| ၁ ကော 10:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း29 အသိစိတ်ဟု ဆိုရာတွင် သင်တို့၏ အသိစိတ်ကို မဆိုလို။ အခြားသူ၏ အသိစိတ်ကို ဆိုလို၏။ ကျွန်ုပ်၏ လွတ်လပ်ခွင့်သည် အခြားသူတစ်ယောက်၏ အသိစိတ်အားဖြင့် အဘယ်ကြောင့် အပြစ်တင်ခံရမည်နည်း။အခန်းကိုကြည့်ပါ။ Common Language Bible29 သြတ္တပ္ပစိတ်ဆိုရာ၌သင်တို့၏သြတ္တပ္ပစိတ်ကို မဆိုလို။ လာပြောသူ၏သြတ္တပ္ပစိတ်ကိုဆို လို၏။ သင်တို့တွင်လူတစ်စုံတစ်ယောက်က``ငါ၏ လွတ်လပ်မှုကိုအဘယ်ကြောင့်သူတစ်ပါး ၏သြတ္တပ္ပစိတ်ကချုပ်ချယ်ရပါသနည်း။-အခန်းကိုကြည့်ပါ။ Judson Bible29 ဩတ္တပ္ပစိတ်ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကို ဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ်ကြောင့် စစ်ကြောစီရင်ရမည်နည်း။-အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း29 အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။အခန်းကိုကြည့်ပါ။ | 
ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် သတင်းကောင်းကို ဆင်းရဲသောသူတို့အား ဟောပြောရန် ကိုယ်တော်သည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် ရမည့်အကြောင်းနှင့် မျက်မမြင်များ မျက်စိပြန်မြင်ကြရမည့်အကြောင်းကို ဟောပြောရန်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသူများအား လွတ်လပ်ခွင့်ကို ပေးမည့်အကြောင်းနှင့်