Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 12:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 သို့သော် သင်တို့​သည် ဇိအုန်တောင်​သို့​လည်းကောင်း၊ ကောင်းကင်တမန်​ထောင်ပေါင်း​များစွာ စုဝေးရာ အသက်ရှင်တော်မူသော​ဘုရားသခင်​၏ မြို့တော်​တည်းဟူသော ကောင်းကင်ဘုံ​ရှိ ဂျေရုဆလင်မြို့​သို့​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သင်​တို့​သည်​သိ​နာ​တောင်​အ​စား​ဇိ​အုန် တောင်​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ​များ​စွာ သော​ကောင်း​ကင်​တ​မန်​များ​ရှိ​ရာ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​မြို့​တော် တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့ သို့​လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သင် တို့ သည် ဇိ အုန် တောင် တော်၊ ကောင်း ကင် ယေ ရု ရှ လင် မြို့ တော်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် မြို့ တော် သို့ လည်း ကောင်း၊ ကု ဋေ သင်္ချေ မ က သော စေ တ မန် တော် တို့ ပွဲ သ ဘင် သို့ လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ မြို့​တော်​တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ စည်း​ဝေး​ခြင်း​သို့​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သို့သော် သင်​တို့​သည် ဇိအုန်​တောင်​သို့​လည်းကောင်း၊ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​မြို့​တော်​တည်းဟူသော အထက်​ကောင်းကင်​အရပ်​ရှိ ဂျေရုဆလင်​မြို့​သို့​လည်းကောင်း၊ အတိုင်းမသိ​များစွာ​သော ကောင်းကင်​တမန်​တို့​စုဝေး​ရာ​အခမ်းအနား​သို့​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 12:22
49 ပူးပေါင်းရင်းမြစ်များ  

ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်​ဖြစ်၏” ဟု လျှောက်လေ၏။


မြေကြီး​သည် ဘုရားသခင်​၏ ခြေတင်ရာခုံ​ဖြစ်​သောကြောင့် မြေကြီး​ကို တိုင်တည်​၍ မကျိန်ဆိုရ။ ဂျေရုဆလင်မြို့​သည် ကြီးမြတ်သော​ဘုရင်​၏ မြို့တော်​ဖြစ်​သောကြောင့် ထို​မြို့​ကို တိုင်တည်​၍လည်း မကျိန်ဆိုရ။


သို့ဖြစ်၍ အစ္စရေးလူမျိုး​တစ်မျိုးလုံး​သည် ကယ်တင်တော်မူခြင်း​ကို ခံရ​လိမ့်မည်။ ကျမ်းစာ​၌လည်း “ကယ်တင်မည့်​အရှင်​သည် ဂျေရုဆလင်မြို့​မှ ကြွလာ​၍ အစ္စရေးလူမျိုးတို့​ထံမှ ဘုရားတရားမဲ့ခြင်း​ကို ဖယ်ရှားတော်မူ​လိမ့်မည်။


ထို့ပြင် ‘သင်တို့​သည် ငါ့​လူမျိုး​မဟုတ်’ ဟု ပြောဆို​ခံခဲ့ရသော ထို​အရပ်​၌ပင် သူတို့​သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်​၏ သားသမီးများ’ ဟု အခေါ်​ခံရကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


သို့သော် ကျန်​အမျိုးသမီး​ဖြစ်သော စာရာ​သည် အထက်​အရပ်​တွင် ရှိသော ဂျေရုဆလင်မြို့​ကို ကိုယ်စားပြု၏။ သူ​သည် လွတ်လပ်သူ​ဖြစ်ပြီး ကျွန်ုပ်တို့​၏ မိခင်​ဖြစ်၏။


သို့ဖြစ်၍ သင်တို့​သည် တိုင်းတစ်ပါးသား​နှင့် ဧည့်သည်များ မဟုတ်တော့ဘဲ ယုံကြည်သူများ​နှင့် တစ်ပြည်တည်းသား ဖြစ်​၍ ဘုရားသခင်​၏ မိသားစုဝင်များ ဖြစ်ကြ၏။


သို့သော် ကျွန်ုပ်တို့​သည် ကောင်းကင်​နိုင်ငံသားများ​ဖြစ်ကြပြီး ထို​ကောင်းကင်ဘုံ​မှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်​ယေရှု​ခရစ်တော်​ကို စောင့်မျှော်နေကြ၏။


သင်တို့​ထံ ကျွန်ုပ်တို့​ရောက်ခဲ့​စဉ် သင်တို့​သည် ကျွန်ုပ်တို့​ကို မည်သို့ လက်ခံခဲ့ကြောင်း​ကိုလည်းကောင်း၊ အသက်ရှင်​၍ စစ်မှန်သည့် ဘုရားသခင်​ကို အစေခံ​ရန် သင်တို့​သည် ရုပ်တု​ကိုးကွယ်နေခဲ့ရာ​မှ ဘုရားသခင်​ထံ မည်သို့​ပြောင်းလဲခဲ့ကြောင်း​ကိုလည်းကောင်း ထို​ဒေသ​တွင် နေထိုင်သူများ​က ပြောပြကြ၏။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


အသက်ရှင်​တော်မူသော ဘုရားသခင်​၏ လက်တော်​သို့ ကျရောက်ရခြင်း​သည် ကြောက်မက်ဖွယ်​ကောင်းလှ၏။


အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ဘုရားသခင် စီမံ​ဆောက်လုပ်တော်မူသည့် ခိုင်ခံ့သော​အုတ်မြစ်များ​ရှိသည့်​မြို့​ကို မျှော်လင့်နေခဲ့​သောကြောင့်​ဖြစ်၏။


သို့သော် ထို​သူတို့​သည် ပို​၍ ကောင်းသော​ပြည်​ဖြစ်သည့် ကောင်းကင်ဘုံ​၌ ရှိသော ပြည်​ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်​သည် သူတို့​၏ ဘုရား​ဟု ခေါ်ဝေါ်ခံရခြင်း​ကို ရှက်တော်မမူသည့်​အပြင် သူတို့​နေထိုင်​ရန် မြို့​ကိုပင် တည်တော်မူပြီ။


အဘယ်ကြောင့်ဆိုသော် ဤ​လောက​၌ ကျွန်ုပ်တို့​အတွက် တည်မြဲသော​မြို့ မရှိ​သောကြောင့် ဖြစ်၏။ အနာဂတ်​၌ ပေါ်ထွန်းမည့်​မြို့​ကိုသာ ကျွန်ုပ်တို့​တောင့်တကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။


ထိုသို့​ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်​ကို ဝတ်ပြုနိုင်​စေရန် ကျွန်ုပ်တို့​၏​အသိစိတ်​ကို သေခြင်း​သို့ ပို့ဆောင်ပေးသော​အပြစ်​မှ စင်ကြယ်​စေရန်​အတွက် ထာဝရ​ဝိညာဉ်တော်​အားဖြင့် အပြစ်အနာအဆာ​ကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်​ထံ ပူဇော်​သည့် ခရစ်တော်​၏​အသွေးတော်​သည် ပို၍​သာလွန်သည် မဟုတ်ပါလော။


အာဒံ​မှ ဆင်းသက်​၍ ခုနစ်ဆက်​မြောက်သော​မျိုးဆက် ဧနောက်​သည် သူတို့​နှင့်​ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရား​သည် မိမိ​၏ မြောက်မြားစွာသော​ကောင်းကင်တမန်များ​နှင့်အတူ ကြွလာ​၍


ထို့နောက် ကျွန်ုပ်​ကြည့်လိုက်​ရာ ဇိအုန်တောင်​ပေါ်တွင် ရပ်နေသော သိုးသငယ်တော်​ကို မြင်ရ၏။ သူ​၏ နာမတော်​နှင့် ခမည်းတော်​၏ နာမတော်​ကို နဖူး​၌ ရေးထားခံရသူ တစ်သိန်း​လေးသောင်း​လေးထောင်​တို့​သည်​လည်း သူ​နှင့်​အတူ ရှိကြ၏။


ကျွန်ုပ်​အပေါ် ဝိညာဉ်တော်​သက်ရောက်လာ​သဖြင့် ကောင်းကင်တမန်​သည် ကျွန်ုပ်​ကို ကြီးမား​၍ မြင့်မားသော​တောင်​သို့ ခေါ်ဆောင်သွား​ကာ ဘုရားသခင်​ထံ ကောင်းကင်ဘုံ​မှ ဆင်းသက်သည့် သန့်ရှင်းသော​မြို့တော် ဂျေရုဆလင်မြို့​ကို ကျွန်ုပ်​အား ပြ၏။


သန့်ရှင်းသော​မြို့တော်​ဖြစ်သော ဂျေရုဆလင်​မြို့သစ်​သည် သတို့သား​အတွက် လှပ​စွာ ဝတ်ဆင်ထားသော သတို့သမီး​တစ်ဦး​ကဲ့သို့ ပြင်ဆင်​လျက် ဘုရားသခင်​ထံတော် ကောင်းကင်ဘုံ​မှ ဆင်းသက်လာသည်​ကို ကျွန်ုပ်​မြင်ရ၏။


မည်သူမဆို ဤ​စာစောင်​၌ ပါသော ပရောဖက်ပြု​ဟောပြောချက်​ထဲမှ တစ်စုံတစ်ရာ​ကို နုတ်ပယ်​ပါက ဤ​စာစောင်​၌ ဖော်ပြထားသော အသက်ပင်​၏ အသီး​ကို စားခွင့်​နှင့် သန့်ရှင်းသော​မြို့တော်​သို့ ဝင်ခွင့်​ကို ဘုရားသခင်​သည် ထို​သူတို့​ထံမှ နုတ်ပယ်တော်မူ​လိမ့်မည်။


အောင်မြင်သောသူ​ကို ငါ့​ဘုရားသခင်​၏​ဗိမာန်တော်​၌ ရှိသော​တိုင်​ကဲ့သို့ ဖြစ်စေမည်။ သူ​သည် မည်သည့်​အခါ​မျှ ဗိမာန်တော်​အပြင်​သို့ မရောက်ရ။ ငါ​သည် ငါ​၏​ဘုရားသခင်​နာမတော်​ကို​လည်းကောင်း၊ ငါ​၏​ဘုရားသခင်​ထံ ကောင်းကင်ဘုံ​မှ ဆင်းသက်မည့် ဂျေရုဆလင်​မြို့သစ်​ဟူသော ဘုရားသခင်​မြို့တော်​၏​နာမတော်​ကို​လည်းကောင်း၊ ငါ​၏​နာမတော်​သစ်​ကို​လည်းကောင်း သူ့​အပေါ်​၌ ရေးထားမည်။


ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်​၏ တံဆိပ်​ကို​ကိုင်​လျက် အရှေ့​အရပ်​မှ တက်လာသော ကောင်းကင်တမန်​တစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ မြေကြီး​နှင့်​ပင်လယ်​ကို ဖျက်ဆီး​ရန်​အတွက် အခွင့်အာဏာ​ရရှိထားသော ကောင်းကင်တမန်​လေးပါး​အား သူ​က ကျယ်လောင်​စွာ ကြွေးကြော်သည်​မှာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ