Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 25:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 သူ​၏ သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသော​တာဝန်များ​ကို သင့်​အား ငါ​လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ ရှင် က တော် လှ ပေ ပြီ။ သ စ္စာ ရှိ သော ငါ့ ကျွန် ကောင်း၊ နည်း ပါး ရာ အ ပေါ်၌ သင် သ စ္စာ ရှိ သည် ဖြစ်၍ များ ပြား ရာ အ ပေါ် တွင် ငါ ခန့် ထား မည်။ သင့် အ ရှင် ၏ ရွှင် လန်း ခြင်း ကို ဝင် စား လော့ ဟု ပြန် ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​၏​သခင်​က​လည်း ‘ကောင်းလေစွ။ သစ္စာရှိ​သော​အစေအပါး​ကောင်း၊ သင်​သည် အနည်းငယ်​သော​အရာ​၌ သစ္စာရှိ​၏။ များစွာ​သော​အရာ​တို့​ကို သင့်​အား​ကြီးကြပ်​စောင့်ရှောက်​စေ​မည်။ သင့်​သခင်​၏​ဝမ်းမြောက်​ခြင်း​၌ ပါဝင်​ဆင်နွှဲ​လော့’​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 အ​ရှင်​က​လည်၊ သာ​ဓု၊ သ​စ္စာ​ရှိ​သော ငယ်​သား​ကောင်း၊ သင်​သည် အ​မှု​ငယ်၌ သ​စ္စာ​စောင့်​လေ​ပြီ။ များ​စွာ​သော အ​မှု​အ​ခွင့်​ကို သင်၌​ငါ​အပ်​ပေး​မည်။ သင်၏​သ​ခင်​နှင့်​အ​တူ စည်း​စိမ်​ကို ဝင်​စား​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 25:21
30 ပူးပေါင်းရင်းမြစ်များ  

သခင်​ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသော​အစေခံ​ကောင်း… သင်​သည် သေးငယ်သော​အမှုကိစ္စ​၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသော​တာဝန်များ​ကို သင့်​အား ငါ လွှဲအပ်မည်။ ငါ​၏​စားသောက်ပွဲ​၌ ပါဝင်​ဆင်နွှဲလော့’ ဟု ဆို၏။


သေးငယ်သော​အမှုကိစ္စများ​၌ သစ္စာရှိသော​သူ​သည် ကြီးသော​အမှုကိစ္စများ​၌ သစ္စာရှိ​လိမ့်မည်။ သို့သော် သေးငယ်သော​အမှုကိစ္စများ​၌ မရိုးသားသော​သူ​သည် ကြီးမားသော​အမှုများ​၌​လည်း ရိုးသား​လိမ့်မည်​မဟုတ်ပေ။


ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။


ဆင်းရဲဒုက္ခ​ကို ခံနိုင်​လျှင် ကိုယ်တော်​နှင့်အတူ စိုးစံရ​လိမ့်မည်။ ကိုယ်တော်​ကို ငြင်းပယ်​လျှင် ကိုယ်တော်​သည်လည်း ကျွန်ုပ်တို့​ကို ငြင်းပယ်​လိမ့်မည်။


ငါ​သည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ရာဇပလ္လင်​ပေါ်​တွင် ငါ့​ခမည်းတော်​နှင့်အတူ ထိုင်နေ​သကဲ့သို့ အောင်မြင်သော​သူတို့​ကို​လည်း ငါ​၏​ရာဇပလ္လင်​ပေါ်တွင် ငါ​နှင့်အတူ ထိုင်ခွင့်​ပေးမည်။


ငါ​သည် သွား​၍ သင်တို့​အတွက် နေစရာ​ပြင်ဆင်ပြီး​လျှင် ပြန်လာ​ကာ ငါ​ရှိရာ​အရပ်​၌ သင်တို့​လည်း ရှိ​နိုင်ရန်​အတွက် သင်တို့​ကို ခေါ်ဆောင်မည်။


အို အဖ… အကျွန်ုပ်​အား ကိုယ်တော်​ပေးအပ်တော်မူသော​သူတို့​ကို အကျွန်ုပ်​ရှိမည့်​အရပ်​၌ အကျွန်ုပ်​နှင့်အတူ​ရှိစေ​လိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်​မရှိမီ​ကပင် ကိုယ်တော်​သည် အကျွန်ုပ်​ကို ချစ်​၍ ပေးတော်မူသော ဘုန်းအသရေ​ကို သူတို့​တွေ့မြင်ပါ​လိမ့်မည်။


သင်​ခံစားရမည့်​ဆင်းရဲဒုက္ခ​ကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်​သည် သင့်​ကို စမ်းသပ်​ရန် သင်တို့​ထဲမှ တချို့​ကို ထောင်ချ​လိမ့်မည်။ သင်​သည်​ဆယ်ရက်​တိုင် ဆင်းရဲဒုက္ခ ခံရ​လိမ့်မည်။ သေသည်​တိုင်အောင် သစ္စာ​ရှိလော့။ ထိုသို့​ပြု​လျှင် အသက်​ဆုသရဖူ​ကို သင့်​အား ငါ​ပေးမည်။


သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​အစေခံ​သည် မည်သူနည်း။ ထို​သူ​မှာ အိမ်သူအိမ်သားများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ ဖြစ်၏။


ကျွန်ုပ်​သည် ဤ​အရာ​နှစ်ခု​ကြားတွင် အခက်တွေ့နေ၏။ ဤ​ဘဝ​ကို စွန့်ခွာ​ပြီး ခရစ်တော်​နှင့် အတူ​ရှိနေ​ရန် ကျွန်ုပ်​တောင့်တ၏။ ထို​အရာ​သည် ကျွန်ုပ်​အတွက် ပို၍​ကောင်း၏။


အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်​အလယ်​၌​ရှိသော သိုးသငယ်တော်​သည် သူတို့​၏​သိုးထိန်း​ဖြစ်​၍ အသက်​စမ်းရေတွင်း​သို့ ပို့ဆောင်တော်မူမည်​ဖြစ်​သောကြောင့်​ပင်။ ဘုရားသခင်​သည် သူတို့​၏ ရှိသမျှ​မျက်ရည်တို့​ကို သုတ်ပေးတော်မူ​လိမ့်မည်” ဟု​ဆို၏။


ဂျူးလူမျိုး​အစစ်အမှန်​မှာ ဘုရားသခင်​ရှေ့တော်​တွင် အတွင်း​စိတ်နှလုံး​မှန်ကန်သော​သူ​ဖြစ်၏။ စစ်မှန်သော အရေပြားလှီးခြင်း​မင်္ဂလာ​သည်လည်း စာ​ဖြင့်​ရေးထားသော​ပညတ်တရား​အားဖြင့်​မဟုတ်ဘဲ ဝိညာဉ်တော်​အားဖြင့် စိတ်နှလုံး​၌​အရေပြားလှီးခြင်း​ဖြစ်၏။ ထိုသို့သော​သူ​သည် လူတို့​ထံမှ​မဟုတ်ဘဲ ဘုရားသခင်​ထံမှ​လာသော ချီးမွမ်းခြင်း​ကို​ခံရ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ သခင်​သည် ထို​အစေခံ​အား စည်းစိမ်ဥစ္စာ​ရှိသမျှ​ကို စီမံကွပ်ကဲ​ရန် ခန့်အပ်​လိမ့်မည်။


ထို့ကြောင့် ထို​သူများ​သည် ထာဝရ​အပြစ်ဒဏ်ခံရသော​နေရာ​သို့ သွားကြ​လိမ့်မည်။ သို့ရာတွင် ဖြောင့်မတ်သော​သူတို့​မှာမူ ထာဝရ​အသက်ရှင်ရာ နေရာ​သို့ သွားကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ သခင်​သည် ထို​အစေခံ​အား စည်းစိမ်ဥစ္စာ​ရှိသမျှ​ကို စီမံကွပ်ကဲ​ရန် ခန့်အပ်​လိမ့်မည်။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကို စတင်​ဖြစ်တည်စေ​၍ ပြီးပြည့်စုံစေသော ယေရှု​၏​အကြောင်း​ကို အစဉ်​တွေးတော​ဆင်ခြင်ကြစို့။ ကိုယ်တော်​သည် မိမိ​ရှေ့​၌ရှိသော ဝမ်းမြောက်စရာ​အကြောင်း​ကြောင့် အရှက်​ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်​၏​ဝေဒနာ​ကို သည်းခံတော်မူ၏။ ယခု​တွင်မူ ဘုရားသခင်​၏ ရာဇပလ္လင် လက်ယာတော်​ဘက်​၌ ထိုင်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​နှစ်သက်တော်မူသော​သူ​သည် မိမိကိုယ်ကိုယ် ချီးမွမ်းသော​သူ​မဟုတ်ဘဲ ကိုယ်တော်​က ချီးမွမ်းသော​သူ​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


ထို့ကြောင့် ဤ​ကိုယ်ခန္ဓာ​၌ ရှိနေသည်​ဖြစ်စေ၊ စွန့်ခွာသည်​ဖြစ်စေ ကျွန်ုပ်တို့​၏ ရည်မှန်းချက်​မှာ ကိုယ်တော်​အား နှစ်သက်စေတော်မူ​ရန် ဖြစ်၏။


မိမိ​တာဝန်​ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်​သည် နာမည်ကောင်း​ရ​၍ ယေရှု​ခရစ်တော်​ကို ယုံကြည်သည့်​အကြောင်း ရဲဝံ့​စွာ ပြောနိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ