Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ကျွန်ုပ်​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့က သင်တို့​အား ဟောပြောခဲ့သော ဘုရားသခင်​၏ သားတော် ယေရှု​ခရစ်တော်​သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ကြားတွင် ယိမ်းယိုင်သော​အရှင် မဟုတ်ပေ။ ထို​အရှင်​၌ “ဟုတ်၏” ဟူ၍​သာ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 သင်​တို့​အား​ငါ​မှ​စ​၍​သိ​လွာ​နု​နှင့်​တိ​မော​သေ တို့​ဟော​ပြော​ကြေ​ညာ​ခဲ့​သော​ဘု​ရား​သ​ခင်​၏ သား​တော်​ယေ​ရှု​ခ​ရစ်​သည်​တစ်​ချိန်​တည်း​မှာ​ပင် ``ဟုတ်​မှန်​သည်'' ဟူ​၍​လည်း​ကောင်း၊ ``မ​ဟုတ် မ​မှန်'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​တော်​မူ​သော အ​ရှင်​မ​ဟုတ်။ စင်​စစ်​အား​ဖြင့်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်​၏ ``ဟုတ်​မှန်​သည်'' ဖြစ်​တော်​မူ​ပေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 သင် တို့ ဘောင် တွင် ငါ မှ စ၍ သိ လွာ နု နှင့် တိ မော သေ တို့ ကြော် ငြာ သော ဘု ရား သ ခင့် သား တော် ခ ရစ် တော် ယေ ရှု၌ လည်း ဧ ကန် အ နေ ကန် မ ရှိ၊ ဧ ကန် သာ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ငါ​မှ​စ၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​သည် သင်​တို့​အား​ဟော​ပြော​သော ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း မ​ဆို​လို​ဘဲ၊ ကိုယ်​တော်​မှာ ဟုတ်​မှန်၏ ဟူ၍​သာ​ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အမှန်စင်စစ် ငါ​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့​က သင်​တို့​ထဲတွင်​ဟောပြော​ခဲ့​သော ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၌ တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍​မ​ရှိ​ဘဲ ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍​သာ​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:19
43 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။


“ဗိမာန်တော်​ကို ဖြိုဖျက်​၍ သုံးရက်​အတွင်း ပြန်တည်ဆောက်မည့်​သူ… သင့်ကိုယ်သင်​ကယ်လော့။ သင်​သည် ဘုရားသခင်​၏​သားတော် မှန်​လျှင် လက်ဝါးကပ်တိုင်​မှ ဆင်းလော့” ဟု ကိုယ်တော်​အား ပြက်ရယ်ပြုကြ၏။


ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။


ထိုအခါ ကောင်းကင်​မှ “ဤ​သူ​သည် ငါ​နှစ်သက်​မြတ်နိုးသော ငါ​၏​ချစ်သား​ဖြစ်၏” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


ထိုအခါ မာရ်နတ်​သည် လာ​၍ “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် ဤ​ကျောက်ခဲများ​ကို စားစရာ​ဖြစ်​စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။


ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်တော်​၏ သတင်းကောင်း​အစ​မှာ ဤသို့​ဖြစ်၏။


ကောင်းကင်တမန်​က “သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင့်​အပေါ်​၌ သက်ရောက်တော်မူ​၍ အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​တန်ခိုးတော်​သည် သင့်​ကို လွှမ်းခြုံ​လိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသော​သူငယ်​သည် ဘုရားသခင်​၏​သား​ဟု ခေါ်ဝေါ်ခြင်း​ကို ခံရ​လိမ့်မည်။


မိန့်တော်မူသည့်​အတိုင်း ဖြစ်ပျက်သည်​ကို ငါ​မြင်​သောကြောင့် ထို​အရှင်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်ကြောင်း ငါ​သက်သေခံသည်” ဟု ဆိုလေ၏။


ထိုအခါ နာသနေလ​က “ဆရာတော်… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။


ဂျူး​ခေါင်းဆောင်များ​က “သူ​သည် မိမိ​ကိုယ်ကိုယ် ဘုရား​သားတော်​ဖြစ်သည်​ဟု ပြောဆို​သောကြောင့် အကျွန်ုပ်တို့​၏ တရားဥပဒေ​အရ သေဒဏ်​ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။


သောမ​က “အကျွန်ုပ်​၏​သခင်… အကျွန်ုပ်​၏​ဘုရား​ပင် ဖြစ်ပေ၏” ဟု ပြန်၍​လျှောက်၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏ သားတော် ခရစ်တော်​ဖြစ်ကြောင်း သင်တို့​ယုံကြည်ကြ​စေရန်​နှင့် ထိုသို့ ယုံကြည်​၍ နာမတော်​၏​တန်ခိုး​အားဖြင့် အသက်​ကို ရရှိကြ​စေရန် ဤ​ကျမ်းစာ​ကို ရေးသားရခြင်း​ဖြစ်၏။


ဘုရားသခင်​သည် လောကီသားတို့​ကို အလွန်​ချစ်​သောကြောင့် မိမိ​၏​တစ်ပါးတည်းသော​သားတော်​ကို စွန့်တော်မူ၏။ ထိုသို့​စွန့်တော်မူခြင်း​မှာ သားတော်​ကို ယုံကြည်သောသူ​တိုင်း မပျက်စီးဘဲ ထာဝရ​အသက်​ကို ရရှိ​စေရန်​ဖြစ်၏။


ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်းတော်မူသော​သူ​ဖြစ်တော်မူကြောင်း​ကို အကျွန်ုပ်တို့​ယုံကြည်​သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။


ယေရှု​က “ငါ​အမှန်​ဆိုရ​လျှင် အာဗြဟံ မဖြစ်​မီ​ကပင် ငါ​ဖြစ်၏” ဟု မိန့်တော်မူ၏။


ထို့နောက် တမန်တော်များ၊ အသင်းတော်​အကြီးအကဲများ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူတို့​အထဲ​မှ လူများ​ကို​ရွေးချယ်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ ဆီးရီးယားပြည်​ရှိ​အန္တိအုတ်မြို့​သို့ စေလွှတ်​ရန် ဆုံးဖြတ်ကြ၏။ ထို​သူတို့​မှာ ယုံကြည်သူများ​ထဲမှ ခေါင်းဆောင်​ဖြစ်သော​ဗာရှဗ​ခေါ် ယုဒ​နှင့် သိလ​တို့​ဖြစ်ကြ၏။


ပေါလု​သည် ဒေရဗေမြို့​နှင့် လုတ္တရမြို့​သို့ ရောက်လာ၏။ လုတ္တရမြို့​တွင် တိမောသေ​ဟု ခေါ်သော တပည့်တော်​တစ်ဦး​ရှိ၏။ သူ​၏​မိခင်​သည် ယုံကြည်သူ ဂျူး​အမျိုးသမီး​ဖြစ်ပြီး ဖခင်​မှာ ဂရိ​အမျိုးသား​ဖြစ်၏။


သိလ​နှင့် တိမောသေ​တို့​သည် မာကေဒေါနိပြည်​မှ ရောက်လာကြ​သောအခါ ပေါလု​သည် တရားဟောပြောခြင်း​အမှု​ကိုသာ ဆောင်ရွက်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း​ကို ဂျူးတို့​အား သက်သေခံ​၍ ဟောပြောလေ၏။


ထိုသို့ ခရီးပြု​စဉ်တွင် ရေ​ရှိရာ​သို့​ရောက်​သော် အမတ်​က “ဤ​နေရာ​၌ ရေ​ရှိပါ၏။ ကျွန်ုပ်​ကို နှစ်ခြင်းမင်္ဂလာ မခံယူ​စေနိုင်ရန် တားဆီးသည့်​အကြောင်း ရှိသလော” ဟု မေး၏။


ထို့နောက် ချက်ချင်း​ပင် ရှောလု​က “ယေရှု​သည် ဘုရား​သားတော်​ဖြစ်ပေသည်” ဟူ၍ ဂျူးဝတ်ပြုဆောင်များ​တွင် ဟောပြောလေ၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ တိမောသေ​တို့​က ကောရိန္သုမြို့​ရှိ ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယပြည်​တစ်ဝန်းလုံး​၌ နေထိုင်သော ယုံကြည်သူ​အားလုံး​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့က အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သက်သာလောနိတ်​အသင်းတော်​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​က ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ကို ယုံကြည်ကြသော သက်သာလောနိတ်​မြို့သားတို့​၏ အသင်းတော်​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


ကောင်းကင်​နှင့်​မြေကြီး ပျက်စီးသွားမည် ဖြစ်​သော်လည်း ကိုယ်တော်​သည် ထာဝရ​တည်တော်မူ​လိမ့်မည်။ ကောင်းကင်​နှင့်​မြေကြီး​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်းသွား​လိမ့်မည်။


ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့၊ နောင်​ကာလ အစဉ်​မပြောင်းလဲဘဲ ရှိတော်မူ၏။


သစ္စာရှိသော​ညီအစ်ကို​ဟု ကျွန်ုပ်​မှတ်ယူသော သိလွာနု​၏​အကူအညီ​ဖြင့် သင်တို့​ထံ စာ​ကို အကျဉ်းချုံး​၍ ရေးလိုက်၏။ အကြောင်းအရာ​မှာ သင်တို့​အား တိုက်တွန်း​နှိုးဆော်​ရန်​နှင့် ကျွန်ုပ်​ရေးလိုက်သော​အရာတို့​သည် ဘုရားသခင်​၏ စစ်မှန်သော​ကျေးဇူးတော်​ဖြစ်ကြောင်း သက်သေခံ​ရန်​ဖြစ်၏။ ထို​ကျေးဇူးတော်​တွင် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။


ကိုယ်တော်​သည် ခမည်းတော်​ဘုရားသခင်​ထံမှ ဂုဏ်အသရေ​နှင့် ဘုန်းအသရေ​ကို ခံယူတော်မူခဲ့၏။ ထိုစဉ် ဘုရားသခင်​၏ ကြီးမြတ်သော​ဘုန်းတော်​ထံမှ “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏” ဟူသော အသံတော်​သည် ထွက်ပေါ်လာ၏။


ကျွန်ုပ်တို့​မြင်ရ၊ ကြားရသော အရာများ​ကို သင်တို့​အား ပြောပြရခြင်း​မှာ သင်တို့​သည် ကျွန်ုပ်တို့​နှင့် မိတ်သဟာယဖွဲ့​စေရန် ဖြစ်၏။ ကျွန်ုပ်တို့​၏ မိတ်သဟာယဖွဲ့ခြင်း​မှာ ခမည်းတော်​နှင့်​လည်းကောင်း၊ သားတော် ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း မိတ်သဟာယဖွဲ့ခြင်း​ဖြစ်၏။


ဘုရားသခင်​၏​သားတော်​သည် ကြွလာ​၍ စစ်မှန်သော​ဘုရားသခင်​ကို သိ​နိုင်သည့်​ဉာဏ်​ကို ကျွန်ုပ်တို့​အား ပေးတော်မူကြောင်း​ကိုလည်း ကျွန်ုပ်တို့​သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် စစ်မှန်သော​ဘုရားသခင်​နှင့်​လည်းကောင်း၊ သားတော်​ယေရှု​ခရစ်တော်​နှင့်​လည်းကောင်း တပေါင်းတစည်းတည်း​ဖြစ်ကြ၏။ ထို​အရှင်​သည် စစ်မှန်သော​ဘုရားသခင်​ဖြစ်တော်မူ​ပြီး ထာဝရ​အသက်​လည်း ဖြစ်တော်မူ၏။


ခရစ်တော်​၏ သွန်သင်ချက်​အတိုင်း မရပ်တည်ဘဲ ၎င်း​ကို ကျော်လွန်သော​သူတိုင်း​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​မဟုတ်ပေ။ သွန်သင်ချက်​အတိုင်း ရပ်တည်သောသူ​သည် ခမည်းတော်​နှင့် သားတော်​နှစ်ပါးလုံး​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ထို​အသံ​က “သင်​မြင်သော​အရာ​ကို စာစောင်​တွင် ရေး​၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ​ရှိ အသင်းတော်​ခုနစ်ပါး​ထံသို့ ပေးပို့လော့” ဟု ဆို၏။


ထို​သူ​ကို တွေ့​သောအခါ ကျွန်ုပ်​သည် သေသွား​သကဲ့သို့ သူ​၏ ခြေရင်း​၌ လဲကျသွား၏။ ထိုအခါ သူ​သည် လက်ယာ​လက်​ကို ကျွန်ုပ်​အပေါ်​တင်​၍ အောက်ပါ​အတိုင်း ဆို၏။ “မကြောက်နှင့်။ ငါ​သည် အစဦးဆုံးသောသူ​နှင့် နောက်ဆုံးသောသူ​ဖြစ်၏။


ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။


သွာတိရမြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ မျက်လုံးတော်​သည် မီးလျှံ​ကဲ့သို့​လည်းကောင်း၊ ခြေတို့​သည် တောက်ပသော​ကြေးဝါ​ကဲ့သို့​လည်းကောင်း ဖြစ်တော်မူသော ဘုရားသခင်​၏​သားတော်​က ဤသို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ