​သူတို့​အပေါ် ဘုရားသခင်​သည် မိမိ​၏ ဒေါသ​နှင့်​အမျက်​ကို ကျရောက်စေတော်မူ​လိမ့်မည်။


သင်တို့​သည် လူ့​ဗီဇစိတ်​၏ အလို​အတိုင်း အသက်ရှင်​လျှင် သေကြရ​လိမ့်မည်။ သို့သော် လူ့​ဗီဇစိတ်​၏ အကျင့်တို့​ကို ဝိညာဉ်တော်​အားဖြင့် အဆုံးသတ်​လျှင်​မူ အသက်ရှင်ကြ​လိမ့်မည်။


ဖြူစင်ခြင်း၊ အသိပညာ​ရှိခြင်း၊ စိတ်ရှည်ခြင်း​နှင့် ကျေးဇူးပြုခြင်းတို့​ဖြင့်​လည်းကောင်း၊ သန့်ရှင်းသော​ဝိညာဉ်တော်​ကို နာခံခြင်း၊ စစ်မှန်သော​ချစ်ခြင်းမေတ္တာ​ရှိခြင်း၊


အို မိုက်မဲသော ဂလာတိပြည်သားတို့… လက်ဝါးကပ်တိုင်​၌ ယေရှု​ခရစ်တော်​အသေခံတော်မူခဲ့ရပုံ​ကို သင်တို့​၏ မျက်စိ​ဖြင့် မြင်ခဲ့ရ​သကဲ့သို့​ပင် ကျွန်ုပ်​ရှင်းလင်း​စွာ ဖော်ပြခဲ့ပါ​လျက် မည်သူ​သည် သင်တို့​ကို ပြုစားလိုက်သနည်း။


ကျွန်ုပ်တို့​မှာမူ ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ကတိပြုတော်မူသော ဖြောင့်မတ်ခြင်း​ကို လက်ခံရရှိမည်​ဟု မျှော်လင့်​၍ ဝိညာဉ်တော်​ကို အမှီပြု​လျက် စောင့်မျှော်​နေကြ၏။


ယခင်​က သင်တို့​သည် သမ္မာတရား​လမ်း​အတိုင်း ကောင်းမွန်​စွာ ပြေးခဲ့ကြ၏။ ယခု​တွင်မူ သမ္မာတရား​ကို မလိုက်နာ​စေရန် သင်တို့​ကို မည်သူ​တားဆီးသနည်း။


ငြိမ်းချမ်းခြင်း​နှောင်ကြိုး​ဖြင့် သန့်ရှင်းသော​ဝိညာဉ်တော်​က ပေးသော စည်းလုံးညီညွတ်ခြင်း​ကို ကြိုးစား​၍ ထိန်းသိမ်းကြလော့။


သင်တို့​၏ ချစ်ခြင်းမေတ္တာ​သည် အသိပညာ၊ ထိုးထွင်းဉာဏ်​တို့​နှင့်တကွ တိုးသည်​ထက် တိုးလာ​ရန် ကျွန်ုပ် အစဉ်​ဆုတောင်းပါ၏။


ကျွန်ုပ်တို့​၏ မေတ္တာ​သည် သင်တို့​အပေါ်​တွင် ပွားများ​သကဲ့သို့ သင်တို့​၏ မေတ္တာ​သည်လည်း သင်တို့​အချင်းချင်း​နှင့် လူတိုင်း​အပေါ်​တွင် ပို၍ ပွားများ​ရန် သခင်ဘုရား ပြုတော်မူပါစေသော။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့… ကျွန်ုပ်တို့​သည် သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင် သင့်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​နှင့် သမ္မာတရား​ကို ယုံကြည်ခြင်း​တို့​ဖြင့် ကယ်တင်ခံရ​ရန် ဘုရားသခင် ဦးစွာ ရွေးချယ်ထားသည့် လူစု​တွင် ပါဝင်​သောကြောင့် ဖြစ်၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့်


ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။


သင်​၏​အသက်​ငယ်ရွယ်သည်​ကို မည်သူမျှ မထီမဲ့မြင်​မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်း​တို့​တွင် ယုံကြည်သူတို့​အတွက် စံနမူနာ​ဖြစ်စေလော့။


အသက်ကြီးသော​အမျိုးသမီးများ​ကို မိခင်​ကဲ့သို့​လည်းကောင်း၊ အသက်ငယ်သော​အမျိုးသမီးများ​ကို နှမ​ကဲ့သို့​လည်းကောင်း စင်ကြယ်​စွာ ပြုမူ​ဆက်ဆံလော့။


သင့်​ထံ၌ အပ်ထားသော​သတင်းကောင်း​တရား​ကို ကျွန်ုပ်တို့​ထဲ၌ ကိန်းဝပ်တော်မူသည့်​သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကာကွယ်​စောင့်ရှောက်လော့။


အမွေခံရမည့်​အရပ်​သို့ ထွက်သွား​ရန် ဘုရားသခင် ခေါ်တော်မူ​သောအခါ အာဗြဟံ​သည် မည်သည့်​အရပ်​သို့ ထွက်သွား​ရမည်​ကိုပင် မသိဘဲ ယုံကြည်ခြင်း​ဖြင့် နာခံ​၍ ထွက်ခွာခဲ့၏။


ညီအစ်ကို​မောင်နှမ​ကဲ့သို့ အချင်းချင်း ဆက်​၍ ချစ်ကြလော့။


ကိုယ်တော်​သည် ပြီးပြည့်စုံ​လာသည့်​အတွက် မိမိ​ကို နာခံ​သူအပေါင်းတို့​အား ထာဝရ​ကယ်တင်ခြင်း​ကို ပေးတော်မူသော​အရှင်​ဖြစ်လာ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်း​အပေါင်းတို့​ကို ဖယ်ရှား​၍ သင်တို့​နှလုံးသား​၌ ထည့်သွင်းထားသော တရားတော်​ကို နှိမ့်ချ​စွာ လက်ခံကြလော့။ ထို​တရားတော်​သည် သင်တို့​ကို ကယ်တင်​နိုင်၏။


ဘုရားသခင်​ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်​သည် သင်တို့​ထံသို့ ချဉ်းကပ်တော်မူ​လိမ့်မည်။ အပြစ်သားတို့… သင်တို့​လက်​ကို ဆေးကြောကြလော့။ စိတ်နှစ်ခွ​ရှိသောသူတို့… သင်တို့​၏​စိတ်နှလုံးသား​ကို သန့်ရှင်းစေကြလော့။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


လူတိုင်း​ကို​လေးစားကြလော့။ ယုံကြည်သူ​ညီအစ်ကို​မောင်နှမတို့​ကို ချစ်ကြလော့။ ဘုရားသခင်​ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်​ကို ရိုသေကြလော့။


ထိုနည်းတူ ဇနီးသည်​တို့… သင်တို့​၏​ခင်ပွန်းသည်​ကို နာခံကြလော့။ သို့ပြုလျှင် အချို့​ခင်ပွန်းသည်တို့​သည် နှုတ်ကပတ်​တရား​ကို မယုံကြည်​သော်လည်း သင်တို့​၏ ဘုရားတရား​ရိုသေကိုင်းရှိုင်း​၍ သန့်ရှင်း​စင်ကြယ်သော​ပြုမူနေထိုင်ပုံ​ကို မြင်​သဖြင့် စကား​တစ်ခွန်း​မျှပင် မလိုဘဲ ယုံကြည်လာ​လိမ့်မည်။


ထို​ဝိညာဉ်များ​မှာ နောဧ​သည် သင်္ဘော​ဆောက်​စဉ် ဘုရားသခင် စိတ်ရှည်​စွာ စောင့်ဆိုင်းတော်မူ​သော်လည်း နောင်တ​မရသည့် မယုံကြည်သော​သူများ​ဖြစ်ကြ၏။ ထို​အချိန်​တွင် သင်္ဘော​ထဲမှ အနည်းငယ်​ဖြစ်သော လူ​ရှစ်ဦး​သာ ရေ​လွှမ်းမိုးခြင်း​မှ ကယ်တင်ခံခဲ့ကြ၏။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​အိမ်တော်သားတို့​ကို ဦးစွာ တရားစီရင်မည့်​အချိန်​ရောက်လာ​သောကြောင့်​ဖြစ်၏။ ထိုသို့ ကျွန်ုပ်တို့​ကို ဦးစွာ တရားစီရင်​လျှင် ဘုရားသခင်​၏ သတင်းကောင်း​ကို မနာခံသော​သူတို့​၏ အဆုံးသတ်​သည် မည်သို့​ဖြစ်မည်နည်း။


အရေးကြီးဆုံး​အရာ​မှာ အချင်းချင်း​နှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ​သည် အပြစ်​များစွာ​ကို ဖုံးအုပ်တတ်​သောကြောင့်​ဖြစ်၏။


ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။


“ကျွန်ုပ်တို့​အချင်းချင်း ချစ်ကြရမည်” ဟူသော ဤ​တရားစကား​သည် အစဦး​ကပင် သင်တို့ ကြားခဲ့ရသော​အရာ ဖြစ်၏။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။


သို့သော် သင်​သည် အစဦး​၌ ချစ်​သကဲ့သို့ ယခု မချစ်တော့​သဖြင့် သင့်​အား အပြစ်​ပြောစရာ​ရှိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ