လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
မဿဲ 5:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ တစ်စုံတစ်ဦးအပေါ် အမျက်ဒေါသထွက်သူသည် အပြစ်စီရင်ခံရမည်။ တစ်စုံတစ်ဦးကို အသုံးမကျသောသူဟု ပြောဆိုလျှင် တရားလွှတ်တော်၌ အပြစ်ပေးခံရမည်။ တစ်စုံတစ်ဦးကို အရူးဟု ခေါ်ဆိုလျှင် သူသည် ငရဲသို့ချခံရမည်။ Common Language Bible သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။- Garrad Bible ငါ ဆို သည် ကား ညီ အစ် ကို ချင်း ကို အ မျက် ထွက် သော သူ တိုင်း တ ရား စီ ရင် ခံ ရ မည်။ ညီ အစ် ကို ချင်း ကို လူ မိုက် ဟု ကဲ့ ရဲ့ သူ မည် သူ မ ဆို လွှတ် တော် စီ ရင် ချက် ကို ခံ ရ မည်။ လူ ယုတ် ဟု ဆဲ ရေး လျှင် င ရဲ မီး တိုင် အောင် ခံ ရ မည်။ Judson Bible ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ ခြင်းကို ခံထိုက်ပေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။ မြန်မာ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ ခြင်းကို ခံထိုက်ပေ၏။- |
လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်မျိုးလုံးကို ငရဲတွင် ဖျက်ဆီးနိုင်သောဘုရားသခင်ကိုသာ ကြောက်ကြလော့။
သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းကို ကြားသောအခါ “သူသည် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်ခြင်းမှာ နတ်ဆိုးမင်းဗေလဇေဗုလ၏တန်ခိုးကို ရရှိထားသောကြောင့်ဖြစ်သည်” ဟု ဆိုကြ၏။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ပေတရုသည် ယေရှုထံသို့ ချဉ်းကပ်၍ “သခင်… အကျွန်ုပ်ကို အပြစ်ကျူးလွန်သောညီအစ်ကိုအား အကြိမ်မည်မျှ ခွင့်လွှတ်ရမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော” ဟု မေးလျှောက်လေ၏။
ထိုနည်းတူ သင်တို့တစ်ဦးချင်းသည် မိမိညီအစ်ကိုမောင်နှမကို စိတ်ရင်းအမှန်ဖြင့် ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှင် ငါ၏ခမည်းတော်သည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူမည်မဟုတ်” ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် လူတစ်ဦး ဂျူးဘာသာဝင်ဖြစ်လာစေရန် တောတောင်ရေမြေကို ဖြတ်၍ လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆပို၍ ငရဲသို့လားထိုက်သူ ဖြစ်စေကြသောကြောင့်ဖြစ်၏။
မြွေဆိုးနှင့် မြွေပွေးအမျိုးတို့… သင်တို့သည် ငရဲသို့သွားရမည့် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ယေရှုနှင့် ပတ်သက်သောအကြောင်းအရာကို လိမ်လည်ထွက်ဆိုမည့် သက်သေကို ရှာဖွေကြ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သို့သော် သင်တို့ကို ငါပြောဆိုသည်မှာ လုံးဝ မကျိန်ဆိုရ။ ကောင်းကင်ဘုံသည် ဘုရားသခင်၏ရာဇပလ္လင်တော် ဖြစ်သောကြောင့် ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ဆိုရ။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ရန်သူကို ချစ်၍ သင်တို့ကို ညှဉ်းပန်းနှိပ်စက်သောသူများအတွက် ဆုတောင်းမေတ္တာပို့လော့။
ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ရပ်လုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် သက်သေကို ရှာဖွေကြသော်လည်း မတွေ့ကြ။
နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် တရားလွှတ်တော်မှ အဖွဲ့ဝင်များအားလုံးနှင့်အတူ တွေ့ဆုံ၍ ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စအတွက် တိုင်ပင်ဆွေးနွေးကြ၏။ ထို့နောက် ယေရှုကို ချည်နှောင်၍ ရောမဘုရင်ခံပိလတ်မင်းထံသို့ ခေါ်ဆောင်သွားကြ၏။
သို့သော်လည်း သင်တို့ကြောက်ရမည့်သူကို ငါပြောမည်။ ကိုယ်ခန္ဓာကို သတ်၍ ငရဲသို့ပစ်ချနိုင်သော ဘုရားသခင်ကိုသာ ကြောက်ကြလော့။ မှန်ပါ၏။ သင်တို့ကြောက်ရွံ့ရမည်သူမှာ ထိုအရှင်ဖြစ်၏။
မိုးလင်းချိန်တွင် လူထုအကြီးအကဲများဖြစ်သော ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများသည် စုဝေးကြ၍ ယေရှုကို သူတို့၏တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
ထို့ကြောင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ဖာရိရှဲများသည် တရားလွှတ်တော်အစည်းအဝေးခေါ်၍ “ငါတို့မည်သို့ပြုကြမည်နည်း။ ဤသူသည် နိမိတ်လက္ခဏာများစွာကို ပြလျက်နေ၏။
ဤအရာသည် ကျမ်းစာတွင် ‘သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းကြ၏’ ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်လာရန်ဖြစ်၏။
လူထုက “သင်သည် နတ်ဆိုးပူးနေသောသူဖြစ်၏။ မည်သူသည် သင့်ကို သတ်ရန် ရှာကြံပါသနည်း” ဟု ဆိုကြ၏။
ဂျူးလူမျိုးတို့က “သင်သည် ရှမာရိလူမျိုးဖြစ်ပြီး နတ်ဆိုးပူးသောသူလည်းဖြစ်သည်ဟူ၍ ငါတို့ပြောဆိုကြသည်မှာ မှန်သည်မဟုတ်လော” ဟု ဆိုကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
တပ်မှူးကြီးက ပေါလုသည် အဘယ်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရသည်ကို အတိအကျသိလို၏။ ထို့ကြောင့် နောက်တစ်နေ့တွင် ပေါလုကို အချည်အနှောင်မှ ဖြေပေး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် တရားလွှတ်တော်အဖွဲ့ဝင်တို့ကို စည်းဝေးရန် အမိန့်ထုတ်၏။ ထို့နောက် ပေါလုကို ခေါ်ဆောင်လာ၍ ထိုသူတို့ရှေ့၌ ထားလေ၏။
ပေါလုသည် တရားလွှတ်တော်အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားသခင်ရှေ့တော်၌ လိပ်ပြာသန့်စွာ အသက်ရှင်သည်” ဟု ဆို၏။
သို့မဟုတ် အကျွန်ုပ်သည် ယခုတရားလွှတ်တော်ရှေ့၌ရပ်နေစဉ် အကျွန်ုပ်၌ မည်သည့်ပြစ်မှုတွေ့ရှိသည်ကို ဤနေရာ၌ ရှိသောသူများကိုယ်တိုင် ဖော်ထုတ်လော့။
ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်အစည်းအဝေးမှ ထွက်သွားရန် အမိန့်ပေး၍ ထိုအမှုကို အချင်းချင်း ဆွေးနွေးတိုင်ပင်ကြ၏။
မိုးလင်းသောအခါ ကောင်းကင်တမန်မှာထားသည့်အတိုင်း သူတို့သည် ဗိမာန်တော်သို့ ဝင်၍ ဆုံးမသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အဖွဲ့ဝင်များသည် အစည်းအဝေးပြုလုပ်ရန် တရားလွှတ်တော်အဖွဲ့ဝင်များနှင့် အစ္စရေးလူမျိုးအကြီးအကဲတို့ကို စုရုံးစေ၏။ ထို့နောက် တမန်တော်တို့ကို ခေါ်ထုတ်လာရန် အစောင့်တပ်သားတို့ကို ထောင်ထဲသို့ စေလွှတ်ကြ၏။
သူတို့သည် လူများကိုလည်းကောင်း၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများကိုလည်းကောင်း သွေးထိုးကြပြီးနောက် သတေဖန်အား ဖမ်းဆီး၍ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။
ထိုသို့ တရားလွှတ်တော်၌ ထိုင်သောသူရှိသမျှတို့သည် သတေဖန်ကို စိုက်ကြည့်လေသော် သူ၏မျက်နှာသည် ကောင်းကင်တမန်မျက်နှာကဲ့သို့ဖြစ်သည်ကို မြင်တွေ့ကြ၏။
ထိုမောရှေမှာ ‘ဘုရားသခင် ထာဝရဘုရားသည် သင်တို့၏အမျိုးထဲမှ ငါကဲ့သို့သော ပရောဖက်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု အစ္စရေးလူမျိုးတို့အား ပြောခဲ့သူဖြစ်၏။
တစ်ဦးကို တစ်ဦး ညီအစ်ကိုမောင်နှမမေတ္တာဖြင့် ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ဦးစားပေး၍ ချီးမြှောက်ကြလော့။
သူခိုးများ၊ လောဘကြီးသူများ၊ သောက်စားမူးရူးသူများ၊ ဆဲရေးတိုင်းထွာသူများ၊ လှည့်စားလိမ်ယူသူများသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံရကြမည်မဟုတ်ပေ။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။
လျှာသည် မီးဖြစ်၏။ ဒုစရိုက်လောကလည်း ဖြစ်၏။ ၎င်းသည် ကျွန်ုပ်တို့၏ အင်္ဂါအစိတ်အပိုင်းများအနက် တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစေတတ်၏။ လူ့ဘဝတစ်ခုလုံးကိုလည်း လောင်ကျွမ်းစေနိုင်၏။ လျှာသည် မီးကို ငရဲမှ ထွန်းညှိ၏။
ပုတ်ခတ်ပြောဆိုခံရသောအခါ ပြန်၍မတုံ့ပြန်။ ဆင်းရဲဒုက္ခကိုခံရသောအခါ လက်စားချေမည်ဟု ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ စီရင်တော်မူသော ဘုရားသခင်ထံ မိမိအမှုကို အပ်နှံတော်မူ၏။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
“ငါသည် အလင်းထဲတွင် ရှိသည်” ဟု ဆိုလျက်နှင့် မိမိညီအစ်ကိုမောင်နှမကို မုန်းတီးသောသူသည် အမှောင်ထဲတွင် ရှိနေသေး၏။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။
သို့ရာတွင် ကောင်းကင်တမန်မင်းမိက္ခေလပင်လျှင် မောရှေ၏ကိုယ်ခန္ဓာနှင့်ပတ်သက်၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ပြစ်တင်စော်ကားစကားမဆိုဝံ့ဘဲ “ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေ” ဟူ၍သာ ဆိုခဲ့၏။
ထို့နောက် သေခြင်းနှင့် မရဏနိုင်ငံသည် မီးအိုင်ထဲသို့ ပစ်ချခံခဲ့ရ၏။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏။