Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 8:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သို့ ဖြစ်၍ စား ဖွယ် ခဲ ဖွယ် အား ဖြင့် ညီ အစ် ကို တိုက် လဲ လျင် ငါ သည် ထို ညီ အစ် ကို၌ တိုက် လဲ ခြင်း မ ပြု မိ စေ ရန် ကာ လ အ စဉ် အ သား မ သုံး ဆောင် ဘဲ နေ တော့ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သို့​ဖြစ်၍၊ ငါ၏​အ​စား​အ​သောက်​သည် ငါ့​ညီ​အစ်​ကို​ကို မှား​ယွင်း​စေ​လျှင်၊ ငါ့​ညီ​အစ်​ကို၌ မှား​ယွင်း​စ​ရာ​အ​ကြောင်း မ​ရှိ​စေ​ခြင်း​ငှာ၊ အ​မဲ​သား​ကို အ​စဉ်​မ​ပြတ်​ရှောင်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ကြောင့် အစားအစာ​သည် ငါ​၏​ညီအစ်ကို​ကို မှားယွင်း​စေ​လျှင် ငါ့​ညီအစ်ကို​အား မ​မှားယွင်း​စေရန် ငါ​သည် အသား​ကို ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ စား​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 8:13
14 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သူတို့​စိတ်​အနှောင့်အယှက်​မဖြစ်​စေရန် အိုင်​သို့ သွား​၍ ငါးမျှားလော့။ အဦးဆုံး​ရသော​ငါး​ကို ယူ​၍ ပါးစပ်​ကို ဖွင့်​လျှင် ငွေဒင်္ဂါး​တစ်ပြား​ကို တွေ့​လိမ့်မည်။ ထို​ငွေ​ကို​ယူ​၍ ငါ​နှင့် သင့်​အတွက် အခွန်​ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။


ရုပ်တုများ​အား ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် သွေး​ကို စားသုံးခြင်း​တို့​မှ​ရှောင်ကြဉ်​ရန်​သာ စာရေး​၍ မှာကြား​သင့်ကြောင်း ကျွန်ုပ်​ယူဆပါ၏။


ထို့ကြောင့် အချင်းချင်း အပြစ်​မတင်ဘဲ နေကြပါစို့။ အပြစ်​တင်မည့်​အစား အခြား​ယုံကြည်သောသူ​တစ်ယောက်​အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ​၍ လဲစရာ​မဖြစ်​စေရန် ဆင်ခြင်ကြပါစို့။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


မရိုင်းစိုင်းတတ်။ ကိုယ်ကျိုး​ကို မရှာတတ်။ ဒေါသ​မထွက်တတ်။ သူတစ်ပါး​၏ အပြစ်​ကို မှတ်မထားတတ်။


သင်တို့​က “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို၏။ သို့သော် အရာ​အားလုံး​သည် အကျိုး​ရှိသည်​မဟုတ်ပေ။ “ငါ​သည် အရာ​အားလုံး​ကို လုပ်ပိုင်ခွင့်​ရှိသည်” ဟု ဆို​သော်လည်း မည်သည့်​အရာ​၏ စိုးမိုးခြင်း​ကိုမျှ ကျွန်ုပ်​ခံမည်​မဟုတ်။


အခြား​သူတို့​သည် သင်တို့​ထံမှ ဤ​ခံစားခွင့်​ကို ရ​လျှင် ကျွန်ုပ်တို့​သည် ပို၍ ရထိုက်သည်​မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့​သည် ဤ​ခံစားခွင့်​ကို မယူခဲ့ကြ။ ခရစ်တော်​၏ သတင်းကောင်း​ကို အဆီးအတား​မရှိ​စေရန်​အတွက် မည်သည့်​အခက်အခဲ​ကို​မဆို သည်းခံကြ၏။


တစ်စုံတစ်ယောက်​အားနည်း​သောအခါ ကျွန်ုပ်​သည် အားမနည်း​ဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်​လမ်းမှားရောက်​သောအခါ ကျွန်ုပ်​သည် မပူပန်​ဘဲ နေနိုင်မည်လော။


အမှုတော်​လုပ်ငန်း​တွင် အပြစ်တင်စရာ​အကြောင်း တစ်စုံတစ်ခု​မျှ မရှိ​စေရန် ကျွန်ုပ်တို့​သည် သူတစ်ပါး​ရှေ့​၌ ထိမိ​၍ လဲစရာ​မဖြစ်စေကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ