Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ယုံ ကြည် သူ တို့ မှ စ၍ သူ ခပ် သိမ်း တို့၏ ကယ် တင် ရှင်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငါ တို့ သည် အား ကိုး မျှော် လင့် ကြ သော ကြောင့် ထို အ ကျိုး ကို ခံ စား ခြင်း ငှါ ကြိုး စား အား ထုတ် လျက် နေ ကြ၏။ ထို အ တိုင်း မိန့် မှာ သင် ကြား လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကြောင့်၊ အ​သက်​ရှင်​တော်​မူ​ထ​သော၊ လူ​အ​ပေါင်း​တို့​ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အ​ထူး​သ​ဖြင့် ကယ်​မ​တော်​မူ​သော ဘု​ရား​သ​ခင်၌ ငါ​တို့​သည်​ကိုး​စား​သည်​နှင့်​အ​ညီ၊ ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့ကြောင့် ငါ​တို့​သည် ထို​အကျိုး​အတွက် အားထုတ်​လုပ်ဆောင်​၍ ကြိုးစား​ကြ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​၏​ကယ်တင်ရှင်​၊ အထူးသဖြင့် ယုံကြည်​သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​သော အသက်ရှင်​တော်မူ​သည့်​ဘုရားသခင်​ကို ငါ​တို့​မျှော်လင့်​အားထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:10
40 ပူးပေါင်းရင်းမြစ်များ  

ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်​ဖြစ်၏” ဟု လျှောက်လေ၏။


သူ​သည် ဘုရား​ကို ယုံကြည်ကိုးစား၏။ ဘုရားသခင်​သည် အလိုတော်​ရှိတော်မူ​လျှင် ယခု​ပင် သူ့​ကို ကယ်တင်တော်မူပါစေ။ သူ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆို​ကာ ပြက်ရယ်ပြုကြ၏။


နောက်​တစ်နေ့​တွင် မိမိ​ထံသို့ ယေရှု​ကြွလာသည်​ကို မြင်​သောအခါ ယောဟန်​က “ဤ​ကမ္ဘာလောက​၏ အပြစ်​ကို ချေဖျက်သော ဘုရားသခင်​၏ သိုးသငယ်တော်​ကို ကြည့်လော့။


ထို​သူတို့​က အမျိုးသမီး​အား “ယခု ငါတို့​ယုံကြည်ကြသည်​မှာ သင့်​စကား​ကြောင့်​မဟုတ်တော့ဘဲ ငါတို့​ကိုယ်တိုင် ကြားနာရ​သောကြောင့်​ဖြစ်၏။ ဤ​အရှင်​သည် ကမ္ဘာလောက​၏​ကယ်တင်ရှင် အမှန်​ဖြစ်ကြောင်း ယခု​ငါတို့​သိရပြီ” ဟု ဆိုကြ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ့​စကား​ကို နားထောင်​၍ ငါ့​ကို စေလွှတ်တော်မူသော​ဘုရား​ကို ယုံကြည်သော​သူ​သည် ထာဝရ​အသက်​ကို ရ၏။ ထို​သူ​သည် ပြစ်ဒဏ်​စီရင်ခြင်း​မခံရဘဲ သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းရသော​သူ​ဖြစ်၏။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ထို​မျှလောက်​ကြီးမားသော သေဘေး​မှ ကယ်တင်​တော်မူပြီ။ ထပ်မံ၍​လည်း ကယ်တင်တော်မူ​လိမ့်မည်။ ဆက်လက်​၍ ကယ်တင်တော်မူ​လိမ့်မည်​ဟု ကိုယ်တော်​ကို ကျွန်ုပ်တို့ မျှော်လင့်ကြ၏။


ထိုသို့ ဆုတောင်းခြင်း​သည် မွန်မြတ်ပြီး ကျွန်ုပ်တို့​၏ ကယ်တင်ရှင်​ဘုရားသခင် နှစ်သက်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် လူသား​အားလုံး ကယ်တင်ခြင်း​ခံရပြီး သမ္မာတရား​ကို သိရှိ​နားလည်​စေလိုတော်မူ​သောကြောင့် ဖြစ်၏။


ယေရှု​ခရစ်တော်​သည် လူသား​အားလုံး​ကို ရွေးနုတ်​ရန် အသက်​ပေးတော်မူခဲ့ပြီး ဘုရားသခင်​သည် ထို​အကြောင်း​ကို အချိန်တန်​သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


ဤ​လောက​၌ ချမ်းသာကြွယ်ဝ​သူတို့​ကို ဘဝင်​မမြင့်​ရန်​နှင့် မမြဲသည့်​စည်းစိမ်ချမ်းသာ​တို့​အပေါ် ကိုးစား​မျှော်လင့်ခြင်း​မရှိ​ရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့​ကို ဝမ်းမြောက်​စေလိုသည့်​အတွက် အရာ​အားလုံး​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုရားသခင်​ကိုသာ ကိုးစား​မျှော်လင့်​ရန် ညွှန်ကြားလော့။


သူ​သည် အနာဂတ်​တွင် ရမည့် ဆုလာဘ်​ကို မျှော်ကိုး​သောကြောင့် အီဂျစ်ပြည်​၏ စည်းစိမ်​ထက် ခရစ်တော်​အတွက် ဆင်းရဲဒုက္ခ​ခံခြင်း​သည် ပို၍ မြတ်သည်​ဟု မှတ်ယူလေ၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် စခန်း​အပြင်​ဘက်သို့ ထွက်​ကာ ကိုယ်တော်​ထံ သွား​၍ ကိုယ်တော်​ခံရသော ကဲ့ရဲ့​ရှုတ်ချခြင်း​ကို ခံကြစို့။


ကိုယ်တော်​ကို သေခြင်း​မှ ထမြောက်စေ​၍ ဘုန်းအသရေ​ကို ပေးတော်မူသော ဘုရားသခင်​ကို သင်တို့​သည် ခရစ်တော်​အားဖြင့်​ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​၍ မျှော်လင့်ကြ၏။


ကိုယ်တော်​သည် ကျွန်ုပ်တို့​၏​အပြစ်များ​အတွက်​သာမက လောကီသား​အပေါင်းတို့​၏​အပြစ်များ​အတွက်​လည်း အပြစ်ဖြေရာ​ယဇ်​ဖြစ်တော်မူ၏။


ခမည်းတော်​သည် သားတော်​ကို ဤ​လောက​၏​ကယ်တင်ရှင်​ဖြစ်​ရန် စေလွှတ်တော်မူခဲ့သည်​ကို ကျွန်ုပ်တို့​မြင်​၍ သက်သေခံကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ