Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ကျွန်ုပ်​သည် လွတ်လပ်သောသူ​ဖြစ်ပြီး မည်သူ​၏​ကျွန်​မှ မဟုတ်ပါ။ သို့သော် ခရစ်တော်​ကို ယုံကြည်သောသူများ ပို၍ များလာ​စေရန် လူ​အပေါင်းတို့​၏​ကျွန် ဖြစ်လာရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ငါ​သည်​မည်​သူ့​ကျွန်​မျှ​မ​ဟုတ်။ လွတ်​လပ်​သူ ဖြစ်​၏။ သို့​ရာ​တွင်​ခ​ရစ်​တော်​ကို​ယုံ​ကြည်​သူ ဦး​ရေ​များ​နိုင်​သ​မျှ​တိုး​တက်​များ​ပြား လာ​စေ​ရန် ငါ​သည်​လူ​တိုင်း​၏​ကျွန်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ငါ သည် ရှိ သ မျှ တို့ ရှေ့ လူ လွတ် ဖြစ် သော် လည်း အ များ တို့ ကို ရ ခြင်း ငှာ လူ ခပ် သိမ်း တို့ ထံ ကျွန် ခံ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ငါ​သည် အ​ဘယ်​သူ၏​ကျွန် မ​ဖြစ်​သော်​လည်း သာ၍​များ​သော သူ​တို့​ကို​ရ​ခြင်း​အ​လို​ငှာ လူ​တ​ကာ​တို့၏ ကျွန်​ခံ​ရ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ငါ​သည် လူ​အပေါင်း​တို့​ရှေ့၌ လွတ်လပ်​သူ​ဖြစ်​သော်လည်း ပို၍​များ​သော​သူ​တို့​ကို​ရရှိ​နိုင်​ရန် လူ​အပေါင်း​တို့​ထံ၌ ကိုယ်တိုင်​ကျွန်ခံ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:19
21 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ညီအစ်ကို​မောင်နှမ​တစ်ဦး​သည် သင့်​ကို ပြစ်မှား​လျှင် သူ့​ထံသို့ သွား​၍ သူ​၏​အပြစ်​ကို နှစ်ကိုယ်ကြား​ဖော်ပြလော့။ ထို​သူ​သည် သင့်​စကား​ကို နားထောင်​လျှင် သင်​သည် ထို​သူ​ကို ပြန်ရရှိပြီ။


တစ်ဖက်​တွင်လည်း လူယဉ်ကျေး၊ လူရိုင်းစိုင်း၊ ပညာရှိ၊ ပညာမဲ့​စသည့် လူသား​အပေါင်းတို့​အတွက် ကျွန်ုပ်​တွင် တာဝန်​ရှိ၏။


သင်တို့​ရရှိသည့် အကျိုး​အားဖြင့် ကျွန်ုပ်​၏ လူမျိုးတို့​ကို သဝန်တိုစိတ်​ဖြစ်စေ​၍ သူတို့​အထဲမှ တချို့​ကို ကယ်တင်​ရန် ဆန္ဒ​ရှိ၏။


ကျွန်ုပ်တို့​တစ်ဦးစီ​သည် ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို တည်ဆောက်​ပျိုးထောင်​ရာတွင် သူ​၏​အကျိုး​ကို ထောက်​၍ သူ့​ကို စိတ်ကျေနပ်စေ​ရမည်။


အသိစိတ်​ဟု ဆိုရာ​တွင် သင်တို့​၏ အသိစိတ်​ကို မဆိုလို။ အခြားသူ​၏ အသိစိတ်​ကို ဆိုလို၏။ ကျွန်ုပ်​၏ လွတ်လပ်ခွင့်​သည် အခြားသူ​တစ်ယောက်​၏ အသိစိတ်​အားဖြင့် အဘယ်ကြောင့် အပြစ်တင်​ခံရမည်နည်း။


အသင် အမျိုးသမီး… သင်​၏ ခင်ပွန်း​သည် သင့်​အားဖြင့် ကယ်တင်​ခံရမည် မခံရမည်​ကို သင်​မည်သို့​သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်​၏ ဇနီး​သည် သင့်​အားဖြင့် ကယ်တင်​ခံရမည် မခံရမည်​ကို သင်​မည်သို့​သိနိုင်မည်နည်း။


ကျွန်ုပ်​သည် လွတ်လပ်သူ​ဖြစ်သည် မဟုတ်လော။ တမန်တော်​ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို မြင်ခဲ့ဖူးသူ​ဖြစ်သည် မဟုတ်လော။ သင်တို့​သည် သခင်ဘုရား​အားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသော​အမှုတော်​မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။


ယခု ကျွန်ုပ်​သည် သင်တို့​ထံသို့ တတိယ​အကြိမ် လာ​ရန် အသင့်​ရှိ၏။ သို့သော် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်စေမည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် သင်တို့​၏ ငွေကြေးဥစ္စာ​ကို အလို​ရှိ​၍​မဟုတ်ဘဲ သင်တို့​ကိုသာ အလိုရှိ​သောကြောင့်​ဖြစ်၏။ သားသမီးတို့​သည် မိဘ​အတွက် ငွေကြေးဥစ္စာ​ကို စုဆောင်းရသည်​မဟုတ်။ မိဘတို့​ကသာ သားသမီးတို့​အတွက် စုဆောင်းရ၏။


ဤ​အခြင်းအရာ​အားလုံး​သည် သင်တို့​အကျိုး​အတွက်​ဖြစ်၏။ ဤသည်​မှာ ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရသောသူ ပို၍​များလာသည်​နှင့်အမျှ ဘုရားသခင်​၏ ဘုန်းတော်​ထင်ရှား​ရန် ကျေးဇူးတော်​ချီးမွမ်းခြင်း​သည်လည်း ပို၍ များလာ​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် မိမိတို့​အကြောင်း​ကို ဟောပြောကြသည်​မဟုတ်။ ယေရှု​ခရစ်တော်​သည် သခင်​ဖြစ်ကြောင်း​နှင့် ကျွန်ုပ်တို့​သည် ယေရှု​အတွက် သင်တို့​၏ အစေအပါးများ​ဖြစ်ကြောင်း​ကို ဟောပြောကြခြင်း​ဖြစ်၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် လွတ်လပ်ခွင့်​ရ​ရန်​အတွက် ခေါ်တော်မူခြင်း​ခံရသူများ ဖြစ်၏။ သို့သော် သင်တို့​၏ လွတ်လပ်ခွင့်​ကို မိမိ​ဗီဇစိတ်​အလို​သို့ လိုက်​ရန်​အတွက် အခွင့်အရေး​အဖြစ်​အသုံးမပြုဘဲ မေတ္တာ​ဖြင့် အချင်းချင်း​အစေခံခြင်း​အတွက် အသုံးပြုကြလော့။


သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​ရွေးကောက်တော်မူသော​သူတို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ကယ်တင်ခြင်း​ကို ထာဝရ​ဘုန်းတော်​နှင့်အတူ ရရှိ​နိုင်ရန် ထို​သူတို့​အတွက် ဆင်းရဲဒုက္ခ​အားလုံး​ကို ကျွန်ုပ်​သည်းခံ၏။


ထိုနည်းတူ ဇနီးသည်​တို့… သင်တို့​၏​ခင်ပွန်းသည်​ကို နာခံကြလော့။ သို့ပြုလျှင် အချို့​ခင်ပွန်းသည်တို့​သည် နှုတ်ကပတ်​တရား​ကို မယုံကြည်​သော်လည်း သင်တို့​၏ ဘုရားတရား​ရိုသေကိုင်းရှိုင်း​၍ သန့်ရှင်း​စင်ကြယ်သော​ပြုမူနေထိုင်ပုံ​ကို မြင်​သဖြင့် စကား​တစ်ခွန်း​မျှပင် မလိုဘဲ ယုံကြည်လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ