ထိုသူတို့သည် သခင်ဘုရားကိုဝတ်ပြု၍ အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ငါခန့်အပ်သောအမှုကို ဆောင်ရွက်ရန် ဗာနဗနှင့် ရှောလုတို့ကို သီးသန့်ရွေးချယ်ကြလော့” ဟု ဆို၏။
၁ ကော 9:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။ Common Language Bible ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။- Garrad Bible ငါ သည် လူ လွတ် ဖြစ် သူ၊ တ မန် တော် ဖြစ် သူ၊ ငါ တို့ အ ရှင် ယေ ရှု ကို ဖူး မြင် ခဲ့ ရ သူ မ ဟုတ် လော။ သင် တို့ လည်း အ ရှင် ဘု ရား အား ဖြင့် ငါ ဆောင် ရွက် သော အ ကျိုး မ ဟုတ် လော။ Judson Bible ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် လွတ်လပ်သူဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့၏သခင်ယေရှုကို ဖူးမြင်ခဲ့သည်မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါ၏လုပ်ဆောင်မှုရလဒ်ဖြစ်ကြသည်မဟုတ်လော။ |
ထိုသူတို့သည် သခင်ဘုရားကိုဝတ်ပြု၍ အစာရှောင်နေကြစဉ် သန့်ရှင်းသောဝိညာဉ်တော်က “ငါခန့်အပ်သောအမှုကို ဆောင်ရွက်ရန် ဗာနဗနှင့် ရှောလုတို့ကို သီးသန့်ရွေးချယ်ကြလော့” ဟု ဆို၏။
ထိုအကြောင်းကို တမန်တော်ပေါလုနှင့် ဗာနဗတို့ကြားသောအခါ မိမိတို့၏အဝတ်များကို ဆုတ်ဖြဲ၍ လူအုပ်ထဲသို့ ပြေးဝင်ကာ
သို့သော် မြို့သူမြို့သားတို့သည် အုပ်စုကွဲကာ တချို့မှာ ဂျူးတို့ဘက်ပါ၍ တချို့မှာ တမန်တော်တို့ဘက်ပါကြ၏။
ထိုညတွင် ဘုရားသခင်သည် ပေါလုအနား၌ရပ်လျက် “စိတ်မပူနှင့်။ သင်သည် ငါ့အကြောင်းကို ဂျေရုဆလင်မြို့၌ သက်သေခံသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။
ဤသို့ဖြင့် ခရီးပြုရာတွင် ဒမတ်စကပ်မြို့အနီးသို့ ရောက်သောအခါ ကောင်းကင်မှအလင်းသည် သူ၏ပတ်လည်တွင် ရုတ်တရက်ထွန်းတောက်လေ၏။
ရှောလုကလည်း “သခင်… ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း” ဟု လျှောက်၏။ ထိုအသံရှင်က “ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသောယေရှုဖြစ်၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
လူမျိုးခြားဖြစ်သော သင်တို့ကို ကျွန်ုပ်ပြောမည်။ ကျွန်ုပ်သည် လူမျိုးခြားတို့၏ တမန်တော်ဖြစ်သည့်အလျောက် ထိုရာထူးကို ဂုဏ်ယူလျက်
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ သုဿင်တို့က
အသိစိတ်ဟု ဆိုရာတွင် သင်တို့၏ အသိစိတ်ကို မဆိုလို။ အခြားသူ၏ အသိစိတ်ကို ဆိုလို၏။ ကျွန်ုပ်၏ လွတ်လပ်ခွင့်သည် အခြားသူတစ်ယောက်၏ အသိစိတ်အားဖြင့် အဘယ်ကြောင့် အပြစ်တင်ခံရမည်နည်း။
အကယ်၍ ကျွန်ုပ်သည် စားသုံးရသောအစာအတွက် ဘုရားသခင်ကို ကျေးဇူးတင်လျှင် ထိုသို့ကျေးဇူးတင်၍ စားသုံးရသောအစာအတွက် အဘယ်ကြောင့် ရှုတ်ချပြောဆိုခံရမည်နည်း။
သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤဓလေ့နှင့်ပတ်သက်၍ ငြင်းခုံလိုလျှင် ကျွန်ုပ်တို့တွင် ထိုသို့သောဓလေ့မှအပ အခြားဓလေ့မရှိပေ။ ဘုရားသခင်၏ အခြားအသင်းတော်များ၌လည်း မရှိပေ။
ကျွန်ုပ်သည် မျိုးစေ့စိုက်၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ထိုအပင်ကို ကြီးထွားစေတော်မူသော အရှင်မှာ ဘုရားသခင်ပင် ဖြစ်ပေ၏။
ကျွန်ုပ်သည် လွတ်လပ်သောသူဖြစ်ပြီး မည်သူ၏ကျွန်မှ မဟုတ်ပါ။ သို့သော် ခရစ်တော်ကို ယုံကြည်သောသူများ ပို၍ များလာစေရန် လူအပေါင်းတို့၏ကျွန် ဖြစ်လာရ၏။
မျက်စိရှေ့၌ ရှိသောအရာကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်က သူသည် ခရစ်တော်၏လူဖြစ်ကြောင်း ယုံကြည်စိတ်ချလျှင် ကျွန်ုပ်တို့သည်လည်း ထိုသူကဲ့သို့ပင် ခရစ်တော်၏လူများဖြစ်ကြောင်းကို သူသည် ပြန်လည်ဆင်ခြင်ပါစေ။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
လူတို့၏ အခွင့်အာဏာဖြင့် မဟုတ်၊ ကြားခံလူအားဖြင့်လည်း မဟုတ်၊ ယေရှုခရစ်တော်နှင့် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသည့် ခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်အဖြစ် ခန့်အပ်ခံရသူဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
ယေရှုခရစ်တော်၏ တမန်တော်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အာဏာကို သုံးနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ တစ်ဦးတစ်ယောက်ထံမှဖြစ်စေ လူတို့၏ချီးမွမ်းခြင်းကို ခံရရန် မကြိုးစားဘဲ
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
ဤသတင်းကောင်းအတွက် တရားဟောဆရာ၊ တမန်တော်နှင့် ဆရာအဖြစ် ကျွန်ုပ်ကို ခန့်ထားတော်မူပြီ။