Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 2:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သည်း​ခံ​လျှင်၊ ထို​သ​ခင်​နှင့်​အ​တူ စိုး​စံ​လိမ့်​မည်။ ထို​သ​ခင်​ကို ငါ​တို့​သည် ငြင်း​ပယ်​လျှင်၊ ငါ​တို့​ကို ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​တို့​သည် သည်းခံ​လျှင် ကိုယ်တော်​နှင့်အတူ​စိုးစံ​ရ​ကြ​လိမ့်မည်။ ကိုယ်တော်​ကို​ငြင်းပယ်​မည်​ဆိုလျှင် ကိုယ်တော်​သည်​လည်း ငါ​တို့​ကို​ငြင်းပယ်​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 2:12
29 ပူးပေါင်းရင်းမြစ်များ  

သို့သော် လူတို့​ရှေ့တွင် ငါ့​ကို ငြင်းပယ်သော​သူ​အား ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​ရှေ့တွင် ငါ​သည် ငြင်းပယ်မည်။


ပေတရု​က “အကျွန်ုပ်​သည် သခင်​နှင့်အတူ သေရမည်​ဆိုလျှင်ပင် သခင့်​ကို အကျွန်ုပ် မည်သည့်​အခါမျှ ငြင်းပယ်မည်​မဟုတ်” ဟု လျှောက်လေ၏။ အခြား​တပည့်တော်တို့​သည်လည်း ထို​နည်းတူ​လျှောက်ကြ၏။


ထိုအခါ ပေတရု​သည် “ကြက်မတွန်​မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟူသော ယေရှု​မိန့်တော်မူခဲ့သည့် စကား​ကို သတိရ​သဖြင့် အပြင်​သို့ ထွက်​၍ ရှိုက်ကြီးတငင်​ငိုကြွေးလေ၏။


“နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​လက်​သို့ အပ်ခြင်း​ခံရမည်။ သူတို့​သည် သူ့​ကို သေဒဏ်​ပေးကြ​လိမ့်မည်။ လူမျိုးခြားတို့​၏​လက်​သို့လည်း အပ်နှံကြ​လိမ့်မည်။


ဘုရားသခင်​ကို မယုံကြည်​၍ အပြစ်​ကျူးလွန်သော ဤ​ခေတ်ကာလ​တွင် တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် သန့်ရှင်းသော​ကောင်းကင်တမန်များ​ခြံရံ​လျက် ခမည်းတော်​၏​ဘုန်းအသရေ​ကို​ဆောင်​ကာ ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။


လူတို့​ရှေ့တွင် ငါ့​ကို ငြင်းပယ်သော​သူ​အား ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့​တွင် ငါ​သည် ငြင်းပယ်မည်။


ငါ့​ခမည်းတော်​သည် နိုင်ငံတော်​ကို ငါ့​အား အပ်သည့်​အတိုင်း ငါ​သည်လည်း နိုင်ငံတော်​ကို သင်တို့​အား​အပ်၏။


သို့ဖြစ်၍ သင်တို့​သည် ငါ့​နိုင်ငံတော်၊ ငါ့​စားပွဲ​တွင် စားသောက်ခွင့်​ရ​လိမ့်မည်။ ထို့ပြင် ရာဇပလ္လင်များ​ပေါ်တွင်​ထိုင်​လျက် အစ္စရေး​မျိုးနွယ်စု ဆယ့်နှစ်စု​ကို တရားစီရင်ကြ​လိမ့်မည်။


တစ်စုံတစ်ဦး​သည် ငါ​နှင့် ငါ့​စကား​အတွက် ရှက်​လျှင် လူသား​သည် မိမိ​ဘုန်းအသရေ၊ ခမည်းတော်​၏​ဘုန်းအသရေ၊ သန့်ရှင်းသော​ကောင်းကင်တမန်များ​၏​ဘုန်းအသရေ​နှင့် ကြွလာ​သောအခါ ထို​သူ​အတွက် ရှက်တော်မူမည်။


သူတို့​က “ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​များစွာ​ခံရခြင်း​အားဖြင့် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ရောက်ကြရမည်” ဟု ဆို​လျက် ထို​မြို့များ​ရှိ တပည့်တော်တို့​၏ စိတ်​ကို ကြံ့ခိုင်​စေကြ၏။ ယုံကြည်ခြင်း​တွင်လည်း ဆက်လက်​ရပ်တည်​ရန် ခွန်အားပေးကြ၏။


လူတစ်ဦး​ဖြစ်သော အာဒံ​၏​အပြစ်​ကြောင့် လူများစွာ​ကို သေခြင်းတရား​က အုပ်စိုး​လျှင် လူတစ်ဦး​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏ ကြွယ်ဝသော​ဆုကျေးဇူးတော်​နှင့် ဖြောင့်မတ်ခြင်း​ဟူသော လက်ဆောင်​ကို လက်ခံရရှိသူ​အပေါင်းတို့​က အသက်ရှင်​လျက် ပို၍​ပင် အုပ်စိုးကြ​လိမ့်မည်။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ သားသမီးများ ဖြစ်​သောကြောင့် အမွေခံများ​လည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်​နှင့်အတူ ဆင်းရဲဒုက္ခ​ကို ခံရ​လျှင် ကိုယ်တော်​နှင့်အတူ ဘုရားသခင်​၏ ဘုန်းအသရေ​ကိုလည်း ခံစားကြ​ရမည် ဖြစ်၏။


သင်တို့​ကို ဆန့်ကျင်သော​သူများ​ကြောင့် မကြောက်ရွံ့ကြနှင့်။ ဤသို့​မကြောက်ရွံခြင်း​သည် သူတို့​အတွက် ပျက်စီးမည့်​လက္ခဏာ​ဖြစ်​ပြီး သင်တို့​အတွက်​မူ ဘုရားသခင်​ကိုယ်တိုင် ကယ်တင်မည့်​လက္ခဏာ​ဖြစ်၏။


မိမိ​ဆွေမျိုးသားချင်း၊ အထူး​သဖြင့် မိမိ​အိမ်သူအိမ်သားများ​ကို မစောင့်ရှောက်သူ​သည် ယုံကြည်ခြင်း​တရား​ကို ငြင်းပယ်​သဖြင့် မယုံကြည်သူများ​ထက် ပို​၍ ဆိုး၏။


အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူ​တချို့​သည် သင်တို့​ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြ​သောကြောင့်​ဖြစ်၏။ ထို​သူတို့​မှာ ပြစ်ဒဏ်စီရင်​ခံရမည်​ဟု ရှေးယခင်​ကတည်းက သတ်မှတ်ထားခြင်း​ခံရသူများ​ဖြစ်ကြ၏။ သူတို့​သည် ကျွန်ုပ်တို့​ဘုရားသခင်​၏ ကျေးဇူးတော်​ကို ကာမဂုဏ်​လိုက်စားခြင်း​အတွက် အခွင့်အရေး​အဖြစ် အလွဲသုံးစား​လုပ်​၍ ကျွန်ုပ်တို့​၏​တစ်ပါးတည်းသော​အရှင်၊ သခင် ယေရှု​ခရစ်တော်​ကို ငြင်းပယ်ကြ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​ကို လူမျိုးတော်​ဖြစ်လာစေ​လျက် ခမည်းတော်​ဘုရားသခင်​ကို အစေခံသည့် ယဇ်ပုရောဟိတ်များ​ဖြစ်စေတော်မူ၏။ ကိုယ်တော်​၌ ဘုန်းအသရေ​နှင့်​ဘုန်းတန်ခိုး အစဉ်​ထာဝရ ရှိတော်မူ​ပါစေသော။ အာမင်။


သင်တို့​၏​ညီအစ်ကို​ဖြစ်သော ကျွန်ုပ်​ယောဟန်​သည် သင်တို့​နည်းတူ ယေရှု​၏​နောက်လိုက်​ဖြစ်သည်​နှင့်အညီ ဆင်းရဲဒုက္ခ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​နိုင်ငံတော်သား​ဖြစ်ခွင့်​ကို​လည်းကောင်း၊ စိတ်ရှည်​သည်းခံရခြင်း​ကို​လည်းကောင်း မျှဝေခံစားသည့် သင်တို့​၏​လုပ်ဖော်ကိုင်ဖက်​ဖြစ်၏။ ကျွန်ုပ်​သည် ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြောပြီး သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​သောကြောင့် ပတ်မုကျွန်း​သို့ ရောက်နေ၏။


သင်​သည် စာတန်​အုပ်စိုးသည့်​နေရာ​၌ နေကြောင်း​ကို ငါ​သိ၏။ သို့သော် သင်​သည် ငါ​၏​နာမ​ကို စွဲကိုင်​နေလျက်​ရှိသေး၏။ ငါ​၏​သစ္စာရှိသော​သက်သေခံ အန္တိပ​သည် ဤ​စာတန်​အုပ်စိုး​သည့်​နေရာ​၌ အသတ်ခံရ​ချိန်​၌ပင် သင်​သည် ငါ့​အပေါ် ထားရှိသော သင်​၏​ယုံကြည်ခြင်း​ကို မစွန့်ပယ်ခဲ့ပေ။


ထို့နောက် ပလ္လင်များ​နှင့် ၎င်းတို့​ပေါ်တွင် ထိုင်နေသော​သူတို့​ကို ကျွန်ုပ်​မြင်ရ၏။ ထို​သူတို့​သည် တရားစီရင်​ရန် အခွင့်အာဏာ​အပ်နှင်းခံကြရ၏။ သခင်​ယေရှု​အကြောင်း​ကို သက်သေခံ​ပြီး ဘုရားသခင်​၏ နှုတ်ကပတ်တော်​ကို ဟောပြော​သောကြောင့် ခေါင်းဖြတ်​ခံရသောသူတို့​၏ ဝိညာဉ်များ​ကိုလည်း ကျွန်ုပ်​မြင်ရ၏။ သူတို့​သည် သားရဲ​နှင့် ထို​သားရဲ​၏​ရုပ်တု​ကို မကိုးကွယ်ကြ။ သူတို့​၏​နဖူး​နှင့် လက်များ​တွင် သားရဲ​၏​အမှတ်တံဆိပ်​ကို မခံယူကြ။ သူတို့​သည် အသက်​ပြန်ရှင်​၍ ခရစ်တော်​နှင့်အတူ နှစ်ပေါင်း​တစ်ထောင် အုပ်စိုးကြရ၏။


ပထမ​ရှင်ပြန်ထမြောက်ခြင်း​တွင် ပါဝင်သူများ​သည် မင်္ဂလာရှိ​ပြီး သန့်ရှင်းကြ၏။ ဒုတိယ​သေခြင်း​သည် သူတို့​အပေါ် သြဇာအာဏာ​မရှိ။ သူတို့​သည် ဘုရားသခင်​နှင့် ခရစ်တော်​၏ ယဇ်ပုရောဟိတ်များ​ဖြစ်ကြပြီး ခရစ်တော်​နှင့်အတူ အနှစ်​တစ်ထောင်​အုပ်စိုးရ​လိမ့်မည်။


သင်​သည် ငါ​သွန်သင်သည့်​အတိုင်း သည်းခံ​လျက်​နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက​၌ နေထိုင်ကြသောသူတို့​ကို စစ်ဆေး​ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး​အပေါ် ကျရောက်မည့်​စုံစမ်း​နှောင့်ယှက်ခြင်း​ကာလ​မှ သင်တို့​ကို ငါ​ကယ်တင်မည်။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ရာဇပလ္လင်​ပေါ်​တွင် ငါ့​ခမည်းတော်​နှင့်အတူ ထိုင်နေ​သကဲ့သို့ အောင်မြင်သော​သူတို့​ကို​လည်း ငါ​၏​ရာဇပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ ထိုင်ခွင့်​ပေးမည်။


သင်​၏​လုပ်ဆောင်မှု​ကို ငါ​သိ၏။ သင်​သည် အားနည်း​သော်လည်း ငါ​၏​သွန်သင်ချက်​ကို လိုက်နာ​၍ ငါ​၏​တပည့်တော်​ဖြစ်ကြောင်း​ကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်​ရှေ့​မှာ တံခါး​ကို ငါ​ဖွင့်ထားပြီ။ ထို​တံခါး​ကို မည်သူ​မျှ​မပိတ်နိုင်။


ကိုယ်တော်​သည် ထို​သူတို့​အား ဘုရားသခင်​၏​လူမျိုးတော်​နှင့် ယဇ်ပုရောဟိတ်များ​ဖြစ်စေတော်မူ၏။ ထို​သူတို့​သည် ကမ္ဘာလောက​ကို အုပ်စိုးကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ