Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 5:44 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

44 သို့ရာတွင် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​၏​ရန်သူ​ကို ချစ်​၍ သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူများ​အတွက် ဆုတောင်းမေတ္တာ​ပို့လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

44 သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 ငါ ဆို သည် ကား ရန် သူ တို့ ကို ချစ် ကြ လော့။ ညှဉ်း ပန်း သူ တို့ အ ဖို့ မေ တ္တာ ပို့ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 သို့သော် သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို​ချစ်​၍ သင်​တို့​ကို​ညှဉ်းဆဲ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

44 ငါ​ပ​ညတ်​သည်​ကား၊ သင်​တို့​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ၏ သား​ဖြစ်​လို​သော​ငှာ၊ သင်​တို့၏​ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​ညှဉ်း​ဆဲ​သော သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:44
21 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “အို အဖ… သူတို့​အား​ခွင့်လွှတ်တော်မူပါ။ ထို​သူတို့​သည် မိမိတို့​အဘယ်​အမှု​ပြုနေသည်​ကို​ပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့​သည် အဝတ်တော်​ကို မဲနှိုက်​၍ ခွဲဝေကြ၏။


ထို့ကြောင့် ‘သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။ ငါ​သည် သင်တို့​ကို ချစ်သည့်​နည်းတူ သင်တို့​သည်လည်း အချင်းချင်း​ချစ်ကြလော့’ ဟူသော ပညတ်​အသစ်​ကို သင်တို့​အား ငါ​ပေး၏။


ထိုအခါ ပေါလု​က “မိမိကိုယ်ကိုယ် အန္တရာယ်​မပြုနှင့်။ ကျွန်ုပ်တို့​အားလုံး ဤ​နေရာ​တွင် ရှိကြပါ၏” ဟု ကျယ်လောင်သော​အသံ​နှင့် ပြော၏။


ထို့နောက် ဒူးထောက်​လျက် ကျယ်သော​အသံ​ဖြင့် “သခင်ဘုရား… ဤ​သူတို့ ပြုသော​အပြစ်များ​ကို မှတ်တော်မမူပါနှင့်” ဟု ကြွေးကြော်​၍ အသက်ဆုံးလေ၏။


သင်တို့​ကို ညှဉ်းပန်းနှိပ်စက်သော​သူတို့​ကို မေတ္တာပို့ကြလော့။ သူတို့​ကို မကျိန်ဆဲဘဲ မေတ္တာပို့ကြလော့။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


ပုတ်ခတ်​ပြောဆို​ခံရ​သောအခါ ပြန်​၍​မတုံ့ပြန်။ ဆင်းရဲဒုက္ခ​ကို​ခံရ​သောအခါ လက်စားချေမည်​ဟု ခြိမ်းခြောက်တော်​မမူဘဲ ဖြောင့်မတ်​စွာ စီရင်တော်မူသော ဘုရားသခင်​ထံ မိမိ​အမှု​ကို အပ်နှံတော်မူ၏။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ