Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 မြွေဆိုး​နှင့် မြွေပွေး​အမျိုးတို့… သင်တို့​သည် ငရဲ​သို့​သွားရမည့် အပြစ်ဒဏ်​မှ မည်သို့​လွတ်နိုင်ကြမည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 အ​ချင်း​မြွေ​ဆိုး​များ​နှင့်​မြွေ​ဆိုး​၏​သား​မြေး တို့၊ သင်​တို့​သည်​င​ရဲ​သို့​လား​ရ​မည့်​ဘေး​ဒဏ် မှ​အ​ဘယ်​သို့​လွတ်​နိုင်​ကြ​ပါ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 အ ချင်း မြွေ ဆိုး မြွေ ဟောက် သား တို့၊ င ရဲ မီး ဒဏ် နှင့် မည် သို့ လွတ် ကင်း ကြ မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 အချင်း​မြွေ​တို့၊ မြွေဆိုး​အမျိုး​တို့၊ သင်​တို့​သည် ငရဲ​၌​အပြစ်​စီရင်​ခံရ​ခြင်း​မှ မည်ကဲ့သို့​လွတ်မြောက်​နိုင်​ကြ​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည် အ​ပြစ်​င​ရဲ​မှ အ​ဘယ်​သို့ လွတ်​နိုင်​ကြ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:33
17 ပူးပေါင်းရင်းမြစ်များ  

မြွေဆိုး​အမျိုးတို့… ဆိုးသွမ်းသော​သင်တို့​သည် ကောင်းမြတ်​၍ မှန်ကန်သော​စကား​ကို မည်သို့ ပြောဆိုနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံး​ထဲ၌ ပြည့်​နေသော​အရာများ​ကို နှုတ်​ဖြင့် ထုတ်ဖော်​ပြောဆိုတတ်​သောကြောင့်​ဖြစ်၏။


သို့ဖြစ်၍ သင်တို့​ဘိုးဘေးများ စတင်ခဲ့သော​ပြစ်မှု​ကို အဆုံး​တိုင်အောင် ကျူးလွန်ကြလော့။


ဖာရိရှဲများ​နှင့် ဇဒ္ဒုကဲတို့​သည်လည်း နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်လာကြသည်​ကို ယောဟန်​မြင်​သောအခါ “အို မြွေဆိုး​အမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်​၏ အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​ကို မည်သူ​က သတိပေးခဲ့သနည်း။


သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ တစ်စုံတစ်ဦး​အပေါ် အမျက်ဒေါသထွက်​သူ​သည် အပြစ်​စီရင်​ခံရမည်။ တစ်စုံတစ်ဦး​ကို အသုံးမကျသော​သူ​ဟု ပြောဆို​လျှင် တရားလွှတ်တော်​၌ အပြစ်ပေး​ခံရမည်။ တစ်စုံတစ်ဦး​ကို အရူး​ဟု ခေါ်ဆို​လျှင် သူ​သည် ငရဲ​သို့​ချ​ခံရမည်။


နှစ်ခြင်းမင်္ဂလာ​ခံယူ​ရန် ရောက်ရှိလာသော​ပရိသတ်တို့​အား ယောဟန်​ဟောပြောသော​စကားများ​မှာ “အို မြွေဆိုး​အမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်​၏​အမျက်တော်​မှ ထွက်ပြေး​ရန် သင်တို့​အား မည်သူ​က သတိပေးခဲ့သနည်း။


သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


သို့သော် ဧဝ​သည် မြွေ​၏ ပရိယာယ်​ဖြင့် လှည့်ဖြားခံရ​သကဲ့သို့ သင်တို့​၏​စိတ်နှလုံး​သည်လည်း ခရစ်တော်​အား ရိုးသား​ဖြူစင်​စွာ ကိုးကွယ်ရာ​မှ သွေဖည်စေခြင်း​ခံရမည်​ကို ကျွန်ုပ်​စိုးရိမ်၏။


သို့​ဖြစ်လျှင် ဘုရားသခင်​၏​သားတော်​ကို နင်းခြေ​၍ မိမိ​အား စင်ကြယ်စေသည့်​ပဋိညာဉ်​နှင့်ဆိုင်သော​အသွေး​ကို မသန့်ရှင်းသော​အရာ​အဖြစ် သဘောထား​ကာ ကျေးဇူးပြုတော်မူသော​ဝိညာဉ်တော်​ကို စော်ကားသူ​သည် မည်မျှ ပို​၍ ပြင်းထန်သော​ပြစ်ဒဏ်​ကို ခံထိုက်သည်​ဟု သင်တို့​ထင်သနည်း။


သင်တို့​အား မိန့်တော်မူသော အရှင်​ကို မငြင်းပယ်မိ​စေရန် သတိပြုလော့။ အကယ်၍ မြေကြီး​ပေါ်ရှိ သတိပေးသူများ​ကို မနာခံသော​အစ္စရေးလူမျိုး​သည် ပြစ်ဒဏ်​မှ မလွတ်မြောက်နိုင်​လျှင် ကောင်းကင်ဘုံ​မှ သတိပေးသော ဘုရားသခင်​ကို မနာခံ​သောအခါ ပြစ်ဒဏ်​မှ ပို​၍ လွတ်မြောက်​စရာ​အကြောင်း​မရှိ။


ဤမျှ​ထူးမြတ်သည့်​ကယ်တင်ခြင်း​တရား​ကို ကျွန်ုပ်တို့ လျစ်လျူရှု​ပါက အပြစ်ဒဏ်​မှ မည်သို့​လွတ်မြောက်​နိုင်ကြမည်နည်း။ ဤ​ကယ်တင်ခြင်း​တရား​ကို သခင်ဘုရား​ကိုယ်တိုင် ဦးစွာ ဟောတော်မူ​ပြီးနောက် ကြားနာသူများ​က ကျွန်ုပ်တို့​အား ထို​တရားတော်​မှန်ကန်ကြောင်း အတည်ပြု​ပေးခဲ့ကြ၏။


ထို​နဂါး​သည် တစ်ကမ္ဘာလုံး​ကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟု​ခေါ်သော ရှေးမြွေဟောင်း​ဖြစ်ပြီး သူ​၏ တမန်များ​နှင့်အတူ ကမ္ဘာမြေ​ပေါ်သို့ ပစ်ချခံခဲ့ရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ