Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယု​ဒ 1:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 သို့ရာတွင် ကောင်းကင်တမန်မင်း​မိက္ခေလ​ပင်လျှင် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်​၍ မာရ်နတ်​နှင့် ငြင်းခုံ​သောအခါ ပြစ်တင်​စော်ကားစကား​မဆိုဝံ့ဘဲ “ထာဝရဘုရား​သည် သင့်​ကို ဆုံးမတော်မူပါစေ” ဟူ၍​သာ ဆိုခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ကောင်း​ကင်​တ​မန်​မင်း​မိက္ခေ​လ​ပင်​လျှင်​ဤ အ​မှု​မျိုး​ကို​မ​ပြု​ချေ။ မော​ရှေ​၏​ကိုယ်​ခန္ဓာ ကို အ​ဘယ်​သူ​ယူ​သင့်​သည်​ဟူ​သော​အ​ချက် နှင့်​ပတ်​သက်​၍ နတ်​မိစ္ဆာ​ကြီး​နှင့်​အ​ငြင်း​ပွား ရာ​တွင် သူ​သည်​နတ်​မိစ္ဆာ​ကြီး​အား​ပြစ်​တင် ရှုတ်​ချ​မှု​ကို​မ​ပြု​ဝံ့​ဘဲ ``သင့်​အား​ထာ​ဝ​ရ ဘု​ရား​ဆုံး​မ​တော်​မူ​ပါ​စေ'' ဟူ​၍​သာ ပြော​ဆို​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 စေ တ မန် တော် မင်း မိ က္ခေ လ ပင် မော ရှေ၏ အ လောင်း အ ကြောင်း မာရ် နတ် နှင့် ပြိုင် ဆိုင် ငြင်း ခုံ သည့် ကာ လ ကဲ့ ရဲ့၍ စွဲ ဆို ချက် မ တင် ဝံ့ ဘဲ ထာ ဝ ရ ဘု ရား သည် သင့် ကို ဆုံး မ တော် မူ ပါ စေ သော ဟူ၍ သာ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ကောင်း​ကင်​တ​မန် မင်း​မိ​က္ခေ​လ​မူ​ကား၊ မော​ရှေ၏ ကိုယ်​ကို အ​ကြောင်း​ပြု၍ မာရ်​နတ်​နှင့် ငြင်း​ခုံ​သော​အ​ခါ၊ ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆုံး​မ​တော်​မူ​စေ​သ​တည်း​ဟူ၍ သာ​ပြော​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကောင်းကင်​တမန်​မင်း​မိက္ခေလ​ပင် မာရ်နတ်​နှင့်​ငြင်းခုံ​လျက် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်၍ အချေအတင်​ပြောဆို​ကြ​သောအခါ ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ “ထာဝရ​ဘုရား​သည် သင့်​ကို ဆုံးမ​တော်မူ​ပါစေ”​ဟူ၍​သာ ပြောဆို​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယု​ဒ 1:9
16 ပူးပေါင်းရင်းမြစ်များ  

ဖြတ်သန်း​သွားလာ​သူတို့​သည် ခေါင်းခါ​လျက် “ဗိမာန်တော်​ကို ဖြိုဖျက်​၍ သုံးရက်​အတွင်း ပြန်တည်ဆောက်မည့်​သူ…


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ ကြွေးကြော်​အမိန့်ပေးသံ​နှင့်တကွ ကောင်းကင်တမန်မင်း​၏​အသံ၊ ဘုရားသခင်​၏​တံပိုးတော်​မှုတ်သံ​တို့​ဖြင့် သခင်ဘုရား​ကိုယ်တိုင် ကောင်းကင်​က ဆင်းကြွလာ​သောအခါ ခရစ်တော်​ကို ယုံကြည်​လျက် သေလွန်သော​ယုံကြည်သူများ​သည် ဦးစွာ​ထမြောက်ကြမည်။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


သို့ရာတွင် ထို​သူတို့​ထက် ခွန်အား၊ တန်ခိုး ပို​၍ ကြီးမားသော ကောင်းကင်တမန်များ​ပင် ထာဝရဘုရား​ရှေ့တော်​၌ ထို​ဘုန်းတန်ခိုး​ကြီးသူတို့​အား စော်ကား​ပြောဆိုသည့် စီရင်မှု​ကို မပြုကြ။


ထို့နောက် ကောင်းကင်​၌ စစ်​ဖြစ်လေ၏။ မိက္ခေလ​နှင့် သူ​၏ ကောင်းကင်တမန်တို့​သည် နဂါး​ကို တိုက်ကြ၏။ နဂါး​နှင့် သူ​၏ တမန်တို့​သည် ပြန်​၍ တိုက်​သော်လည်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ