Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 သခင်ဘုရား​၏ အစေအပါး​သည် ခိုက်ရန်​မဖြစ်ဘဲ လူအပေါင်းတို့​အပေါ် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံ​တတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံ​နိုင်စွမ်း​ရှိသူ ဖြစ်ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 သ​ခင်​ဘု​ရား​၏​အ​စေ​ခံ​သည်​ခိုက်​ရန်​မ​ပြု​ဘဲ လူ​တိုင်း​ကို​သ​နား​တတ်​၍​သည်း​ခံ​တတ်​သော​ဋ္ဌမ္မ ဆ​ရာ​ကောင်း​ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 အ ရှင် ဘု ရား၏ ကျွန် သည် ခိုက် ရန် မ ပြု ဘဲ၊ လူ ခပ် သိမ်း တို့ ရှေ့ သိမ့် မွေ့ သူ၊ သင် ကြား သူ၊ စိတ် ရှည် သူ၊ ငြင်း ဆန် သူ တို့ ကို နူး ညံ့ စွာ ဆုံး မ သူ ဖြစ် ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သ​ခင်​ဘု​ရား၏ ကျွန်​သည် ရန်​မ​တွေ့​ရ။ ခပ်​သိမ်း​သော သူ​တို့​အား ဖြည်း​ညင်း​စွာ ပြု​သော​သူ၊ ဆုံး​မ ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု၌ လိ​မ္မာ​သော​သူ၊ သည်း​ခံ​နိုင်​သော​သူ ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 သခင်​ဘုရား​၏​အစေအပါး​သည် ခိုက်ရန်​မ​ဖြစ်​ရ။ သူ​သည် လူ​အပေါင်း​တို့​အပေါ် ဖြည်းညင်း​သော​သဘော​ရှိ​၍ သင်ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ၊ မတရား​သဖြင့်​ခံရ​ခြင်း​ကို သည်းခံ​တတ်​သော​သူ​ဖြစ်​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:24
31 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ငြင်းခုံခြင်း​နှင့် ဟစ်အော်ခြင်း​ကို မပြု။ သူ​၏ အသံ​ကို လမ်းများ​တွင် မည်သူ​မျှ ကြားရ​လိမ့်မည်​မဟုတ်။


ထိုအခါ ဂျူးလူမျိုးတို့​က “ဤ​သူ​သည် သူ့​အသား​ကို ငါတို့​စား​ရန် မည်သို့​ပေးနိုင်မည်နည်း” ဟု အချင်းချင်း ငြင်းခုံကြ၏။


ထို့ကြောင့် ပေါလု​နှင့် ဗာနဗ​သည် ထို​သူတို့​နှင့် အပြင်းအထန်​ဆွေးနွေး​ငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများ​သည် ဤ​ပြဿနာ​ကို ဖြေရှင်း​ရန် ပေါလု​နှင့် ဗာနဗ​တို့​အား သူတို့​အထဲမှ​လူ​အချို့​နှင့်တကွ ဂျေရုဆလင်မြို့​ရှိ တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​ထံ သွား​ရန် ဆုံးဖြတ်ကြ၏။


ဆူညံအော်ဟစ်သံများ​ကျယ်လောင်လာ​သဖြင့် ဖာရိရှဲ​အဖွဲ့ဝင် ကျမ်းတတ်ဆရာ​တချို့​က ထ​၍ “ဤ​လူ​နှင့်​ပတ်သက်​၍ မှားယွင်းသော​အရာ တစ်စုံတစ်ခု​မှ​မတွေ့ပါ။ ဝိညာဉ်​တစ်ပါး၊ သို့မဟုတ် ကောင်းကင်တမန်​တစ်ပါး​က သူ့​ကို​စကားပြောခြင်း​လည်း ဖြစ်ကောင်း​ဖြစ်နိုင်သည်” ဟု ပြင်းထန်​စွာ ငြင်းခုံပြောဆိုကြ၏။


နောက်​တစ်နေ့​တွင် အစ္စရေးလူမျိုး​နှစ်ဦး ရန်ဖြစ်နေချိန် မောရှေ​သည်​သွား​၍ ‘သင်တို့​သည် ညီအစ်ကိုချင်း​ဖြစ်​လျက် အဘယ်ကြောင့် အချင်းချင်း ရန်ဖြစ်ကြသနည်း’ ဟု ဆို​ကာ သူတို့​အား ဖျန်ဖြေ​ရန် ကြိုးပမ်းလေ၏။


သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။


တိုက်ပွဲ​တွင် ကျွန်ုပ်တို့ အသုံးပြုသည့်​လက်နက်များ​သည် လောကီသားများ​အသုံးပြုသည့် လက်နက်များ​မဟုတ်။ ခံတပ်များ​ကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်​၏ တန်ခိုးတော်​ပါသော လက်နက်များ​ဖြစ်၏။


ထိုသို့​ဖြစ်စေမည့်​အစား ကျွန်ုပ်တို့​သည် ဆင်းရဲ​ဒုက္ခများ၊ အကျပ်အတည်းများ၊ အခက်အခဲများ​ကို အလွန်​သည်းခံ​လျက် ဘုရားသခင်​၏ အစေခံများ​ဖြစ်ကြောင်း​ကိုသာ ပေါ်လွင်စေကြ၏။


သို့သော် ဝိညာဉ်တော်​က ဖြစ်စေသော အသီးအပွင့်​မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ​စောင့်သိခြင်း၊


အရာရာ​၌ နှိမ့်ချ​လျက် သိမ်မွေ့​စွာ နေကြလော့။ စိတ်ရှည်​လျက် မေတ္တာ​ဖြင့် တစ်ယောက်​ကို​တစ်ယောက် သည်းခံကြလော့။


ပြုလေ​သမျှ​တို့​တွင် မငြင်းခုံ၊ မညည်းညူဘဲ ပြုကြလော့။


တစ်ကိုယ်ကောင်းဆန်သော​စိတ်၊ ကိုယ့်ကိုယ်ကိုယ်​အထင်ကြီးသော​စိတ်​ဖြင့် မည်သည့်​အမှု​ကို​မျှ မပြုကြနှင့်။ တစ်ပါးသူတို့​သည် မိမိ​ထက် သာလွန်သည်​ဟု နှိမ့်ချသော​စိတ်​ဖြင့် မှတ်ယူကြလော့။


တစ်ဦး​နှင့်​တစ်ဦး အပြစ်တင်​စရာ​ရှိလျှင် အချင်းချင်း သည်းခံ​၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရား​သည် သင်တို့​ကို ခွင့်လွှတ်​သကဲ့သို့ သင်တို့​သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။


နို့တိုက်​မိခင်​သည် မိမိ​သားသမီးများ​ကို ပြုစု​စောင့်ရှောက်​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း သင်တို့​ကို ကြင်နာယုယ​စွာ ပြုစုခဲ့ကြ၏။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။


သင်းအုပ်​သည် ဘုရားသခင်​၏ အမှုတော်​တွင် စီမံခန့်ခွဲသူ​ဖြစ်၏။ ထို့ကြောင့် သူ​သည် အပြစ်ကင်းသူ​ဖြစ်ရမည်။ သူ​သည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စား​မူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်း​ဖြင့် ငွေရှာသူ မဖြစ်ရ။


သူ​သည် မိမိ​လက်ခံထားသည့် စစ်မှန်သော​တရားတော်​ကို မြဲမြံ​စွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူ​သည် အခြား​သူများ​ကို မှန်ကန်သော​သွန်သင်မှု​ဖြင့် အားပေး​နိုင်ပြီး ဆန့်ကျင်သူတို့​၏ အမှားများ​ကိုလည်း ချေပနိုင်မည်​ဖြစ်၏။


သူတို့​သည် မည်သူ့​ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်း​အပေါ် ထောက်ထား​ညှာတာသော စိတ်​နှင့် နူးညံ့သိမ်မွေ့​စွာ ဆက်ဆံရမည်။


ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​၏​ကျွန် ကျွန်ုပ်​ယာကုပ် စာရေးလိုက်၏။ ဤ​စာ​သည် အနယ်နယ်​အရပ်ရပ်တို့​တွင် ကွဲလွင့်​ပျံ့နှံ့​နေသည့်​ဂျူးလူမျိုး​ဆယ့်နှစ်မျိုး​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


သင်တို့​သည် မိမိတို့​လိုချင်​တပ်မက်သော​အရာ​ကို မရ​သဖြင့် လူ​သတ်ကြ၏။ တစ်စုံတစ်ခု​ကို အလွန်​လိုချင်သော​စိတ် ရှိ​သော်လည်း မရနိုင်​သောအခါ ခိုက်ရန်​ဖြစ်​၍ တိုက်ခိုက်ကြ၏။ သင်တို့​မရကြသည့် အကြောင်း​မှာ ဘုရားသခင်​ထံ မတောင်းလျှောက်​သောကြောင့်​ဖြစ်၏။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ