၁ ကော 11:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း16 သို့ရာတွင် တစ်စုံတစ်ယောက်သည် ဤဓလေ့နှင့်ပတ်သက်၍ ငြင်းခုံလိုလျှင် ကျွန်ုပ်တို့တွင် ထိုသို့သောဓလေ့မှအပ အခြားဓလေ့မရှိပေ။ ဘုရားသခင်၏ အခြားအသင်းတော်များ၌လည်း မရှိပေ။ အခန်းကိုကြည့်ပါ။Common Language Bible16 ဤကိစ္စနှင့်ပတ်သက်၍စောဒကတက်လိုသူ အားငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်များ၌လည်းကောင်း ယင်းသို့ ခေါင်းဖုံးအုပ်သည့်ထုံးစံမှလွဲ၍အခြား ထုံးစံမရှိကြောင်းငါဖြေဆိုအံ့။ အခန်းကိုကြည့်ပါ။Garrad Bible16 မည် သူ မ ဆို ငြင်း ဆန် လို လျှင် ငါ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် အ သင်း တော် များ ၌ လည်းကောင်း၊ ထုံး စံ တစ် မျိုး မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible16 သို့သော်လည်း တစ်စုံတစ်ယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌လည်းကောင်း၊ ဘုရားသခင်၏ အသင်းတော်၌ လည်းကောင်း၊ ထိုသို့သော ထုံးစံမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့ကို ခေါ်သွား၍ သင်သည်လည်း ထိုသူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကို ပြုလော့။ သူတို့၏ဆံပင်ရိတ်ရန် ကုန်ကျသမျှကိုလည်း သင်ပေးဆောင်လော့။ ဤသို့ဖြင့် သင်နှင့်ပတ်သက်၍ သူတို့ကြားသိထားသောသတင်းသည် မဟုတ်မမှန်ဘဲ သင်ကိုယ်တိုင်ပင်လျှင် ပညတ်တရားကို စောင့်ထိန်းလျက် လိုက်နာနေကြောင်း အားလုံးကသိမြင်လာကြလိမ့်မည်။
ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။