ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
မဿဲ 16:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။ Common Language Bible ပေတရုက ``အရှင်သည်အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်တည်းဟူသောခရစ် တော်ဖြစ်ပါသည်'' ဟုလျှောက်လေ၏။ Garrad Bible ရှိ မုန် ပေ တ ရု က ကိုယ် တော် သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင်၏ သား တော် တည်း ဟူ သော ခ ရစ် တော် ပင် ဖြစ် တော် မူ သည် ဟု ပြန် လျှောက် လေ၏။ Judson Bible ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။ မြန်မာ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- |
ယာကုပ်၏သားသည် မာရိ၏ခင်ပွန်း ယောသပ်ဖြစ်၏။ မာရိသည် ခရစ်တော်ဟု ခေါ်သော ယေရှု၏ မယ်တော်ဖြစ်၏။
လှေထဲတွင် ရှိနေသူများက “ကိုယ်တော်သည် အမှန်ပင် ဘုရားသားတော်ဖြစ်၏” ဟု ဆိုကာ ဝပ်တွားခယလျက် ရှိခိုးကြ၏။
ထိုအခါ ယေရှုက “သင်တို့ကမူ ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟု မေးတော်မူလျှင်
သို့ရာတွင် ယေရှုသည် တိတ်ဆိတ်စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော။ ငါတို့အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်၏အမည်နာမတော်ကို တိုင်တည်၍ ငါမေး၏” ဟု ဆိုလေ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
သို့ရာတွင် ယေရှုသည် မေးခွန်းကို ဖြေတော်မမူဘဲ တိတ်ဆိတ်စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက “သင်သည် မင်္ဂလာရှိသော ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်သလော” ဟု ယေရှုအား မေးလေ၏။
ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် မွေးဖွားလာတော်မူပြီ။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
မာသကလည်း “ယုံကြည်ပါ၏ သခင်။ သခင်သည် ဘုရားသခင်ထံမှ ဤလောကသို့ ကြွလာတော်မူသော ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်း ကျွန်မယုံကြည်ပါ၏” ဟု လျှောက်လေ၏။
သို့သော် ယေရှုသည် ဘုရားသခင်၏ သားတော် ခရစ်တော်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြစေရန်နှင့် ထိုသို့ ယုံကြည်၍ နာမတော်၏တန်ခိုးအားဖြင့် အသက်ကို ရရှိကြစေရန် ဤကျမ်းစာကို ရေးသားရခြင်းဖြစ်၏။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်တော်မူကြောင်းကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
ထိုသို့ ခရီးပြုစဉ်တွင် ရေရှိရာသို့ရောက်သော် အမတ်က “ဤနေရာ၌ ရေရှိပါ၏။ ကျွန်ုပ်ကို နှစ်ခြင်းမင်္ဂလာ မခံယူစေနိုင်ရန် တားဆီးသည့်အကြောင်း ရှိသလော” ဟု မေး၏။
ဖိလိပ္ပုက “သင့်စိတ်နှလုံးထဲမှ အကြွင်းမဲ့ ယုံကြည်ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်က “ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလေ၏။
ထို့နောက် ချက်ချင်းပင် ရှောလုက “ယေရှုသည် ဘုရားသားတော်ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များတွင် ဟောပြောလေ၏။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
ကျွန်ုပ်မှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့အား ဟောပြောခဲ့သော ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ကြားတွင် ယိမ်းယိုင်သောအရှင် မဟုတ်ပေ။ ထိုအရှင်၌ “ဟုတ်၏” ဟူ၍သာ ရှိ၏။
သင်တို့သည် ကျွန်ုပ်တို့ ပြုစုသော ခရစ်တော်ထံမှစာဖြစ်ကြောင်း သိသာထင်ရှား၏။ ဤစာသည် မင်ဖြင့် ရေးသားထားသောစာ မဟုတ်၊ အသက်ရှင်တော်မူသောဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ရေးသားထားသောစာဖြစ်၏။ ကျောက်ပြားပေါ်တွင် ရေးထွင်းထားသောစာမဟုတ်၊ လူ့နှလုံးသားပေါ်တွင် ရေးထွင်းထားသောစာဖြစ်၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
သင်တို့ထံ ကျွန်ုပ်တို့ရောက်ခဲ့စဉ် သင်တို့သည် ကျွန်ုပ်တို့ကို မည်သို့ လက်ခံခဲ့ကြောင်းကိုလည်းကောင်း၊ အသက်ရှင်၍ စစ်မှန်သည့် ဘုရားသခင်ကို အစေခံရန် သင်တို့သည် ရုပ်တုကိုးကွယ်နေခဲ့ရာမှ ဘုရားသခင်ထံ မည်သို့ပြောင်းလဲခဲ့ကြောင်းကိုလည်းကောင်း ထိုဒေသတွင် နေထိုင်သူများက ပြောပြကြ၏။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။
အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
တစ်စုံတစ်ယောက်က ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဝန်ခံလျှင် ဘုရားသခင်သည် ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ သူသည်လည်း ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
လောကကို အောင်နိုင်သူမှာ မည်သူနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ယုံကြည်သူသာလျှင်ဖြစ်၏။
ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ကိုကိုင်လျက် အရှေ့အရပ်မှ တက်လာသော ကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့်ပင်လယ်ကို ဖျက်ဆီးရန်အတွက် အခွင့်အာဏာရရှိထားသော ကောင်းကင်တမန်လေးပါးအား သူက ကျယ်လောင်စွာ ကြွေးကြော်သည်မှာ