Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 12:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ဆုံးမခြင်း​သည် ခံရ​စဉ်တွင် ဝမ်းမြောက်စရာ​ဟု မထင်မှတ်ဘဲ နာကျင်စရာ​ဟု ထင်မှတ်ရ၏။ သို့သော်လည်း ထို​ဆုံးမခြင်း​အားဖြင့် လေ့ကျင့်ပေးခြင်း​ခံရသူများ​သည် နောက်​မှ ဖြောင့်မတ်ခြင်း​နှင့်​ဆိုင်သည့် ငြိမ်းချမ်းခြင်း​အကျိုးကျေးဇူး​ကို ခံစားရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ဒဏ်​ပေး​ခြင်း​ခံ​ရ​သည်​မှာ​ပျော်​ရွှင်​စ​ရာ မ​ဟုတ်။ ဝမ်း​နည်း​စ​ရာ​ဟူ​၍​ထင်​မှတ်​ရ သော်​လည်း​ယင်း​သို့​ဆုံး​မ​ခြင်း​ခံ​ရ​သူ​တို့ သည်​ကား​နောင်​အ​ခါ​၌​ဖြောင့်​မတ်​ခြင်း​တည်း ဟူ​သော​ငြိမ်​သက်​ခြင်း​အ​ကျိုး​ကို​ရ​ရှိ​ကြ လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ပဲ့ ပြင် ခြင်း ဟူ သ မျှ ကို ခံ ရ စဉ် ဝမ်း မြောက် ဖွယ် မ ဟုတ်။ ဝမ်း နည်း ဖွယ် ဟု ထင် မှတ် ကြ သော် လည်း ပဲ့ ပြင် ခြင်း ဖြင့် လေ့ ကျက် ပြီး မှ ဖြောင့် မတ် ခြင်း တည်း ဟူ သော ငြိမ် သက် ရာ အ ကျိုး ဖြစ် ထွန်း တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ဆုံး​မ​ခြင်း​မည်​သည်​ကား၊ ခံ​ရ​စဉ်​အ​ခါ ဝမ်း​မြောက်​စ​ရာ​မ​ထင်၊ ဝမ်း​နည်း​စ​ရာ ထင်​တတ်၏။ သို့​သော်​လည်း၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​သူ​တို့​သည်၊ နောက်​မှ ငြိမ်​သက်​ခြင်း​နှင့် စပ်​ဆိုင်​သော ဖြောင့်​မတ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ဆုံးမ​ပဲ့ပြင်​ခြင်း​ဟူသမျှ​သည် ခံရ​စဉ်​တွင် ဝမ်းမြောက်​စရာ​မ​ဟုတ်​ဘဲ ဝမ်းနည်း​စရာ​ဖြစ်​သည်​ဟု ထင်​ရ​တတ်​၏။ သို့သော် ထို​ဆုံးမပဲ့ပြင်​ခြင်း​အားဖြင့် လေ့ကျင့်​ပေး​ခြင်း​ခံရ​သော​သူ​တို့​သည် နောက်မှ ဖြောင့်မတ်​ခြင်း​နှင့်ဆိုင်သည့် ငြိမ်းချမ်း​သော​အကျိုးကျေးဇူး​ကို ပြန်လည်​ခံစား​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 12:11
20 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​တွင် စားသောက်ခြင်း​သည် အရေးမကြီးပေ။ သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့​သာ အရေးကြီး၏။


ကျွန်ုပ်တို့ ခဏတာ​ခံရသည့် ပေါ့ပါးသော​ဆင်းရဲဒုက္ခ​သည် ကျွန်ုပ်တို့​အတွက် အလွန်​ထူးမြတ်သော ထာဝရ​ဘုန်းအသရေ​ကို ဖြစ်ပွားစေ၏။


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


ကျွန်ုပ်တို့​၏​ဖခင်များ​သည် ကောင်းသည်​ဟု ထင်မြင်ကြသည့်​အတိုင်း ကျွန်ုပ်တို့​အား ခေတ္တ​မျှ​ဆုံးမတတ်ကြ၏။ သို့သော် ဘုရားသခင်​ကမူ ကျွန်ုပ်တို့​အား မိမိ​ကဲ့သို့ သန့်ရှင်း​စေရန် ကျွန်ုပ်တို့​၏​ကောင်းကျိုး​အတွက် ဆုံးမတော်မူ၏။


မာသော​အစားအစာ​မှာ အရွယ်ရောက်သော​သူများ​အတွက်​ဖြစ်ပြီး ထို​သူတို့​သည် အကောင်း​နှင့်​အဆိုး​ကို ဝေဖန်​ပိုင်းခြား​နိုင်ရန် လေ့ကျင့်ထားသည့်​သူများ​ဖြစ်၏။


ယခု​တွင်မူ သင်တို့​သည် ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကြောင့် ခေတ္တ​ခဏ​မျှ ဝမ်းနည်းကြ​ရ​သော်လည်း အထက်ပါ​အကြောင်းအရာ​ကြောင့် ဝမ်းမြောက်ကြ၏။


သူတို့​၌ ဖောက်ပြန်​လိုစိတ်​နှင့် ပြည့်နှက်နေသော​မျက်စိ​ရှိ​၍ အပြစ်​မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း​၌ တည်ငြိမ်​ရင့်ကျက်မှု​မရှိသေးသော​သူတို့​ကို ဆွဲဆောင်​တတ်ကြ၏။ သူတို့​သည် လောဘ​လွန်ကြူး​ရာတွင် ကျင်လည်​၍ ဘုရားသခင်​၏​ကျိန်စာသင့်သူများ ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ