Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 1:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ဤ​သတင်းကောင်း​အတွက် တရားဟောဆရာ၊ တမန်တော်​နှင့် ဆရာ​အဖြစ် ကျွန်ုပ်​ကို ခန့်ထားတော်မူပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ဘု​ရား​သ​ခင်​သည်​ထို​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန် ငါ့​ကို​တ​မန်​တော်​နှင့်​ဆ​ရာ အ​ဖြစ်​ခန့်​ထား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 သ တင်း တော် မြတ် ကြား ပြော သူ၊ တ မန် တော်၊ ဆ ရာ အ ဖြစ်၌ ခန့် ထား တော် မူ ခြင်း ခံ ရ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ငါ​သည် ထို​ကောင်းမြတ်​သော​သတင်း​အတွက် သံတော်ဆင့်​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း၊ ဆရာ​အဖြစ်​လည်းကောင်း ခန့်အပ်​ထား​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:11
5 ပူးပေါင်းရင်းမြစ်များ  

သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


ကျွန်ုပ်​သည် လွတ်လပ်သူ​ဖြစ်သည် မဟုတ်လော။ တမန်တော်​ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို မြင်ခဲ့ဖူးသူ​ဖြစ်သည် မဟုတ်လော။ သင်တို့​သည် သခင်ဘုရား​အားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသော​အမှုတော်​မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။


သူတို့​သည် မိမိတို့​ပြောဆိုသော​အရာများ​နှင့် မိမိတို့ အသေအချာ​သွန်သင်နေသော​အရာများ​ကိုပင် နားမလည်ဘဲ ကျမ်းတတ်ဆရာများ ဖြစ်လိုကြ၏။


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ