Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 14:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 လှေ​ထဲတွင် ရှိနေသူများ​က “ကိုယ်တော်​သည် အမှန်ပင် ဘုရား​သားတော်​ဖြစ်၏” ဟု ဆို​ကာ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 လှေ စီး သူ တို့ သည် စင် စစ် ဘု ရား သ ခင်၏ သား တော် ပေ တည်း ဟု ဆို လျက် ကိုယ် တော် ကို ရှိ ခိုး ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပြပ်၍ လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 လှေ​သား​တို့​သည် ချဉ်း​ကပ်၍၊ စင်​စစ်​ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် မှန်​ပါ​သည်​ဟု ညွတ်​ပျပ်၍ လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 14:33
27 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူတို့​သည် လှေ​ပေါ်သို့ တက်ကြ​သောအခါ လေ​ငြိမ်သွားလေ၏။


သို့သော် ထို​အမျိုးသမီး​သည် ရှေ့တော်မှောက်​သို့​ချဉ်းကပ်​၍ ဝပ်တွားခယ​လျက် “သခင်… ကျွန်မ​ကို ကယ်တော်မူပါ” ဟု လျှောက်လေ၏။


ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်တော်မူသည့် ဘုရားသခင်​၏​သားတော်​ဟူသော ခရစ်တော်​ဖြစ်၏” ဟု လျှောက်လေ၏။


ထိုသို့ လျှောက်​နေစဉ် တောက်ပသော​မိုးတိမ်​သည် သူတို့​အပေါ်သို့ လွှမ်းမိုး​၍ မိုးတိမ်​ထဲက “ဤ​သူ​သည် ငါ​နှစ်သက်မြတ်နိုးသည့် ငါ​၏ ချစ်သား​ဖြစ်၏။ သူ​၏​စကား​ကို နားထောင်ကြလော့” ဟူသော အသံတော်​ထွက်ပေါ်လာ၏။


သူတို့​သည် အိမ်​ထဲသို့ ဝင်​၍ မယ်တော်​မာရိ​နှင့်အတူ သူငယ်တော်​ကို တွေ့မြင်​သော် ဝပ်တွားခယ​လျက် သူငယ်တော်​ကို ရှိခိုးကြပြီး​လျှင် မိမိတို့​၏ ရတနာ​သေတ္တာများ​ကို ဖွင့်​ကာ ရွှေ၊ လောဗန်​နှင့် မုရန်​ဟူသော လက်ဆောင်များ​ကို ဆက်သကြ၏။


သို့ရာတွင် ယေရှု​သည် တိတ်ဆိတ်​စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်း​ကလည်း “သင်​သည် ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်သလော။ ငါတို့​အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်​၏​အမည်​နာမတော်​ကို တိုင်တည်​၍ ငါ​မေး၏” ဟု ဆိုလေ၏။


သူ​သည် ဘုရား​ကို ယုံကြည်ကိုးစား၏။ ဘုရားသခင်​သည် အလိုတော်​ရှိတော်မူ​လျှင် ယခု​ပင် သူ့​ကို ကယ်တင်တော်မူပါစေ။ သူ​က ‘ငါ​သည် ဘုရားသခင်​၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆို​ကာ ပြက်ရယ်ပြုကြ၏။


ရောမ​တပ်မှူး​နှင့်အတူ ယေရှု​ကို စောင့်ကြည့်နေကြသော အခြား​စစ်သားတို့​သည် မြေငလျင်​လှုပ်​၍ ဖြစ်ပျက်​သမျှ​ကို တွေ့မြင်ကြ​သောအခါ အလွန်​ကြောက်လန့်ကြ၏။ သူတို့​က “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။


ထို​တောင်ပေါ်​၌ တပည့်တော်တို့​သည် ယေရှု​ကို မြင်​သောအခါ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။ သို့ရာတွင် တပည့်တော်​တချို့​သည် အမှန်တကယ်​ယေရှု​ဖြစ်သည်​ကို သံသယ​ဖြစ်ကြ၏။


ထိုစဉ် ယေရှု​သည် သူတို့​ရှေ့​မှ ပေါ်လာ​၍ “မင်္ဂလာပါ” ဟု နှုတ်ဆက်တော်မူ၏။ အမျိုးသမီးတို့​သည်လည်း ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ ခြေ​ကို ဖက်ယမ်း​ပြီးလျှင် မြေပေါ်​၌ ဝပ်တွားခယ​လျက် ရှိခိုးကြ၏။


ထိုအခါ မာရ်နတ်​သည် လာ​၍ “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် ဤ​ကျောက်ခဲများ​ကို စားစရာ​ဖြစ်​စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။


ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်တော်​၏ သတင်းကောင်း​အစ​မှာ ဤသို့​ဖြစ်၏။


သို့ရာတွင် ယေရှု​သည် မေးခွန်း​ကို ဖြေတော်မမူဘဲ တိတ်ဆိတ်​စွာ နေတော်မူ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်း​က “သင်​သည် မင်္ဂလာ​ရှိသော ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်သလော” ဟု ယေရှု​အား မေးလေ၏။


ယေရှု​ရှေ့တော်တွင် ရပ်နေသော ရောမ​တပ်မှူး​သည် ယေရှု​၏ အသက်​ချုပ်တော်မူပုံ​ကို တွေ့မြင်ရ​သောအခါ “ဤ​သူ​သည် ဧကန်အမှန်​ပင် ဘုရားသခင်​၏ သားတော် ဖြစ်သည်” ဟု ဆိုလေ၏။


တပည့်တော်တို့​သည်လည်း ကိုယ်တော်​ကို ကိုးကွယ်ရှိခိုး​ပြီးလျှင် အလွန်​ဝမ်းမြောက်​လျက် ဂျေရုဆလင်မြို့​သို့ ပြန်ကြ၏။


နတ်ဆိုးတို့​ကလည်း “အရှင်​သည် ဘုရားသခင်​၏​သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်​လျက် လူ​များစွာ​ထံမှ ထွက်သွားကြ၏။ ယေရှု​သည် ခရစ်တော်​ဖြစ်ကြောင်း​ကို ထို​နတ်ဆိုးတို့​သိမြင်ကြ​သဖြင့် ယေရှု​သည် သူတို့​ကို​ဆုံးမ​၍ စကားပြောခွင့် ပေးတော်မမူပေ။


ထို​သူ​သည် ယေရှု​ကို မြင်​လျှင် ရှေ့တော်​၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သော​အသံ​ဖြင့် အော်ဟစ်​လျက် “အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။


ထိုအခါ နာသနေလ​က “ဆရာတော်… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။


မာသ​ကလည်း “ယုံကြည်ပါ၏ သခင်။ သခင်​သည် ဘုရားသခင်​ထံမှ ဤ​လောက​သို့ ကြွလာတော်မူသော ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်ကြောင်း ကျွန်မ​ယုံကြည်ပါ၏” ဟု လျှောက်လေ၏။


ဤ​အကြောင်းအရာများ​ကို မိန့်တော်မူပြီး​သောအခါ ယေရှု​သည် ကောင်းကင်​သို့ မျှော်ကြည့်​လျက် “အို အဖ… အချိန်​ကျပါပြီ။ သားတော်​သည် ကိုယ်တော်​၏​ဘုန်းတော်​ကို ထင်ရှား​စေနိုင်ရန် ကိုယ်တော်​သည် သားတော်​၏​ဘုန်း​ကို ထင်ရှားစေတော်မူပါ။


ဂျူး​ခေါင်းဆောင်များ​က “သူ​သည် မိမိ​ကိုယ်ကိုယ် ဘုရား​သားတော်​ဖြစ်သည်​ဟု ပြောဆို​သောကြောင့် အကျွန်ုပ်တို့​၏ တရားဥပဒေ​အရ သေဒဏ်​ခံထိုက်ပါ၏” ဟု ပြန်လျှောက်ကြ၏။


ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်းတော်မူသော​သူ​ဖြစ်တော်မူကြောင်း​ကို အကျွန်ုပ်တို့​ယုံကြည်​သိမှတ်ကြပါ၏” ဟု ဖြေဆိုလေ၏။


ထိုသို့ ခရီးပြု​စဉ်တွင် ရေ​ရှိရာ​သို့​ရောက်​သော် အမတ်​က “ဤ​နေရာ​၌ ရေ​ရှိပါ၏။ ကျွန်ုပ်​ကို နှစ်ခြင်းမင်္ဂလာ မခံယူ​စေနိုင်ရန် တားဆီးသည့်​အကြောင်း ရှိသလော” ဟု မေး၏။


ထို​သားတော်​မှာ သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုးတော်​ဖြင့် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​သောအခါ ဘုရားသခင်​၏​သားတော်​အဖြစ် သတ်မှတ်​ခံရသော ကျွန်ုပ်တို့​၏​သခင်၊ ယေရှု​ခရစ်တော်​ပင် ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ