Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 မတရားပြုသော​သူတို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေ​မခံရကြောင်း သင်တို့​မသိကြသလော။ ယူဆမှု​မလွဲကြနှင့်။ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ရုပ်တု​ကိုးကွယ်သူများ၊ အိမ်ထောင်ရေး​ဖောက်ပြန်သူများ၊ ယောက်ျားချင်း​ဆက်ဆံသူများ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ဆိုး​ညစ်​သော​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​သား​ဖြစ်​ကြ​ရ​လိမ့်​မည်​မ​ဟုတ် ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။ လွဲ​မှား​၍ မ​ထင်​ကြ​နှင့်။ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ ရုပ်​တု​ကို​ကိုး​ကွယ်​သူ​များ၊ သူ့​သား​အိမ်​ရာ ကို​ပြစ်​မှား​သူ​များ၊ ယောကျာ်း​အ​ချင်း​ချင်း မှား​ယွင်း​သူ​များ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 မ တ ရား သူ တို့ သည် ဘု ရား သ ခင်၏ နိုင် ငံ တော် ကို မ ပိုင် ရ ကြောင်း သင် တို့ မ သိ ကြ လော။ အ ထင် မ လွဲ ကြ နှင့်။ မ တ ရား သော မေ ထုန် ပြု သူ၊ ရုပ် ပွား ဆင်း တု ကိုး ကွယ် သူ၊ သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ ယောက်ျား ချင်း မှား ယွင်း သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သို့မဟုတ် မ​ဖြောင့်မတ်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​မည်​မ​ဟုတ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ အယူ​မ​လွဲ​ကြ​နှင့်။ တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ ရုပ်တု​ကိုးကွယ်​သူ​များ၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​များ၊ အမျိုးသား​ပြည့်တန်ဆာ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:9
51 ပူးပေါင်းရင်းမြစ်များ  

ငါ့​အတွက်​ကြောင့် မိမိ​အိမ်များ၊ မြေများ၊ ညီအစ်ကို​မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ​ကို စွန့်လွှတ်သောသူတို့​သည် ဤ​ဘဝ​၌ အဆ​တစ်ရာ အကျိုး​ခံစားရသည်​သာမက ထာဝရ​အသက်​ကိုလည်း ရရှိ​လိမ့်မည်။


ထို့နောက် ရှင်ဘုရင်​က သူ​၏ လက်ယာတော်​ဘက်​၌ ရှိသော​သူတို့​အား ‘ငါ့​ခမည်းတော်​၏ ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​သူတို့… လာကြလော့။ ကမ္ဘာ​တည်​ကတည်းက​ပင် သင်တို့​အဖို့ ပြင်ဆင်​ထားသော နိုင်ငံတော်​ကို အမွေဆက်ခံကြလော့။


ယေရှု​က “သင်တို့​သည် လှည့်စား​မခံရ​စေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​သည် ငါ့​အယောင်​ကို​ဆောင်​၍ ‘ငါ​သည် ယေရှု​ဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်​နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြ​လိမ့်မည်။ သို့သော် ထို​သူတို့​နောက်သို့ မလိုက်ကြနှင့်။


သို့ဖြစ်၍ ယခု ကျွန်ုပ်​သည် သင်တို့​အား ဘုရားသခင်​ထံတော်​သို့​လည်းကောင်း၊ ကိုယ်တော်​၏ ကျေးဇူးတော်​နှင့်ဆိုင်သော တရားတော်​သို့​လည်းကောင်း အပ်နှံပါ၏။ ထို​တရားတော်​သည် သင်တို့​ကို ဆောက်တည်​ပေးနိုင်စွမ်း​နှင့် သန့်ရှင်းစေတော်မူခြင်း​ခံရသော​လူအပေါင်းတို့​နှင့်အတူ သင်တို့​ကို အမွေ​ပေးနိုင်စွမ်း​ရှိ၏။


သို့သော် ပေါလု​သည် ဖြောင့်မတ်ခြင်းတရား​အကြောင်း၊ မိမိကိုယ်ကိုယ်​ချုပ်တည်းခြင်း​အကြောင်း​နှင့် ရောက်လာမည့်​တရားစီရင်ခြင်း​အကြောင်း​စသည်တို့​ကို ပြောဆို​သောအခါ ဖေလဇ်မင်း​သည် ကြောက်လန့်​၍ “ယခု သင်​ပြန်လော့။ နောက်မှ အချိန်​အလျဉ်းသင့်သည့်​အခါ သင့်​ကို ငါ​ခေါ်မည်” ဟု ဆို၏။


ဘုရားသခင်​သည် သမ္မာတရား​ကို မတရားမှု​ဖြင့် ဖုံးကွယ်​တားဆီးကြသော ဘုရားတရားမဲ့သူများ​နှင့် ဆိုးယုတ်သူများ​အား မိမိ​၏ အမျက်တော်​ကို ကောင်းကင်ဘုံ​မှ ဖော်ပြတော်မူ၏။


အလှည့်စား​မခံကြနှင့်။ မကောင်းသော အပေါင်းအသင်းတို့​သည် ကောင်းသော​စာရိတ္တ​ကို ပျက်စီးစေကြ၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ အသွေးအသား​ဖြင့်​ဖွဲ့စည်းထားသော​လူ့​ခန္ဓာ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​မခံနိုင်ပေ။ ပုပ်ပျက်တတ်သော​အရာ​သည် မပုပ်ပျက်​နိုင်သော​အဖြစ်​ကို အမွေ​ဆက်ခံ​နိုင်မည်​မဟုတ်ပေ။


သင်တို့​သည် ဘုရားသခင်​၏ ဗိမာန်တော်​ဖြစ်ကြသည်​ကို​လည်းကောင်း၊ ဘုရားသခင်​၏ ဝိညာဉ်တော်​သည် သင်တို့​အထဲ​၌ ကိန်းဝပ်တော်မူသည်​ကို​လည်းကောင်း မသိကြသလော။


သင်တို့​ထဲမှ လူတစ်ယောက်​သည် မိထွေး​ဖြစ်သူ​နှင့် ပေါင်းသင်း​နေထိုင်​လျက်​ရှိကြောင်း ကျွန်ုပ်​ကြားသိရ၏။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​၌​ပင် ထိုကဲ့သို့ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း မရှိ။


ထိုသို့ ဆိုရာ​တွင် ဤ​လောက​ရှိ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လောဘကြီးသူများ၊ လိမ်လည်​လှည့်ဖြားသူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လုံးဝ​မပေါင်းဖော်ရ​ဟု မဆိုလိုပါ။ ထိုသို့​သာ ဆိုရ​လျှင် ထိုကဲ့သို့သော​သူများ​ကို ရှောင်ကြဉ်​ရန် သင်တို့​သည် ဤ​ကမ္ဘာ​လောက​မှ ထွက်ခွာသွား​ရပေမည်။


ကျွန်ုပ်​ဆိုလိုသည်​မှာ ယုံကြည်သူ​ဖြစ်သည်​ဟု ဆို​လျက် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တု​ကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူ​ဖြစ်နေ​လျှင် ထို​သူ​နှင့် မပေါင်းဖော်ကြ​ရန် သာမက သူ​နှင့်အတူ စားသောက်ခြင်း​ကိုပင် မပြုကြနှင့်​ဟူ၍ ဖြစ်၏။


သူခိုးများ၊ လောဘကြီးသူများ၊ သောက်စား​မူးရူးသူများ၊ ဆဲရေး​တိုင်းထွာသူများ၊ လှည့်စား​လိမ်ယူသူများ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ကို အမွေ​ခံရကြမည်​မဟုတ်ပေ။


တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ကြလော့။ လူ​ကျူးလွန်တတ်သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​၏ ပြင်ပ​တွင် ဖြစ်​သော်လည်း တဏှာ​လွန်ကြူးသော​အပြစ်​မှာမူ မိမိ​ကိုယ်ခန္ဓာ​ကို ပြစ်မှားခြင်း​ဖြစ်၏။


သင်တို့​၏ ကိုယ်ခန္ဓာ​သည် ဘုရားသခင်​ထံတော်​မှ သင်တို့​လက်ခံရရှိထားသည့် ဝိညာဉ်တော်​ဟူသော သင်တို့​အထဲ​၌ ကိန်းဝပ်နေသည့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ ဗိမာန်​ဖြစ်သည်​ကို မသိကြသလော။ သင်တို့​သည် မိမိကိုယ်ကိုယ် မပိုင်ကြ။


အပြေးပြိုင်ပွဲ​တွင် ပြေးသောသူ​အားလုံး ယှဉ်ပြိုင်ကြ​သော်လည်း တစ်ဦးတည်း​သာ ဆုရသည်​ကို သင်တို့​သိကြသည်​မဟုတ်လော။ သို့ဖြစ်၍ ဆု​ကို ဆွတ်ခူးရရှိ​နိုင်ရန်​အတွက် ပြေးကြလော့။


နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။


ယူဆမှု​မလွဲကြနှင့်။ ဘုရားသခင်​ကို မည်သူမျှ လှည့်စား​၍ မရ။ လူ​သည် မိမိ​စိုက်ပျိုးသည့်​အတိုင်း ရိတ်သိမ်းရ​လိမ့်မည်။


ထို့ကြောင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း၊ စက်ဆုပ်​ညစ်ညမ်းခြင်း၊ ကိလေသာ​စိတ် ပြင်းပြခြင်း၊ မကောင်းမှု​ကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း​ဟူသော လောဘ​လွန်ကြူးခြင်း စသည့် လောကီ​ဆိုင်ရာ​အကျင့်တို့​ကို အဆက်ဖြတ်ကြလော့။


လူတိုင်း​နှင့် သဟဇာတ​ဖြစ်ရန်၊ သန့်ရှင်းသော​ဘဝ​နှင့်​နေထိုင်​ရန် အစွမ်းကုန်​ကြိုးစားလော့။ မသန့်ရှင်းသော​သူတို့​သည် ထာဝရဘုရား​ကို ဖူးမြင်​ရမည်​မဟုတ်။


မည်သူမျှ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူ၊ အစာ​တစ်နပ်​အတွက် သားဦး​အရိုက်အရာ​ကို ရောင်းခဲ့သည့် ဧသော​ကဲ့သို့ ဘုရားတရားမဲ့သူ​မဖြစ်​စေရန် သတိပြုလော့။


ထိမ်းမြား​လက်ထပ်ခြင်း​ကို လူတိုင်း​တန်ဖိုးထား​လေးစားရမည်။ အိမ်ထောင်ရေး​တွင် တစ်ဦး​ကို​တစ်ဦး သစ္စာရှိ​ရမည်။ ဘုရားသခင်​သည် တရား​နှင့်​မညီသော မေထုန်​ကို ပြုသူတို့​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်သော​သူတို့​ကို စီရင်တော်မူ​လိမ့်မည်။


ထို့ကြောင့် ချစ်သော​ညီအစ်ကို​မောင်နှမတို့… ယူဆမှု​မလွဲကြနှင့်။


သားသမီးတို့… မည်သူ​မျှ သင်တို့​ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်​စွာ ပြုမူသောသူ​သည် ကိုယ်တော်​ဖြောင့်မတ်တော်မူ​သကဲ့သို့ ဖြောင့်မတ်၏။


သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်​ကောင်းသူများ၊ လူသတ်သမားများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တု​ကိုးကွယ်သူများ​နှင့် လိမ်လည်သူများ​အားလုံးတို့​သည် ကန့်​နှင့် လောင်သော​မီးအိုင်​ထဲသို့ ပစ်ချခြင်း​ခံကြရမည်။ မီးအိုင်​သည် ဒုတိယ​သေခြင်း​ဖြစ်၏” ဟု​မိန့်တော်မူ၏။


မြို့ပြင်​တွင်​မူ ခွေး​ဖြစ်သော​သူများ၊ ပြုစားသောသူများ၊ တရား​နှင့်​မညီသော မေထုန်​ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တု​ကိုးကွယ်သူများ၊ လိမ်လည်ခြင်း​ကို နှစ်သက်​၍ ကျင့်သုံးသောသူ​အပေါင်းတို့ ရှိကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ