Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 13:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ဤသို့​ဟောတော်မူခြင်း​မှာ “ပုံဥပမာ​ဖြင့် ငါ​ဟောပြောမည်။ ကမ္ဘာ​တည်ချိန်​ကတည်းက ကွယ်ဝှက်ထားသော​အရာ​ကို ဖော်ထုတ်​ပြောဆိုမည်” ဟု ပရောဖက်​မှတစ်ဆင့် မိန့်တော်မူသော​အရာ ဖြစ်လာ​စေရန်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊ ``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။ လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်'' ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို သို့ မိန့် တော် မူ သည် မှာ ပုံ ဆောင် သော စ ကား ကို ငါ နှုတ် မြွက် လျက် က မ္ဘာ ဦး က စ၍ ကွယ် ဝှက် ရာ များ ကို ဖော် ပြ မည် ဟု ပ ရော ဖက် ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​သို့​သော​အား​ဖြင့် ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည်​နှုတ်​ကို​ဖွင့်၍ ဥ​ပ​မာ​များ​ကို​မြွက်​ဆို​အံ့။ က​မ္ဘာ​ဦး​မှ​စ၍ ထိမ်​ဝှက်​သော​အ​ရာ​တို့​ကို ဖော်​ပြ​ပေ​အံ့​ဟု ဟော​ဖူး​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ထို​သို့​သော​အား​ဖြင့် ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည်​နှုတ်​ကို​ဖွင့်၍ ဥ​ပ​မာ​များ​ကို​မြွက်​ဆို​အံ့။ က​မ္ဘာ​ဦး​မှ​စ၍ ထိမ်​ဝှက်​သော​အ​ရာ​တို့​ကို ဖော်​ပြ​ပေ​အံ့​ဟု ဟော​ဖူး​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 13:35
24 ပူးပေါင်းရင်းမြစ်များ  

ဤသို့ဖြင့် ဟေရှာယ​၏ ကြိုတင်​ဟောပြောချက်​သည် သူတို့​၌ ဖြစ်လာလေ၏။ ထို​ဟောပြောချက်​မှာ ‘သင်တို့​သည် ငါ​ပြောသည့်​စကား​ကို နားထောင်​လျက်နှင့်ပင် နားမလည်ကြ။ ငါ​လုပ်ဆောင်သည့်​အရာ​ကို ကြည့်​လျက်နှင့်ပင် သဘောမပေါက်နိုင်ကြ။


ထိုအခါ ယေရှု​သည် ထို​သူတို့​အား အကြောင်းအရာ​များစွာ​ကို ပုံဥပမာများ​ဖြင့် မိန့်တော်မူသည်​မှာ “နားထောင်ကြလော့။ လယ်သမား​တစ်ဦး​သည် မျိုးစေ့​ကြဲ​ရန် ထွက်သွား၏။


ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။


ထိုအခါ ကိုယ်တော်​သည် သူတို့​ကို စတင်​၍ သွန်သင်တော်မူ၏။


တရားစီရင်​သောအခါ သင်တို့​သည် တိုင်ရာမြို့​နှင့်​ဆီဒုန်မြို့​ထက် ပို​၍ အပြစ်ဒဏ်ခံရ​လိမ့်မည်။


အို အဖ… အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော​သူတို့​ကို အကျွန်ုပ်​ရှိမည့်​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိစေ​လိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်​မရှိမီ​ကပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို ချစ်​၍ ပေးတော်မူသော ဘုန်းအသရေ​ကို သူတို့​တွေ့မြင်ပါ​လိမ့်မည်။


ဤ​အကြောင်းအရာများ​ကို ယခင်​အချိန်​မှစ၍ သိစေတော်မူသော​ထာဝရဘုရား မိန့်တော်မူ၏’ ဟူ၍ ရေးသားထား၏။


ကျွန်ုပ်တို့​ပြောဆိုသော​ပညာ​စကား​မှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်​နက်နဲသော​ဘုရားသခင်​၏ ပညာ​စကား​ဖြစ်၏။ ဘုရားသခင်​သည် ကမ္ဘာ​မတည်မီ​ကပင် ထို​ပညာ​ကို ကျွန်ုပ်တို့​၏ ဘုန်းအသရေ​အတွက် ကြိုတင်​သတ်မှတ်ထားတော်မူ၏။


ဘုရားသခင်​သည် ထို​လျှို့ဝှက်​နက်နဲသော​အရာ​ကို ဝိညာဉ်တော်​မှတစ်ဆင့် မိမိ​၏ သန့်ရှင်းသော​တမန်တော်များ​နှင့် ပရောဖက်များ​ကို ယခု​အခါ​၌ ရှင်းလင်း​စွာ ဖွင့်ပြတော်မူ​သကဲ့သို့ ယခင်​ခေတ်ကာလ​၌ ဖော်ပြတော်မမူခဲ့ပေ။


အရာ​အားလုံး​ကို ဖန်ဆင်းတော်မူသော​ဘုရားသခင်​ထံ၌ ရှေးယခင်​မှစ၍ ဝှက်ထားသည့် ဤ​လျှို့ဝှက်​နက်နဲသော အကြံအစည်တော်​သည် မည်သည့်​အရာ​ဖြစ်ကြောင်း လူအပေါင်းတို့​ကို ဖော်ပြ​နိုင်ရန် ဖြစ်၏။


ရှေး​ကာလ​၌ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ဘိုးဘေးများ​ကို ပရောဖက်များ​မှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်း​အမျိုးမျိုး​ဖြင့် စကားပြောတော်မူ၏။


အသေ​သတ်ခြင်း​ခံရသော သိုးသငယ်တော်​၏ အသက်​စာစောင်​၌ ကမ္ဘာဦး​အစ​ကပင် အမည်​စာရင်း​ပါသောသူများ​မှလွဲ၍ ကမ္ဘာလောက​၌ နေထိုင်ကြသောသူ​အပေါင်းတို့​သည် ထို​သားရဲ​ကို ကိုးကွယ်ကြ​လိမ့်မည်။


သင်​မြင်ရသော​သားရဲ​သည် ယခင်က အသက်ရှင်​သော်လည်း ယခု​မရှင်တော့ပေ။ သို့သော် မကြာမီ သူ​သည် တွင်းနက်ကြီး​ထဲမှ တက်လာပြီး ဖျက်ဆီးခြင်း​ကို ခံရ​လိမ့်မည်။ ကမ္ဘာလောက​၌ နေထိုင်ကြသော​သူတို့​တွင် ကမ္ဘာဦး​အစ​ကပင် အသက်​စာစောင်​၌ စာရင်း​မဝင်သူများ​က ထို​သားရဲ​ကို မြင်ရ​သောအခါ အလွန်​အံ့ဩကြ​လိမ့်မည်။ အကြောင်းမှာ ယခင်​အသက်ရှင်ခဲ့သည့် ထို​သားရဲ​သည် ယခု​မရှင်တော့​သော်လည်း မကြာမီ​ပြန်ပေါ်လာ​ဦးမည့်​အတွက်ကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ