Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 27:54 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

54 ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

54 တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54 ယေ ရှု ကို စောင့် ကြပ် သူ တပ် မှူး မှ စ၍ တပ် သား တို့ သည် င လျင် လှုပ် ခြင်း နှင့် တ ကွ အ ဖြစ် အ ပျက် များ ကို မြင် သော် အ လွန် ကြောက် ရွံ့၍ ဤ သူ ကား စင် စစ် ဘု ရား သ ခင့် သား တော် ပေ တည်း ဟု ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

54 ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 27:54
22 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ယေရှု​သည် တိတ်ဆိတ်​စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်း​ကလည်း “သင်​သည် ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်သလော။ ငါတို့​အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်​၏​အမည်​နာမတော်​ကို တိုင်တည်​၍ ငါ​မေး၏” ဟု ဆိုလေ၏။


ထို့နောက် ထို​နေရာ​၌ ထိုင်​၍ ကိုယ်တော်​ကို စောင့်ကြည့်ကြ၏။


“ဗိမာန်တော်​ကို ဖြိုဖျက်​၍ သုံးရက်​အတွင်း ပြန်တည်ဆောက်မည့်​သူ… သင့်ကိုယ်သင်​ကယ်လော့။ သင်​သည် ဘုရားသခင်​၏​သားတော် မှန်​လျှင် လက်ဝါးကပ်တိုင်​မှ ဆင်းလော့” ဟု ကိုယ်တော်​အား ပြက်ရယ်ပြုကြ၏။


သူ​သည် ဘုရား​ကို ယုံကြည်ကိုးစား၏။ ဘုရားသခင်​သည် အလိုတော်​ရှိတော်မူ​လျှင် ယခု​ပင် သူ့​ကို ကယ်တင်တော်မူပါစေ။ သူ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆို​ကာ ပြက်ရယ်ပြုကြ၏။


ထိုအခါ ဗိမာန်တော်​ကန့်လန့်ကာ​သည် အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်ခြမ်း​ကွဲလေ၏။ မြေငလျင် လှုပ်​၍ ကျောက်တုံးများ​လည်း အက်ကွဲကြ၏။


ထိုအခါ မာရ်နတ်​သည် လာ​၍ “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် ဤ​ကျောက်ခဲများ​ကို စားစရာ​ဖြစ်​စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။


ယေရှု​သည် ကပေရနောင်မြို့​သို့ ကြွတော်မူ​သောအခါ ရောမ​တပ်မှူး​တစ်ဦး​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍


ယေရှု​ရှေ့တော်တွင် ရပ်နေသော ရောမ​တပ်မှူး​သည် ယေရှု​၏ အသက်​ချုပ်တော်မူပုံ​ကို တွေ့မြင်ရ​သောအခါ “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။


ထိုအခါ သူတို့​အားလုံး​က “သို့ဖြစ်လျှင် သင်​သည် ဘုရား​သား​ဖြစ်သလော” ဟု မေးကြ၏။ ယေရှု​က “သင်တို့​ဆိုသည့်​အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။


ဂျူး​ခေါင်းဆောင်များ​က “သူ​သည် မိမိ​ကိုယ်ကိုယ် ဘုရား​သားတော်​ဖြစ်သည်​ဟု ပြောဆို​သောကြောင့် အကျွန်ုပ်တို့​၏ တရားဥပဒေ​အရ သေဒဏ်​ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။


ဆီဇာရီးယားမြို့​၌ ကော်နေလိ​အမည်​ရှိသော​သူ တစ်ယောက်​ရှိ၏။ သူ​သည် အီတလီတပ်​ဟု ခေါ်သော​တပ်​တွင် လူ​တစ်ရာ​ကို​အုပ်ချုပ်သည့် ရောမ​တပ်မှူး​တစ်ဦး​ဖြစ်၏။


သူတို့​သည် ထို​ဟောပြောချက်​ကို ကြား​သောအခါ စိတ်နှလုံး​ကြေကွဲ​၍ ပေတရု​နှင့် အခြား​တမန်တော်များ​အား “ညီအစ်ကိုတို့… ကျွန်ုပ်တို့​မည်သို့​ပြုရမည်နည်း” ဟု မေးမြန်းကြ၏။


တပ်မှူးကြီး​သည် စစ်သားများ​နှင့် တပ်မှူးများ​ကို ချက်ချင်း​ခေါ်​၍ လူထုပရိသတ်​ထံသို့ ပြေးဆင်းသွားလေ၏။ လူထု​သည် တပ်မှူးကြီး​နှင့်​စစ်သားတို့​ကို တွေ့မြင်​သောအခါ ပေါလု​ကို​ရိုက်နှက်နေရာ​မှ ရပ်တန့်သွားကြ၏။


ပေါလု​သည် တပ်မှူး​တစ်ဦး​အား ခေါ်​၍ “ဤ​လူငယ်​သည် တပ်မှူးကြီး​အား​သတင်းပို့​ရန်​ရှိ​သဖြင့် သူ့​အား တပ်မှူးကြီး​ထံသို့​ခေါ်သွားပါ” ဟု ပြောလေ၏။


တပ်မှူးကြီး​သည် တပ်မှူး​နှစ်ဦး​ကို ခေါ်​၍ “ည​ကိုးနာရီ​အချိန်​၌ ဆီဇာရီးယားမြို့​သို့​သွား​ရန် စစ်သား​နှစ်ရာ၊ မြင်းစီး​တပ်သား​ခုနစ်ဆယ်​နှင့် လှံကိုင်​တပ်သား​နှစ်ရာ​တို့​ကို အဆင်သင့်​ပြင်ဆင်ကြလော့။


ဖေတ္တုမင်း​သည် ကျွန်ုပ်တို့​ကို အီတလီ​သို့ သင်္ဘော​ဖြင့် ပို့​ရန် ဆုံးဖြတ်​ပြီးနောက် ထို​သူတို့​က ပေါလု​နှင့် အခြား​အကျဉ်းသား​တချို့​ကို ဩဂတ်စတပ်​နှင့်​ဆိုင်သော​တပ်​၏​တပ်မှူး၊ ယုလိ​အမည်​ရှိသော​သူ​ထံသို့ လွှဲပြောင်းကြ၏။


သို့သော် တပ်မှူး​သည် ပေါလု​ကို​ကယ်တင်​လို​သဖြင့် သူတို့​၏​အကြံအစည်​ကို​တားမြစ်​၍ ရေကူးနိုင်သော​သူများ​အား သင်္ဘော​ပေါ်မှ ဦးစွာ​ခုန်ဆင်း​၍ ကမ်းခြေ​သို့ ကူးသွား​ရန်​နှင့်


ထို​သားတော်​မှာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုးတော်​ဖြင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​သောအခါ ဘုရားသခင်​၏​သားတော်​အဖြစ် သတ်မှတ်​ခံရသော ကျွန်ုပ်တို့​၏​သခင်၊ ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။


ထို​အချိန်တွင် အလွန်​ပြင်းထန်သော​ငလျင်​လှုပ်​၍ မြို့​၏​ဆယ်ပုံ​တစ်ပုံ​သည် ပြိုကျသွား၏။ ထို​ငလျင်​ဒဏ်​ကြောင့် လူ​ခုနစ်ထောင် သေဆုံး​၍ အသက်ရှင်​ကျန်ရစ်​သူများ​သည် ထိတ်လန့်​ကာ ကောင်းကင်ဘုံရှင် ဘုရားသခင်​၏ ဘုန်းတော်​ကို ချီးမွမ်းကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ