Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သားသမီးတို့… ကျွန်ုပ်တို့​သည် အပြော​နှင့်သာ မချစ်ဘဲ လက်တွေ့၊ အမှန်​ချစ်ကြပါစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သူ ငယ် တို့၊ နှုတ် လျှာ အား ဖြင့် သာ မ ဟုတ်။ ကာ ယ ကံ မြောက် မု ချ ချစ် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ချစ်​သား​တို့၊ ငါ​တို့​သည် စ​ကား​ပြော​ကာ​မျှ​အား​ဖြင့်​သာ မ​ချစ်​ဘဲ၊ စိတ်​ပါ​ကိုယ်​ရောက် ဧ​ကန်​အ​မှန် ချစ်​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သားသမီး​တို့၊ ငါ​တို့​သည် စကား​နှင့် နှုတ်​အားဖြင့်​သာ​မ​ဟုတ်​ဘဲ လုပ်ဆောင်​မှု​နှင့် သမ္မာတရား​တို့​အားဖြင့် ချစ်​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:18
18 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ဂျူးလူမျိုးများ​ကို ချစ်ခင်​၍ ကျွန်ုပ်တို့​အတွက် ဝတ်ပြုဆောင်​ကို ဆောက်လုပ်ပေးသူ​လည်း ဖြစ်ပါသည်” ဟူ၍ ဆိုလျက် ထို​အစေခံ​အား ကျန်းမာစေတော်မူ​ရန် အနူးအညွတ်​မေတ္တာရပ်ခံကြ၏။


သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။


သူတစ်ပါး​ကို ချစ်ခင်​ဟန် မဆောင်နှင့်။ စစ်မှန်​စွာ ချစ်လော့။ မကောင်းမှု​ကို မုန်းတီး​၍ ကောင်းမှု​ကို စွဲလမ်းကြလော့။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


ကျွန်ုပ်တို့​သည် သမ္မာတရား​ကို မေတ္တာ​ဖြင့် အစဉ် နာခံ​ဟောပြော​လျက် အသင်းတော်​၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်​နှင့် ပိုမို တူညီလာ​၍ အစစအရာရာ​တွင် ကြီးထွားကြမည် ဖြစ်၏။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


ကျွန်ုပ်​၏​သား​သမီးတို့… သင်တို့ အပြစ်​မကျူးလွန်​စေရန် ဤ​အကြောင်းအရာများ​ကို ကျွန်ုပ်​ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်​အပြစ်ကျူးလွန်​လျှင် ခမည်းတော်​ထံတွင် ကျွန်ုပ်တို့​အတွက် ကူညီမစမည့်သူ​ဖြစ်သည့် ဖြောင့်မတ်သော​အရှင် ယေရှု​ခရစ်တော်​ရှိ၏။


သားသမီးတို့… မည်သူ​မျှ သင်တို့​ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်​စွာ ပြုမူသောသူ​သည် ကိုယ်တော်​ဖြောင့်မတ်တော်မူ​သကဲ့သို့ ဖြောင့်မတ်၏။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ရွေးကောက်တော်မူခြင်း​ခံရသော​အမျိုးသမီး​နှင့် သူ​၏ သားသမီးများ​ထံသို့ စာရေးလိုက်ပါ၏။ သင်တို့​ကို ကျွန်ုပ်​တစ်ဦးတည်း​သာမက သမ္မာတရား​ကို သိသောသူ​အပေါင်းတို့​ကလည်း ချစ်ခင်ကြ၏။


အသက်ကြီးသူ​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် ကျွန်ုပ်​အမှန်တကယ်​ချစ်ခင်ရသည့် ဂါယု​ထံသို့ စာရေးလိုက်ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ