ဤသို့ဟောတော်မူခြင်းမှာ “ပုံဥပမာဖြင့် ငါဟောပြောမည်။ ကမ္ဘာတည်ချိန်ကတည်းက ကွယ်ဝှက်ထားသောအရာကို ဖော်ထုတ်ပြောဆိုမည်” ဟု ပရောဖက်မှတစ်ဆင့် မိန့်တော်မူသောအရာ ဖြစ်လာစေရန်ပင်။
မဿဲ 25:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။ Common Language Bible ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။- Garrad Bible ယာ ဘက် တော် တွင် ရှိ နေ သူ တို့ အား၊ ထို ဘု ရင် မင်း က ငါ့ ခ မည်း တော်၏ ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ သူ တို့၊ ဤ လော က တည် သည့် ကာ လ က သင် တို့ အ ဖို့ ပြင် ဆင် ထား သော နိုင် ငံ တော် ကို လာ၍ ပိုင် ယူ ကြ။ Judson Bible ထိုအခါ လက်ယာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။ မြန်မာ ထိုအခါ လက်ယာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။- |
ဤသို့ဟောတော်မူခြင်းမှာ “ပုံဥပမာဖြင့် ငါဟောပြောမည်။ ကမ္ဘာတည်ချိန်ကတည်းက ကွယ်ဝှက်ထားသောအရာကို ဖော်ထုတ်ပြောဆိုမည်” ဟု ပရောဖက်မှတစ်ဆင့် မိန့်တော်မူသောအရာ ဖြစ်လာစေရန်ပင်။
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ယေရှုက “သင်တို့သည် ငါ၏ခွက်ကို အမှန်သောက်ကြရမည်။ သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။
“သင်တို့၏ရှင်ဘုရင်သည် မြည်းနှင့် မြည်းကလေးပေါ်တွင် စီး၍ နူးညံ့သိမ်မွေ့သောစိတ်ဖြင့် သင်တို့ထံသို့ကြွလာတော်မူပြီဟု ဇိအုန်မြို့သူမြို့သားတို့အား ပြောကြလော့” ဟူ၍ ဖြစ်၏။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသောတာဝန်များကို သင့်အား ငါ လွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ကိုယ်တော်အား စွဲချက်တင်သည့် အပြစ်ကို ဖော်ပြသောစာမှာ “ဂျူးတို့၏ ရှင်ဘုရင် ယေရှုဖြစ်၏” ဟူ၍ ကမ္ပည်းရေးထိုးပြီး ဦးခေါင်းတော်အထက်တွင် ထားကြ၏။
“ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် သင်တို့၏အပြစ်များအတွက် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြလော့” ဟု ဟောလေ၏။
အသေးနုပ်ဆုံးသောပညတ်တော်ကို ချိုးဖောက်၍ သူတစ်ပါးကို ထိုနည်းတူ ချိုးဖောက်ရန် သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အသေးနုပ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာ၍ သူတစ်ပါးကို သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
အာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို ဤမျိုးဆက်တို့သည် ပေးဆပ်ရလိမ့်မည်။ မှန်ပါ၏။ ဤမျိုးဆက်တို့သည် ထိုသွေးကြွေးကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု ငါပြောဆို၏။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
“ထာဝရဘုရား၏အမည်နာမနှင့် ကြွလာသောရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော။” “ကောင်းကင်ဘုံတွင် ငြိမ်းချမ်းခြင်းရှိ၍ အမြင့်ဆုံးသောအရပ်တွင် ဘုန်းကြီးတော်မူပါစေသော” ဟု ကြွေးကြော်ကြ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
စွန်ပလွံခက်များကို ကိုင်ဆောင်လျက် ယေရှုကို ကြိုဆိုရန် ထွက်လာကြ၏။ ထိုသူတို့က “ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြပါစေသော။ ထာဝရဘုရား၏ အမည်နာမနှင့် ကြွလာသောအရှင်သည် မင်္ဂလာရှိပါစေသော။ အစ္စရေးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါစေသော” ဟု ကြွေးကြော်ကြ၏။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
လူများက “သူ့ကို သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်းကလည်း “သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင် သတ်ရမည်လော” ဟု ပြန်၍ မေး၏။ ယဇ်ပုရောဟိတ်ခေါင်းဆောင်များက “ငါတို့တွင် ဆီဇာဘုရင်မှလွဲ၍ အခြားဘုရင်မရှိပါ” ဟု ပြန်၍ အော်ဟစ်ကြ၏။
ဤအကြောင်းအရာများကို ယခင်အချိန်မှစ၍ သိစေတော်မူသောထာဝရဘုရား မိန့်တော်မူ၏’ ဟူ၍ ရေးသားထား၏။
သင်တို့တစ်ဦးချင်းစီတိုင်းသည် အပြစ်ဒုစရိုက်လမ်းများမှ ပြန်လှည့်လာခြင်းဖြင့် ဘုရားသခင်သည် သင်တို့အား ကောင်းချီးပေးရန် မိမိအစေခံအား ပေါ်ထွန်းစေတော်မူ၍ သင်တို့ထံသို့ ဦးစွာစေလွှတ်တော်မူသည်” ဟု ပြောလေ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
ထိုအရာမှာ ကျမ်းစာ၌ “မိမိကို ချစ်သောသူတို့အတွက် ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူ့မျက်စိဖြင့် မမြင်၊ လူ့နားဖြင့် မကြား၊ လူ့စိတ်ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်၏။
မတရားပြုသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြောင်း သင်တို့မသိကြသလော။ ယူဆမှုမလွဲကြနှင့်။ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်သူများ၊ ယောက်ျားချင်းဆက်ဆံသူများ၊
သဝန်တိုခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းနှင့် ထိုကဲ့သို့သောအရာများဖြစ်၏။ ထိုသို့သောအရာများကို ပြုမူသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံကြရမည်မဟုတ်ကြောင်း ကျွန်ုပ်ယခင်က ပြောခဲ့သည့်အတိုင်း ယခုလည်း သတိပေးလိုက်၏။
တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ ညစ်ညမ်းသောသူ၊ ရုပ်တုကိုးကွယ်ခြင်း ဖြစ်သည့် လောဘလွန်ကြူးသောသူ တစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေဆက်ခံရမည် မဟုတ်ကြောင်း သင်တို့ အသေအချာ သိကြ၏။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ ဤသည်မှာ ဘုရားသခင်က “ထို့ကြောင့် ငါသည် အမျက်ထွက်ကာ ‘သူတို့သည် ငါ၏ စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟူ၍ တိုင်တည်လျက် ပြောဆို၏” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့သော် ယုံကြည်သော ကျွန်ုပ်တို့သည် ကိုယ်တော်၏ စံမြန်းနားခိုရာသို့ ဝင်ကြရ၏။ အမှန်စင်စစ် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းတော်မူကတည်းက အမှုတော်သည် ပြီးမြောက်ပြီဖြစ်သော်လည်း ဤစကားကို မိန့်တော်မူ၏။
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကိုယ်တော်ကို ယုံကြည်၍ ရရှိသောအကျိုးဖြစ်သည့် စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
အသေသတ်ခြင်းခံရသော သိုးသငယ်တော်၏ အသက်စာစောင်၌ ကမ္ဘာဦးအစကပင် အမည်စာရင်းပါသောသူများမှလွဲ၍ ကမ္ဘာလောက၌ နေထိုင်ကြသောသူအပေါင်းတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။
ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။
ကိုယ်တော်သည် ထိုသူတို့အား ဘုရားသခင်၏လူမျိုးတော်နှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူ၏။ ထိုသူတို့သည် ကမ္ဘာလောကကို အုပ်စိုးကြလိမ့်မည်” ဟူ၍ ဖြစ်၏။