Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 25:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ငါ​သည် ဆာလောင်မွတ်သိပ်​သောအခါ သင်တို့​သည် ငါ့​ကို စားစရာ​ပေးကြ၏။ ရေငတ်​သောအခါ ငါ့​ကို သောက်စရာ​ရေ ပေးကြ၏။ ငါ​သည် ဧည့်သည်​ဖြစ်​သောအခါ ငါ့​ကို သင်တို့​အိမ်​သို့ ကြိုဆို​လက်ခံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 သင်​တို့​သည်​ငါ​ဆာ​လောင်​မွတ်​သိပ်​စဉ်​အ​ခါ​က ငါ့​ကို​ကျွေး​မွေး​ကြ​၏။ ငါ​ရေ​ငတ်​စဉ်​အ​ခါ​က သောက်​ရေ​ကို​ပေး​ကြ​၏။ ငါ​သည်​ဧည့်​သည်​ဖြစ်​စဉ် အ​ခါ​က​ဧည့်​ဝတ်​ကို​ပြု​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 အ သို့ ဆို လျှင် ငါ ဆာ မွတ် သော် ကျွေး မွေး ခြင်း၊ ရေ ငတ် သော် တိုက် ခြင်း၊ အာ ဂ န္တု ဖြစ် သော် ဧည့် ခံ ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည် ကျွေး​ကြ၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​ပေး​ကြ၏။ ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 အကြောင်းမူကား ငါ​သည် ဆာလောင်​သောအခါ သင်​တို့​သည် ငါ့​ကို​စား​စရာ​ပေး​ကြ​၏။ ငါ​သည် ရေငတ်​သောအခါ သင်​တို့​သည် ငါ့​ကို​သောက်​စရာ​ပေး​ကြ​၏။ ငါ​သည် သူစိမ်း​ဧည့်သည်​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြိုဆို​လက်ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 အ​ကြောင်း​မူ​ကား၊ ငါ​သည် မွတ်​သိပ်​သော​အ​ခါ သင်​တို့​သည် ကျွေး​ကြ၏။ ငါ​သည် ရေ​ငတ်​သော​အ​ခါ သင်​တို့​သည် သောက်​ဖို့​ပေး​ကြ၏။ ငါ​သည် ဧည့်​သည်​ဖြစ်​သော​အ​ခါ သင်​တို့​သည် ဧည့်​သည်​ဝတ်​ကို ပြု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:35
52 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


ဆင်းရဲသားများ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိကြ၏။ သို့ရာတွင် ငါ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိနေမည်​မဟုတ်။


ဆင်းရဲသားများ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိကြ၏။ ထို့ကြောင့် သင်တို့​စိတ်ဆန္ဒ​ရှိသည့်​အခါတိုင်း သူတို့​ကို ကူညီ​နိုင်၏။ သို့ရာတွင် ငါ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိနေမည်​မဟုတ်။


ထို့ကြောင့် အတွင်း​၌ ရှိသော​အရာများ​ကို ဆင်းရဲနွမ်းပါးသူ​အား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံး​သည် သင်တို့​အတွက် စင်ကြယ်​လိမ့်မည်။


ယုဒ​သည် ငွေ​ကို စီမံရသူ​ဖြစ်သောကြောင့် ပွဲတော်​အတွက် လိုအပ်သော​အရာများ​ကို ဝယ်ယူ​ရန် သို့မဟုတ် ဆင်းရဲသားများ​ကို ငွေ​လှူဒါန်း​ရန် ယေရှု​စေခိုင်းတော်မူသည်​ဟူ၍ တပည့်တော်​တချို့​က ထင်မှတ်ကြ၏။


‘ကော်နေလိ… သင့်​ဆုတောင်းသံ​ကို ဘုရားသခင်​ကြား​၍ သင့်​အလှူအတန်း​တို့​ကိုလည်း အသိမှတ်​ပြုတော်မူပြီ။


တပည့်တော်များ​က မိမိတို့ တတ်နိုင်သည့်​အတိုင်း ယုဒပြည်​တွင်​နေထိုင်သော ယုံကြည်သူများ​အား ထောက်ပံ့ငွေ​ပေးပို့​ရန် ဆုံးဖြတ်ကြ၏။


သူ​နှင့် အိမ်သူ​အိမ်သား​အားလုံးတို့​သည် နှစ်ခြင်းမင်္ဂလာ​ကို ခံယူပြီး​လျှင် လုဒိ​က “ကျွန်မ​သည် သခင်ဘုရား​အား အမှန်ပင်​ယုံကြည်သောသူ​ဖြစ်သည်​ဟု သင်တို့​သတ်မှတ်​ပါက အိမ်​သို့​လာ​၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့​အား ဖျောင်းဖျလေ၏။


ယခု​အခါ​၌ ယုံကြည်သော​သူ​ရှိသမျှတို့​သည် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​သဖြင့် မည်သူ​မျှ မိမိ​ဥစ္စာပစ္စည်းများ​ကို မိမိ​ပိုင်သည်​ဟု မဆိုဘဲ ရှိသမျှ​ဥစ္စာတို့​ကို မျှဝေ​အသုံးပြုကြ၏။


ယုံကြည်သူများ အကူအညီ လိုအပ်​သောအခါ ကူညီ​ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုကြလော့။


လက်တုံ့ပြန်မည့်​အစား ဤသို့​ပြုလော့။ “သင်​၏ ရန်သူတို့​သည် ဆာလောင်​လျှင် ကျွေးလော့။ ရေငတ်​လျှင် သောက်စရာ​ပေးလော့။ ထိုသို့​ပြုခြင်း​အားဖြင့် သင်​သည် သူတို့​၏ ခေါင်း​ပေါ်၌ မီးခဲ​ကို ပုံထား​သကဲ့သို့ ဖြစ်​လိမ့်မည်။”


ကျွန်ုပ်​နှင့် အသင်းသား​အပေါင်းတို့​ကို ဧည့်ခံသော အိမ်ရှင်​ဂါယု​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ကျွန်ုပ်တို့​၏​ညီ ကွာတု​တို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


ခိုးတတ်သောသူ​သည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သော​သူတို့​အား ပေးကမ်း​ဝေမျှ​နိုင်ရန် မိမိ​လက်​ဖြင့် ကောင်းသော​အလုပ်​ကို ကြိုးစား လုပ်ဆောင်​ရမည်။


သူ​သည် မိမိ​သားသမီးများ​ကို ပြုစု​ပျိုးထောင်ခြင်း၊ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုခြင်း၊ ယုံကြည်သူများ​၏​ခြေ​ကို ဆေးခြင်း၊ ဆင်းရဲဒုက္ခ​ကြုံတွေ့နေသူများ​ကို ကူညီခြင်း၊ အမျိုးမျိုးသော​ကောင်းမှုများ​ကို အားထုတ်​လုပ်ဆောင်ခြင်း စသည့် ကောင်းမှု​ကုသိုလ်များ​ကြောင့် နာမည်ကောင်းရသူ​ဖြစ်ရမည်။


ကျွန်ုပ်​၏​ညီ… သင်​သည် ယုံကြည်သူ​အပေါင်းတို့​၏ စိတ်​ကို လန်းဆန်းစေသည်​ဖြစ်​၍ သင်​၏ ချစ်ခြင်းမေတ္တာ​သည် ကျွန်ုပ်​အား အလွန်​ဝမ်းမြောက်စေ​လျက် စိတ်ခွန်အား​ဖြစ်စေ၏။


ကောင်းမှုပြု​ရန်​နှင့် သူတစ်ပါး​ကို ကူညီ​ရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော​ယဇ်ပူဇော်ခြင်း​ကို ဘုရားသခင်​နှစ်သက်တော်မူ​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


ခမည်းတော်​ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်း​စင်ကြယ်သော​ဘာသာတရား​ကိုင်းရှိုင်းခြင်း​မှာ ဆင်းရဲဒုက္ခ​ကြုံနေသည့် မိဘမဲ့​နှင့် မုဆိုးမတို့​ကို ကြည့်ရှု​ပြုစုခြင်း၊ မိမိ​ကိုယ်တိုင်​ကိုလည်း လောကီ​ညစ်ညူးခြင်းတို့​မှ ကင်းစင်စေခြင်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ