၁ ကော 9:1 - Common Language Bible1 ငါသည်လွတ်လပ်သူမဟုတ်ပါလော။ တမန် တော်တစ်ပါးမဟုတ်ပါလော။ ငါတို့အရှင် သခင်ယေရှုကိုဖူးမြင်ခဲ့ရသူမဟုတ် ပါလော။ သင်တို့သည်သခင်ဘုရား၏အမှု တော်ကို ငါထမ်းဆောင်ခြင်းမှထွက်ပေါ်လာ သောအသီးအပွင့်များမဟုတ်ပါလော။- အခန်းကိုကြည့်ပါ။Garrad Bible1 ငါ သည် လူ လွတ် ဖြစ် သူ၊ တ မန် တော် ဖြစ် သူ၊ ငါ တို့ အ ရှင် ယေ ရှု ကို ဖူး မြင် ခဲ့ ရ သူ မ ဟုတ် လော။ သင် တို့ လည်း အ ရှင် ဘု ရား အား ဖြင့် ငါ ဆောင် ရွက် သော အ ကျိုး မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible1 ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီ မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါလုပ်သော အလုပ်ဖြစ်ကြသည် မဟုတ်လော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ငါသည် လွတ်လပ်သူဖြစ်သည်မဟုတ်လော။ တမန်တော်ဖြစ်သည်မဟုတ်လော။ ငါတို့၏သခင်ယေရှုကို ဖူးမြင်ခဲ့သည်မဟုတ်လော။ သင်တို့သည် သခင်ဘုရား၌ ငါ၏လုပ်ဆောင်မှုရလဒ်ဖြစ်ကြသည်မဟုတ်လော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ကျွန်ုပ်သည် လွတ်လပ်သူဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့၏သခင် ယေရှုကို မြင်ခဲ့ဖူးသူဖြစ်သည် မဟုတ်လော။ သင်တို့သည် သခင်ဘုရားအားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသောအမှုတော်မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-
တမန်တော်ဖြစ်သူငါပေါလုနှင့် ဤအရပ်တွင် ရှိသည့်ညီအစ်ကိုအပေါင်းတို့က ဂလာတိပြည် ရှိအသင်းတော်များသို့စာရေးလိုက်ပါသည်။ ငါ သည်လူအမိန့်အာဏာဖြင့် တမန်တော်ရာထူးကို အပ်နှင်းခြင်းခံရသူမဟုတ်။ လူခန့်ထားသည့် တမန်တော်လည်းမဟုတ်။ ယေရှုခရစ်ကလည်း ကောင်း၊ ထိုအရှင်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူသောခမည်းတော်ဘုရားသခင်က လည်းကောင်း ခန့်ထားတော်မူသောသူဖြစ်၏။
ငါတို့သည်ခရစ်တော်၏တမန်တော်များ အနေဖြင့်သင်တို့ထံတွင်အခွင့်အရေးများ ကိုတောင်းဆိုနိုင်၏။ သို့သော်သင်တို့၏အချီး အမွမ်းကိုသော်လည်းကောင်း၊ အခြားသူတို့ ၏အချီးအမွမ်းကိုသော်လည်းကောင်းခံ ရစေရန်ငါတို့မကြိုးစား။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ်အခါက သား သမီးများအားယုယစွာပြုစုသည့် မိခင်ကဲ့သို့သင်တို့အားပြုစုခဲ့ကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။