Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 တစ်စုံတစ်ယောက်​က ယေရှု​သည် ဘုရားသခင်​၏​သားတော်​ဖြစ်ကြောင်း​ကို ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ သူ​သည်လည်း ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ဖြစ်​ကြောင်း​ဝန်​ခံ​သော​သူ​သည် ဘု​ရား​သ​ခင် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ​၏။ ဘု​ရား​သ​ခင် သည်​လည်း​သူ​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ရှိ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် ကြောင်း ဝန် ခံ သူ၌ ဘု ရား သ ခင် တည် တော် မူ လျက် ထို သူ လည်း ဘု ရား သ ခင်၌ တည် သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​သည်​ကို ဝန်​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၌ တည်၏။ ဘု​ရား​သ​ခင်​သည်​လည်း ထို​သူ၌​တည်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:15
15 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​ကို ငါ​သည်လည်း ကောင်းကင်ဘုံ​၌ ရှိတော်မူသော ငါ့​ခမည်းတော်​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။


သင်တို့​အား ငါ​ပြောမည်။ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​အား လူသား​သည်လည်း ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။


ငါ့​အသား​ကို စား​၍ ငါ့​အသွေး​ကို သောက်သောသူ​သည် ငါ့​အထဲ​၌​တည်ရှိ၏။ ငါ​သည်လည်း ထို​သူ့​အထဲ​၌​တည်ရှိ၏။


ဖိလိပ္ပု​က “သင့်​စိတ်နှလုံး​ထဲမှ အကြွင်းမဲ့ ယုံကြည်​ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်​က “ယေရှုခရစ်​သည် ဘုရား​သားတော်​ဖြစ်ကြောင်း ကျွန်ုပ်​ယုံကြည်ပါသည်” ဟု ဆိုလေ၏။


သင်​သည် ယေရှု​ကို အရှင်သခင်​ဖြစ်ကြောင်း နှုတ်​ဖြင့် ဝန်ခံ​၍ ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်း​မှ ထမြောက်စေတော်မူကြောင်း​ကို စိတ်နှလုံး​ထဲ၌ ယုံကြည်​လျှင် ကယ်တင်ခြင်း​ခံရ​လိမ့်မည်။


“ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်တော်မူသည်” ဟု နှုတ်​ဖြင့် ဝန်ခံ​လျက် ခမည်းတော်​ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားကြ​စေရန် ဖြစ်၏။


သားတော်​ကို ငြင်းပယ်သူ​သည် ခမည်းတော်​ကို မသိကျွမ်း။ သားတော်​ကို ဝန်ခံသူ​သည် ခမည်းတော်​ကို သိကျွမ်း၏။


ထို့ကြောင့် အစဦး​ကပင် ကြားခဲ့ရသော အရာ​ကို သင်တို့​၌ တည်စေကြလော့။ ထိုသို့​တည်​လျှင် သင်တို့​သည် သားတော်​၌​လည်းကောင်း၊ ခမည်းတော်​၌​လည်းကောင်း တည်နေ​လိမ့်မည်။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


ဘုရားသခင်​၏​ပညတ်တော်တို့​ကို လိုက်နာသောသူတို့​သည် ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်၍ ကိုယ်တော်​သည်လည်း သူတို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူကြောင်း​ကို ကျွန်ုပ်တို့​အတွက် ပေးတော်မူသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​သိကြ၏။


ဘုရားသခင်​ကို မည်သူ​မျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်ကြ​လျှင် ဘုရားသခင်​သည် ကျွန်ုပ်တို့​နှင့် တပေါင်းတစည်းတည်း​ဖြစ်တော်မူ​၍ ချစ်ခြင်းမေတ္တာတော်​သည် ကျွန်ုပ်တို့​၌ ပြည့်စုံ​လျက်​ရှိပြီ။


ယေရှု​ခရစ်တော်​သည် လူသား​အဖြစ် ကြွလာကြောင်း​ကို ဝန်ခံသော​ဝိညာဉ်​တိုင်း​သည် ဘုရားသခင်​ထံမှ လာသော​ဝိညာဉ်တော်​ဖြစ်၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​၏ ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​သိနိုင်ကြ၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


လောက​ကို အောင်နိုင်သူ​မှာ မည်သူနည်း။ ယေရှု​သည် ဘုရားသခင်​၏​သားတော်​ဖြစ်ကြောင်း ယုံကြည်သူ​သာလျှင်​ဖြစ်၏။


ယေရှု​ခရစ်တော်​သည် လူသား​အဖြစ် ကြွလာတော်မူသည်​ကို ဝန်မခံသော​လှည့်ဖြားသူ​များစွာ​သည် ဤ​လောက​၌ ပေါ်လာ​သဖြင့် ဤ​အကြောင်းအရာ​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။ ထိုသို့သော​သူ​သည် လှည့်ဖြားသူ​ဖြစ်၏။ ခရစ်တော်​၏​ရန်သူ​လည်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ