၂ ကော 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 သို့ဖြစ်၍ငါတို့သည်ဘုရားသခင်၏လုပ် ဖော်ဆောင်ဘက်များအနေဖြင့်သင်တို့အား တောင်းပန်လိုသည်ကား သင်တို့သည်ဘုရား သခင်၏ကျေးဇူးတော်ကိုခံယူရရှိသူများ ဖြစ်သည့်အားလျော်စွာ ထိုကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေကြနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible1-2 ၎င်း ပြင် လက် ခံ ဖွယ် အချိန် ၌ ငါ နား ညောင်း ၍ ကယ် တင် ရာ နေ့ ရက်၌ သင့် ကို မ စ ပြီ ဟူ သော ဗျာ ဒိတ် တော် ချက် အ ရ ယ ခု ပင် လက် ခံ ဖွယ် အ ချိန်၊ ယ ခု ပင် ကယ် တင် ရာ နေ့ ရက် ဖြစ် သည့် အ လျောက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ ကျိုး မဲ့ မ ခံ စေ မည့် အ ကြောင်း ကိုယ် တော် နှင့် လုပ် ဘော် ဆောင် ဘက် ဖြစ် သူ ငါ တို့ သည် သင် တို့ အား နှိုး ဆော် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible1 သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကို နှိုးဆော်သွေးဆောင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်ဖြတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏ တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏ သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲဆဲရှိသည် မရှိသည်ကို သိရန် တိမောသေကို စေလွှတ်ခြင်းဖြစ်၏။ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းတစ်ဖုံ သွေးဆောင်သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်းသည် အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိတ်ပူ၏။