Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 20:23 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ယေရှု​က “သင်တို့​သည် ငါ​၏​ခွက်​ကို အမှန်​သောက်ကြရမည်။ သို့ရာတွင် ငါ​၏ လက်ဝဲ​နှင့်​လက်ယာ တစ်ဖက်စီ​၌ ထိုင်ခွင့်​ကို ငါ​ပေးသည်​မဟုတ်။ ထို​နေရာများ​ကို ငါ​၏ ခမည်းတော်​သည် မိမိ​ရွေးချယ်တော်မူသောသူများ​အတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ကိုယ်​တော်​က ``သင်​တို့​သည်​ငါ​၏​ခွက်​မှ​အ​မှန်​ပင် သောက်​ရ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ နှင့်​လက်​ဝဲ​ရံ​အ​ဖြစ်​ကို​မူ​ငါ​မ​ပေး​ပိုင်။ ဤ​အ​ခွင့် အ​ရေး​များ​သည်​ငါ့​ခ​မည်း​တော်​စီ​မံ​ပြင်​ဆင်​ထား သူ​များ​အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် က လည်း သင် တို့ သည် ငါ့ ခွက် ကို သောက် ရ မည်။ ဝဲ ယာ၌ ထိုင် ခွင့် ကို ကား ငါ မ ပေး ပိုင်။ ခ မည်း တော် ပြင် ဆင် နှင့် တော် မူ သည့် အ တိုင်း သာ ထိုင် ခွင့် ရ ရှိ ကြ သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ငါ၏​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း ငါ၏​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့ အ​ဖို့​အ​လို့​ငှာ ငါ့​ခ​မည်း​တော်​သည် ပြင်​ဆင်၏။ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ကိုယ်တော်​က​လည်း“ငါ​၏​ခွက်​ကို သင်​တို့​သောက်​ကြ​မည်​မှန်​၏။ သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ငါ​၏​ခမည်းတော်​ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 ငါ၏​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း ငါ၏​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့ အ​ဖို့​အ​လို့​ငှာ ငါ့​ခ​မည်း​တော်​သည် ပြင်​ဆင်၏။ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:23
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​က “သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို သိခွင့်​ရကြ​သော်လည်း အခြားသူများ​မှာ သိခွင့်​မရကြ။


ထို​အကြောင်း​ကို ကျန်​တပည့်တော်​ဆယ်ပါး​တို့ ကြား​သောအခါ ထို​ညီအစ်ကို​နှစ်ဦး​ကို ဒေါသထွက်ကြ၏။


ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။


သို့ရာတွင် ငါ​၏ လက်ဝဲ​နှင့်​လက်ယာ တစ်ဖက်စီ​၌ ထိုင်ခွင့်​ကို ငါ​ပေးသည်​မဟုတ်။ ထို​နေရာများ​ကို ငါ​၏ ခမည်းတော်​သည် မိမိ​ရွေးချယ်တော်မူသော​သူများ​အတွက် ပြင်ဆင်ထားတော်မူ၏” ဟု မိန့်တော်မူ၏။


သူ​သည် ယောဟန်​၏​အစ်ကို ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်လေ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ ဖြစ်​သောကြောင့် အမွေခံများ​လည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်​နှင့်အတူ ဆင်းရဲဒုက္ခ​ကို ခံရ​လျှင် ကိုယ်တော်​နှင့်အတူ ဘုရားသခင်​၏ ဘုန်းအသရေ​ကိုလည်း ခံစားကြ​ရမည် ဖြစ်၏။


ထို​အရာ​မှာ ကျမ်းစာ​၌ “မိမိ​ကို ချစ်သော​သူတို့​အတွက် ဘုရားသခင်​ပြင်ဆင်တော်မူသော​အရာတို့​ကို လူ့​မျက်စိ​ဖြင့် မမြင်၊ လူ့​နား​ဖြင့် မကြား၊ လူ့​စိတ်​ဖြင့် မတွေးမိဖူးသေး” ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်၏။


သင်တို့ ဆက်လက်​၍ သည်းခံနိုင်မည်​ဟု ကျွန်ုပ်တို့ ခိုင်မြဲ​စွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆင်းရဲဒုက္ခ​ကို ကျွန်ုပ်တို့​နှင့်အတူ မျှဝေခံစားရ​သကဲ့သို့ နှစ်သိမ့်ခြင်း​ကိုလည်း မျှဝေခံစားရမည်​ကို ကျွန်ုပ်တို့ သိ​သောကြောင့်​ဖြစ်၏။


ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။


သို့သော် ထို​သူတို့​သည် ပို​၍ ကောင်းသော​ပြည်​ဖြစ်သည့် ကောင်းကင်ဘုံ​၌ ရှိသော ပြည်​ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်​သည် သူတို့​၏ ဘုရား​ဟု ခေါ်ဝေါ်ခံရခြင်း​ကို ရှက်တော်မမူသည့်​အပြင် သူတို့​နေထိုင်​ရန် မြို့​ကိုပင် တည်တော်မူပြီ။


သင်တို့​၏​ညီအစ်ကို​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် သင်တို့​နည်းတူ ယေရှု​၏​နောက်လိုက်​ဖြစ်သည်​နှင့်အညီ ဆင်းရဲဒုက္ခ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​နိုင်ငံတော်သား​ဖြစ်ခွင့်​ကို​လည်းကောင်း၊ စိတ်ရှည်​သည်းခံရခြင်း​ကို​လည်းကောင်း မျှဝေခံစားသည့် သင်တို့​၏​လုပ်ဖော်ကိုင်ဖက်​ဖြစ်၏။ ကျွန်ုပ်​သည် ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြောပြီး သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​သောကြောင့် ပတ်မုကျွန်း​သို့ ရောက်နေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ