Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:50 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

50 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ အသွေးအသား​ဖြင့်​ဖွဲ့စည်းထားသော​လူ့​ခန္ဓာ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​မခံနိုင်ပေ။ ပုပ်ပျက်တတ်သော​အရာ​သည် မပုပ်ပျက်​နိုင်သော​အဖြစ်​ကို အမွေ​ဆက်ခံ​နိုင်မည်​မဟုတ်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

50 ညီ​အစ်​ကို​တို့၊ သင်​တို့​အား​ငါ​ပြော​လို​သည်​မှာ လူ့​အ​သွေး​အ​သား​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​မ​ခံ​မ​ယူ​နိုင်။ ပုပ်​ပျက်​တတ်​သော​အ​ရာ သည်​လည်း​မ​ပုပ်​မ​ပျက်​တတ်​သော​အ​ဖြစ်​ကို မ​ခံ​မ​ယူ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

50 ညီ အစ် ကို တို့၊ အ သွေး အ သား သည် ဘု ရား သ ခင်၏ နိုင် ငံ တော် ကို လည်း ကောင်း၊ သင်္ခါ ရ သည် အ သင်္ခါ ရ ကို လည်း ကောင်း၊ အ ပိုင် ရ နိုင် သည် မ ဟုတ် ကြောင်း ငါ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

50 ညီ​အစ်​ကို​တို့၊ ငါ​ဆို​သည်​ကား၊ လူ​အ​သွေး​အ​သား​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​နိုင်၊ ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော​အ​ဖြစ်​ကို အ​မွေ​မ​ခံ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

50 ညီအစ်ကို​တို့၊ ငါ​ဆို​သည်​ကား အသွေး​အသား​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည်​လည်း ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:50
18 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ယောန​၏​သား​ရှိမုန်… သင်​သည်​မင်္ဂလာရှိ၏။ သင်သည် ဤ​အရာ​ကို လူ့​အနေဖြင့်​သိသည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏ ခမည်းတော်​က ဖော်ပြတော်မူ​၍ သိခြင်း​ဖြစ်၏။


ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။


ကောင်းမှု​ကို အစဉ်တစိုက်​ပြု​၍ ဘုန်းအသရေ၊ ဂုဏ်အသရေ​နှင့် မပျက်စီး​မယိုယွင်းသော​ဘဝ​ကို ရှာသော​သူတို့​အား ထာဝရ​အသက်​ကို ပေးတော်မူ​လိမ့်မည်။


သင်တို့​ထဲမှ တချို့​က “ငါ​သည် ပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် အာပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ပေတရု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ခရစ်တော်​၏​တပည့်​ဖြစ်၏” ဟူ၍ အသီးသီး​က ပြောဆို​နေကြ​သောကြောင့် ဤ​စကား​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။


သေလွန်သော​သူတို့ ပြန်ရှင်ခြင်း​မှာလည်း ထို​နည်း​အတိုင်း​ဖြစ်၏။ ကျွန်ုပ်တို့ သေဆုံး​သောအခါ ကျွန်ုပ်တို့​၏ ပုပ်ပျက်တတ်သော​ခန္ဓာ​သည် မြေ​၌ စိုက်ပျိုးခြင်း​ခံရ၏။ သို့သော်လည်း ထမြောက်​သောအခါ မပုပ်ပျက်နိုင်သော​ခန္ဓာ​အဖြစ် ရှိ​လိမ့်မည်။


ရုပ်​ခန္ဓာ​အဖြစ် စိုက်ပျိုးခြင်း​ခံရ​၍ ထမြောက်​သောအခါ ဝိညာဉ်​ခန္ဓာ​အဖြစ် ရှိ​လိမ့်မည်။ ရုပ်​ခန္ဓာ​ရှိလျှင် ဝိညာဉ်​ခန္ဓာ​လည်း ရှိလိမ့်မည်။


သူခိုးများ၊ လောဘကြီးသူများ၊ သောက်စား​မူးရူးသူများ၊ ဆဲရေး​တိုင်းထွာသူများ၊ လှည့်စား​လိမ်ယူသူများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​ခံရကြမည်​မဟုတ်ပေ။


သင်တို့​က “အစာ​သည် ဝမ်း​အတွက် ဖြစ်​၍ ဝမ်း​သည် အစာ​အတွက် ဖြစ်သည်” ဟု ဆိုကြ၏။ ဤ​စကား​သည် မှန်၏။ သို့သော်လည်း တစ်နေ့​တစ်ချိန်​တွင် ဘုရားသခင်​သည် ထို​အရာ​နှစ်မျိုးလုံး​ကို ဖျက်ဆီးတော်မူ​လိမ့်မည်။ ကိုယ်ခန္ဓာ​သည် တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်အတွက် မဟုတ်ဘဲ ဘုရားသခင်​အတွက်​သာ ဖြစ်၏။ ဘုရားသခင်​သည်လည်း ကျွန်ုပ်တို့​၏​ကိုယ်ခန္ဓာ​ကို ကြည့်ရှု​စောင့်ရှောက်တော်မူ၏။


မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊


ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


မျိုးစေ့​အနည်းငယ်​သာ ကြဲသောသူ​သည် အနည်းငယ်​သာ ရိတ်သိမ်းရ​လိမ့်မည်။ များစွာ​ကြဲသောသူ​သည် များစွာ ရိတ်သိမ်းရ​လိမ့်မည် ဟူသော​အချက်​ကို သတိပြုလော့။


ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ ဘုရားသခင်​သည် အာဗြဟံ​နှင့် ပဋိညာဉ်​ဖွဲ့​ပြီးလျှင် ၎င်း​ကို အကောင်အထည်ဖော်​ရန် ကတိပြုတော်မူ၏။ နှစ်ပေါင်း လေးရာ့သုံးဆယ်​ကြာပြီးမှ ပေါ်ပေါက်လာသော ပညတ်တရား​သည် ထို​ပဋိညာဉ်​ကို မပယ်ဖျက်နိုင်​သကဲ့သို့ ထို​ကတိတော်​ကိုလည်း မပျက်ပြယ်စေနိုင်ပေ။


ဝိညာဉ်တော်​လမ်းညွှန်မှု​အတိုင်း ပြုမူနေထိုင်ကြ​ရန် သင်တို့​အား ကျွန်ုပ်​ပြောလို၏။ ထိုသို့​ပြုမူနေထိုင်​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​အလို​ကို မလိုက်ဘဲ နေကြ​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


ဤ​အကြောင်း​ကို သင်တို့​အား ပြောရခြင်း​မှာ မည်သူ​မျှ သင်တို့​ကို ဖြားယောင်းသော​စကား​ဖြင့် မလှည့်ဖြား​စေရန် ဖြစ်၏။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ