ယာကုပ် 3:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 အဘယ်ကြောင့်ဆိုသော် မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်တို့ ရှိသည့်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးယုတ်သောအပြုအမူအမျိုးမျိုး ရှိတတ်သောကြောင့် ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible16 အဘယ်ကြောင့်ဆိုသော်မနာလိုစိတ်၊ တစ်ကိုယ် ကောင်းစိတ်တို့သည်မငြိမ်မဝပ်ရုန်းရင်းဆန် ခတ်မှု၊ ဆိုးညစ်ယုတ်မာမှုအမျိုးမျိုးတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible16 ပြိုင် ဆိုင် ခြင်း၊ ဖီ ဆန် ခြင်း များ ရှိ သူ တို့၌ ဘက် ပြိုင် မှု၊ ယုတ် ညံ့ မှု အ မျိုး မျိုး ရှိ တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible16 အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုမူခြင်း အမျိုးမျိုးရှိတတ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အကြောင်းမူကား မနာလိုခြင်းနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းရှိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးညစ်သောအမှုအမျိုးမျိုးတို့ရှိတတ်၏။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူ့ဗီဇစိတ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေကြသေးသောကြောင့်ဖြစ်၏။ သင်တို့သည် အချင်းချင်း မနာလိုလျက်၊ ရန်ဖြစ်လျက် ရှိနေကြသည်မှာ သင်တို့၏ လူ့ဗီဇစိတ်က သင်တို့ကို ထိန်းချုပ်ထားကြောင်း သက်သေပြနေခြင်းပင် မဟုတ်လော။ သင်တို့သည် လောကီသားကဲ့သို့ပင် ပြုမူနေထိုင်ကြသည်မဟုတ်လော။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။