Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ထို့ကြောင့် ငါ​သည် ပရောဖက်များ၊ ပညာရှင်များ​နှင့် ကျမ်းတတ်ဆရာများ​ကို သင်တို့​ထံ စေလွှတ်မည်။ သို့သော် သင်တို့​သည် တချို့​ကို လက်ဝါးကပ်တိုင်​တွင် သတ်ကြ​လိမ့်မည်။ တချို့​ကို ဝတ်ပြုဆောင်များ​တွင် ရိုက်​၍ တစ်မြို့​ပြီး​တစ်မြို့ လိုက်လံ​ဖမ်းဆီးကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သင်​တို့​ထံ​သို့ ပ​ရော​ဖက်​များ၊ ပ​ညာ​ရှိ​များ၊ ကျမ်း​တတ်​ဆ​ရာ များ​ကို​ငါ​စေ​လွှတ်​မည်။ သင်​တို့​သည်​ထို​သူ အ​ချို့​တို့​ကို​သတ်​ဖြတ်​ကြ​၍​အ​ချို့​ကို​လက် ဝါး​ကပ်​တိုင်​တွင်​တင်​ကြ​လိမ့်​မည်။ အ​ချို့​ကို​မူ တ​ရား​ဇ​ရပ်​များ​တွင်​ကြိမ်​ဒဏ်​ပေး​၍​အ​ချို့ ကို​မူ​တစ်​မြို့​ပြီး​တစ်​မြို့​လိုက်​လံ​ဖမ်း​ဆီး​ကြ လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 အ ချို့ တို့ ကို သတ်၍ ကား တင် ခြင်း၊ အ ချို့ တို့ ကို ဓ မ္မာ ရုံ များ တွင် ရိုက် နှက် လျက် တစ် မြို့ မှ တစ် မြို့ သို့ လိုက် လံ ညှည်း ပန်း ခြင်း များ ကို သင် တို့ ပြု အပ် သော ပ ရော ဖက် များ၊ ပ ညာ ရှိ များ၊ ကျမ်း တတ် ဆ ရာ များ ကို စေ လွှတ် မည့် အ ကြောင်း မှာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထို့ကြောင့် ငါ​သည် ပရောဖက်​များ၊ ပညာရှိ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ကို သင်​တို့​ထံသို့​စေလွှတ်​မည်။ ထိုအခါ သင်​တို့​သည် သူ​တို့​ထဲမှ အချို့​တို့​ကို​သတ်​၍ လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ကြ​လိမ့်မည်​။ အချို့​တို့​ကို သင်​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ဒဏ်ခတ်​ရိုက်နှက်​ပြီး တစ်​မြို့​မှ​တစ်​မြို့​သို့ လိုက်လံ​ညှဉ်းဆဲ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:34
36 ပူးပေါင်းရင်းမြစ်များ  

မြို့​တစ်မြို့​တွင် သင်တို့​ကို ညှဉ်းပန်းနှိပ်စက်​သောအခါ အခြား​တစ်မြို့​သို့ ပြေးကြလော့။ သင်တို့​အား ငါ​အမှန်​ဆို၏။ အစ္စရေးမြို့များ​ကို သင်တို့​နှံ့စပ်အောင်​မရောက်​မီ လူသား​သည် ကြွလာ​လိမ့်မည်။


ထိုအခါ ယေရှု​က “ကောင်းကင်​နိုင်ငံတော်​တွင် တပည့်​ဖြစ်လာသော ကျမ်းတတ်ဆရာ​သည် မိမိ​၏ ဘဏ္ဍာတိုက်​ထဲမှ ဥစ္စာသစ်​နှင့် ဥစ္စာဟောင်းတို့​ကို ထုတ်ယူလာသော အိမ်ရှင်​နှင့်​တူ၏” ဟု မိန့်တော်မူ၏။


ဤသို့ ပြောဆိုခြင်း​ဖြင့် သင်တို့​သည် ပရောဖက်များ​ကို သတ်သော​မျိုးဆက်များ​ဖြစ်ကြောင်း ကိုယ်တိုင်​သက်သေခံကြ၏။


ခရစ်တော်​၏​အမည်​နာမ​အားဖြင့် အပြစ်​လွတ်ခြင်းတရား​နှင့် နောင်တတရား​အကြောင်းတို့​ကို ဂျေရုဆလင်မြို့​မှစ၍ လူမျိုး​တကာတို့​အား ဟောပြော​ရမည်။


လူတို့​သည် သင်တို့​ကို ဂျူး​ဝတ်ပြုဆောင်များ​မှ ထုတ်ပယ်ကြ​လိမ့်မည်။ သင်တို့​ကို သတ်သောသူများ​က ထိုသို့​သတ်ခြင်း​သည် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ခြင်း​ဖြစ်သည်​ဟု ခံယူသည့်​အချိန်ကာလ ရောက်လာ​လိမ့်မည်။


တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။


သို့ရာတွင် သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်​ဆင်းသက်​သောအခါ သင်တို့​သည် တန်ခိုး​ကို​ရရှိ​၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး​တိုင်အောင် ငါ​၏​သက်သေခံများ​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထို​အချိန်​တွင် ပရောဖက်များ​သည် ဂျေရုဆလင်မြို့​မှ အန္တိအုတ်မြို့​သို့ ဆင်းလာကြ၏။


သူ​သည် ယောဟန်​၏​အစ်ကို ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်လေ၏။


ဆီးရီးယားပြည် အန္တိအုတ်မြို့​ရှိ အသင်းတော်​တွင် ပရောဖက်များ​နှင့် ဆရာများ ရှိကြ၏။ ထို​သူတို့​မှာ ဗာနဗ၊ လူမည်း​ဟု ခေါ်သော​ရှိမောင်၊ ကုရေနေမြို့သား လုကိ၊ နယ်စား​ဟေရုဒ်​၏​ငယ်ပေါင်း မာနင်​နှင့် ရှောလု​တို့​ဖြစ်ကြ၏။


သို့သော် အန္တိအုတ်မြို့​နှင့် ဣကောနိမြို့​မှ ဂျူးများ​ရောက်လာ​၍ လူထု​ကို သိမ်းသွင်း​ပြီးလျှင် ပေါလု​အား ကျောက်ခဲ​နှင့်​ပေါက်​ကာ သေပြီ​အထင်​ဖြင့် မြို့​ပြင်​သို့​ဆွဲထုတ်ကြ၏။


ပရောဖက်များ​လည်း​ဖြစ်ကြသော ယုဒ​နှင့်​သိလ​တို့​သည် ယုံကြည်သူတို့​အား အချိန်​ကြာမြင့်​စွာ တိုက်တွန်းနှိုးဆော်​၍ ကြံ့ခိုင်စေကြ၏။


သူတို့​သည် ဂါမလျေလ​၏​အဆို​ကို လက်ခံကြ​သဖြင့် တမန်တော်တို့​ကို​ခေါ်​၍ ကြိမ်ဒဏ်ပေး​ပြီးနောက် ယေရှု​၏​အမည်​နာမ​ကို အမှီပြု​လျက် မဟောပြော​ရန် အမိန့်ပေး​ကာ လွှတ်လိုက်ကြ၏။


သို့သော်လည်း ကျွန်ုပ်တို့​သည် ရင့်ကျက်သောသူများ​အကြား​တွင်မူ ပညာ​စကား​ကို ပြောဆိုကြ၏။ ထို​ပညာ​စကား​သည် လောကီ​ပညာ​စကား​မဟုတ်။ ပျက်စီး​ပျောက်ကွယ်မည့် လောကီ​အစိုးရမင်းတို့​၏ ပညာ​စကား​လည်း​မဟုတ်။


ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်​အားဖြင့် ကျွန်ုပ်​သည် ဗိသုကာ​ပညာရှင်​ကဲ့သို့ အုတ်မြစ်​ကို ချထား၏။ ယခု​တွင် အခြားသူ​သည် ထို​အုတ်မြစ်​ပေါ်​၌ တည်ဆောက်နေပြီ​ဖြစ်၏။ သို့ရာတွင် ထို​အုတ်မြစ်​ပေါ်၌ တည်ဆောက်သော​သူ​တိုင်း အလွန် ဂရုစိုက်​ရမည်​ဖြစ်၏။


ကျွန်ုပ်တို့​သည် လူတိုင်း​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်စေ​၍ ရင့်ကျက်သောသူများ​အဖြစ် ဘုရားသခင်​ထံ ဆက်သ​နိုင်ရန် လူတိုင်း​ကို သတိပေး​ဆုံးမ​ကာ ရှိသမျှသော​ဉာဏ်ပညာ​ဖြင့် လူတိုင်း​ကို သွန်သင်​လျက် ခရစ်တော်​အကြောင်း​ကို ဟောပြောကြ၏။


လူမျိုးခြားများ ကယ်တင်​ခံရ​ရန် ကျွန်ုပ်တို့​ဟောပြောသည်​ကို သူတို့​တားမြစ်ကြ၏။ ဤသို့​လုပ်ဆောင်ခြင်း​ဖြင့် သူတို့​သည် မိမိတို့​၏ အပြစ်များ​ကို အစဉ်​ပွားများစေကြ၏။ နောက်ဆုံး​တွင် ဘုရားသခင်​၏ အမျက်တော်​သည် သူတို့​အပေါ်သို့ သက်ရောက်လေ၏။


သူတို့​သည် ကျောက်ခဲ​နှင့် ပေါက်သတ်ခြင်း၊ လွှ​နှင့် နှစ်ပိုင်း​ဖြတ်ခြင်း၊ စမ်းသပ်ခြင်း၊ ဓား​နှင့် သတ်ခြင်းတို့​ကို ခံကြရ၏။ သူတို့​သည် ဆင်းရဲနွမ်းပါး​လျက်၊ ဒုက္ခ​ရောက်​လျက်၊ နှိပ်စက်ခံရ​လျက် သိုးသားရေ၊ ဆိတ်သားရေ​တို့​ကို ဝတ်​၍ သွားလာကြရ၏။


ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​သည် ထို​ပရောဖက်​နှစ်ပါး​၏ အဖြစ်​ကြောင့် ဝမ်းမြောက်​၍ တစ်ဦး​ကို​တစ်ဦး​လက်ဆောင်များ ပေးကြ​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​ပရောဖက်​နှစ်ပါး​သည် ကမ္ဘာလောက​၌ နေထိုင်သော​သူတို့​ကို ညှဉ်းဆဲ​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ