လုကာ 11:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း50-51 အာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို ဤမျိုးဆက်တို့သည် ပေးဆပ်ရလိမ့်မည်။ မှန်ပါ၏။ ဤမျိုးဆက်တို့သည် ထိုသွေးကြွေးကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဟု ငါပြောဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible50-51 သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible50-51 အာ ဗေ လ အ သွေး မှ ပူ ဇော် ရာ ပ လ္လင် တော် နှင့် ဗိ မာန် တော် ကြား တွင် သေ ရ သော ဇာ ခ ရိ အ သွေး တိုင် အောင် ဤ လော က တည် သည် က စ၍ လွန် ခဲ့ သော ပ ရော ဖက် ရှိ သ မျှ တို့ အ သွေး ကို ယ ခု လူ မျိုး ထံ မှ တောင်း ဆို ရ စေ ခြင်း ငှာ တည်း။ ယ ခု လူ မျိုး ထံ မှ မု ချ တောင်း ဆို တော် မူ လိမ့် မည် ငါ ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible50 ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း50 ထို့ကြောင့် အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် အသတ်ခံခဲ့ရသည့် ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခြင်းခံရသော ပရောဖက်အပေါင်းတို့၏သွေးကြွေးကို ဤမျိုးဆက်ထံမှ တောင်းယူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ50 ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။- အခန်းကိုကြည့်ပါ။ |