Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 9:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကျွန်ုပ်​သည် လွတ်လပ်သူ​ဖြစ်သည် မဟုတ်လော။ တမန်တော်​ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ကို မြင်ခဲ့ဖူးသူ​ဖြစ်သည် မဟုတ်လော။ သင်တို့​သည် သခင်ဘုရား​အားဖြင့် ကျွန်ုပ် ထမ်းဆောင်ရသော​အမှုတော်​မှ ရရှိလာသော အသီးအပွင့်များ မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ငါ​သည်​လွတ်​လပ်​သူ​မ​ဟုတ်​ပါ​လော။ တ​မန် တော်​တစ်​ပါး​မ​ဟုတ်​ပါ​လော။ ငါ​တို့​အ​ရှင် သ​ခင်​ယေ​ရှု​ကို​ဖူး​မြင်​ခဲ့​ရ​သူ​မ​ဟုတ် ပါ​လော။ သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​အ​မှု တော်​ကို ငါ​ထမ်း​ဆောင်​ခြင်း​မှ​ထွက်​ပေါ်​လာ သော​အ​သီး​အ​ပွင့်​များ​မ​ဟုတ်​ပါ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ငါ သည် လူ လွတ် ဖြစ် သူ၊ တ မန် တော် ဖြစ် သူ၊ ငါ တို့ အ ရှင် ယေ ရှု ကို ဖူး မြင် ခဲ့ ရ သူ မ ဟုတ် လော။ သင် တို့ လည်း အ ရှင် ဘု ရား အား ဖြင့် ငါ ဆောင် ရွက် သော အ ကျိုး မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ငါ​ပေါ​လု​သည် ကျွန်​မ​ဟုတ်၊ လူ​လွတ်​ဖြစ်​သည် မ​ဟုတ်​လော။ တ​မန်​တော်​ဖြစ်​သည် မ​ဟုတ်​လော။ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မြင်​ရ​ပြီ မ​ဟုတ်​လော။ သင်​တို့​သည် သ​ခင်​ဘု​ရား၌ ငါ​လုပ်​သော အ​လုပ်​ဖြစ်​ကြ​သည် မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ​သည် လွတ်လပ်​သူ​ဖြစ်​သည်​မ​ဟုတ်​လော။ တမန်တော်​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​၏​သခင်​ယေရှု​ကို ဖူးမြင်​ခဲ့​သည်​မ​ဟုတ်​လော။ သင်​တို့​သည် သခင်​ဘုရား​၌ ငါ​၏​လုပ်ဆောင်​မှု​ရလဒ်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 9:1
37 ပူးပေါင်းရင်းမြစ်များ  

ထို​သူတို့​သည် သခင်ဘုရား​ကို​ဝတ်ပြု​၍ အစာရှောင်နေကြ​စဉ် သန့်ရှင်းသော​ဝိညာဉ်တော်​က “ငါ​ခန့်အပ်သော​အမှု​ကို ဆောင်ရွက်​ရန် ဗာနဗ​နှင့် ရှောလု​တို့​ကို သီးသန့်​ရွေးချယ်ကြလော့” ဟု ဆို၏။


ထို​အကြောင်း​ကို တမန်တော်​ပေါလု​နှင့် ဗာနဗ​တို့​ကြား​သောအခါ မိမိတို့​၏​အဝတ်များ​ကို ဆုတ်ဖြဲ​၍ လူအုပ်​ထဲသို့ ပြေးဝင်​ကာ


သို့သော် မြို့သူမြို့သားတို့​သည် အုပ်စုကွဲ​ကာ တချို့​မှာ ဂျူးတို့​ဘက်​ပါ​၍ တချို့​မှာ တမန်တော်တို့​ဘက်​ပါကြ၏။


ထို​ည​တွင် ဘုရားသခင်​သည် ပေါလု​အနား​၌​ရပ်​လျက် “စိတ်မပူနှင့်။ သင်​သည် ငါ့​အကြောင်း​ကို ဂျေရုဆလင်မြို့​၌ သက်သေခံသည်​နည်းတူ ရောမမြို့​၌လည်း သက်သေခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့ ဝင်လေ၏။ သူ​၏​လက်​ကို ရှောလု​ပေါ်သို့ တင်​လျက် “ငါ့​ညီ​ရှောလု… သင်​လာသော​လမ်း​တွင် သင့်​အား​ကိုယ်ထင်ပြသော သခင်​ယေရှု​က သင့်​မျက်စိ​ပြန်မြင်​စေရန်​နှင့် သင့်​ကို သန့်ရှင်းသော​ဝိညာဉ်တော်​နှင့်​ပြည့်ဝ​စေရန် ငါ့​ကို​စေလွှတ်လိုက်ပါ၏” ဟု ပြော၏။


ဤသို့ဖြင့် ခရီးပြု​ရာ​တွင် ဒမတ်စကပ်မြို့​အနီးသို့ ရောက်​သောအခါ ကောင်းကင်​မှ​အလင်း​သည် သူ​၏​ပတ်လည်​တွင် ရုတ်တရက်​ထွန်းတောက်လေ၏။


ရှောလု​ကလည်း “သခင်… ကိုယ်တော်​သည် မည်သူ​ဖြစ်ပါသနည်း” ဟု လျှောက်၏။ ထို​အသံရှင်​က “ငါ​သည် သင်​ညှဉ်းပန်းနှိပ်စက်နေသော​ယေရှု​ဖြစ်၏။


တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ကျွန်ုပ်တို့​သည် ထို​သားတော်​အားဖြင့် တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ကို ရရှိကြ၏။ ဤသည်​မှာ ထို​သခင်​၏ နာမတော်​အတွက် ယုံကြည်ခြင်း​ကြောင့် ဖြစ်လာသော နာခံခြင်း​အကြောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထဲတွင် ဟောပြော​ရန် ဖြစ်၏။


လူမျိုးခြား​ဖြစ်သော သင်တို့​ကို ကျွန်ုပ်​ပြောမည်။ ကျွန်ုပ်​သည် လူမျိုးခြားတို့​၏ တမန်တော်​ဖြစ်သည့်​အလျောက် ထို​ရာထူး​ကို ဂုဏ်ယူ​လျက်


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော်​အဖြစ် ရွေးချယ်တော်မူခြင်း​ခံရသော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​နှင့် ကျွန်ုပ်တို့​၏​ညီ သုဿင်​တို့​က


အသိစိတ်​ဟု ဆိုရာ​တွင် သင်တို့​၏ အသိစိတ်​ကို မဆိုလို။ အခြားသူ​၏ အသိစိတ်​ကို ဆိုလို၏။ ကျွန်ုပ်​၏ လွတ်လပ်ခွင့်​သည် အခြားသူ​တစ်ယောက်​၏ အသိစိတ်​အားဖြင့် အဘယ်ကြောင့် အပြစ်တင်​ခံရမည်နည်း။


အကယ်၍ ကျွန်ုပ်​သည် စားသုံးရသော​အစာ​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်​လျှင် ထိုသို့​ကျေးဇူးတင်​၍ စားသုံးရသော​အစာ​အတွက် အဘယ်ကြောင့် ရှုတ်ချ​ပြောဆို​ခံရမည်နည်း။


သို့ရာတွင် တစ်စုံတစ်ယောက်​သည် ဤ​ဓလေ့​နှင့်​ပတ်သက်​၍ ငြင်းခုံ​လို​လျှင် ကျွန်ုပ်တို့​တွင် ထိုသို့သော​ဓလေ့​မှအပ အခြား​ဓလေ့​မရှိပေ။ ဘုရားသခင်​၏ အခြား​အသင်းတော်များ​၌လည်း မရှိပေ။


ကျွန်ုပ်​သည် မျိုးစေ့​စိုက်၏။ အာပေါလု​သည် ရေလောင်း၏။ သို့သော် ထို​အပင်​ကို ကြီးထွားစေတော်မူသော အရှင်​မှာ ဘုရားသခင်​ပင် ဖြစ်ပေ၏။


ကျွန်ုပ်​သည် လွတ်လပ်သောသူ​ဖြစ်ပြီး မည်သူ​၏​ကျွန်​မှ မဟုတ်ပါ။ သို့သော် ခရစ်တော်​ကို ယုံကြည်သောသူများ ပို၍ များလာ​စေရန် လူ​အပေါင်းတို့​၏​ကျွန် ဖြစ်လာရ၏။


မျက်စိ​ရှေ့၌ ရှိသော​အရာ​ကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်​က သူ​သည် ခရစ်တော်​၏​လူ​ဖြစ်ကြောင်း ယုံကြည်စိတ်ချ​လျှင် ကျွန်ုပ်တို့​သည်လည်း ထို​သူ​ကဲ့သို့ပင် ခရစ်တော်​၏​လူများ​ဖြစ်ကြောင်း​ကို သူ​သည် ပြန်လည်​ဆင်ခြင်​ပါစေ။


ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် ထိပ်တန်း​တမန်တော်များ​ထက် ညံ့သည်​ဟု မယူဆပါ။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


လူတို့​၏ အခွင့်အာဏာ​ဖြင့် မဟုတ်၊ ကြားခံလူ​အားဖြင့်​လည်း မဟုတ်၊ ယေရှု​ခရစ်တော်​နှင့် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူသည့် ခမည်းတော်​ဘုရားသခင်​အားဖြင့် တမန်တော်​အဖြစ် ခန့်အပ်ခံရသူ​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ယေရှု​ခရစ်တော်​၏ တမန်တော်များ​ဖြစ်သည့် ကျွန်ုပ်တို့​သည် မိမိတို့​၏ အခွင့်အာဏာ​ကို သုံး​နိုင်​သော်လည်း သင်တို့​ထံမှ​ဖြစ်စေ၊ တစ်ဦးတစ်ယောက်​ထံမှ​ဖြစ်စေ လူတို့​၏​ချီးမွမ်းခြင်း​ကို ခံရ​ရန် မကြိုးစားဘဲ


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


ဤ​သတင်းကောင်း​အတွက် တရားဟောဆရာ၊ တမန်တော်​နှင့် ဆရာ​အဖြစ် ကျွန်ုပ်​ကို ခန့်ထားတော်မူပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ