၁ ကော 14:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။ Common Language Bible သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောသောသူသည်ကား လူတို့အားဆောက် တည်ရာရစေသောစကား၊ အားပေးသော စကား၊ နှစ်သိမ့်သောစကားတို့ကိုပြော၏။- Garrad Bible ဟော ပြော သူ မူ ကား လူ တို့ အား ဆောက် တည် ခြင်း၊ နှိုး ဆော် ခြင်း၊ နှစ် သိမ့် ခြင်း စ ကား များ ကို ပြော ဆို၏။ Judson Bible ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှာ လူတို့အားဟောပြော၏။- မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်ပြုဟောပြောသောသူမူကား တည်ဆောက်မြှင့်တင်ပေးခြင်း၊ တိုက်တွန်းအားပေးခြင်းနှင့် နှစ်သိမ့်ခြင်းတို့အတွက် လူတို့အားဟောပြော၏။ |
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
သူတို့က “ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများစွာခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ကြရမည်” ဟု ဆိုလျက် ထိုမြို့များရှိ တပည့်တော်တို့၏ စိတ်ကို ကြံ့ခိုင်စေကြ၏။ ယုံကြည်ခြင်းတွင်လည်း ဆက်လက်ရပ်တည်ရန် ခွန်အားပေးကြ၏။
ပရောဖက်များလည်းဖြစ်ကြသော ယုဒနှင့်သိလတို့သည် ယုံကြည်သူတို့အား အချိန်ကြာမြင့်စွာ တိုက်တွန်းနှိုးဆော်၍ ကြံ့ခိုင်စေကြ၏။
ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။
ထို့နောက် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ရှမာရိပြည်တစ်လျှောက်၌ အသင်းတော်သည် ငြိမ်းချမ်း၍ တည်တံ့ခိုင်မြဲလာ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်အားပေးခြင်းတို့ဖြင့် ရှင်သန်၍ အသင်းသားအရေအတွက်သည်လည်း တိုးပွားလာ၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။
သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာတိုင်းသည် သင်တို့အတွက် ကောင်းသည်မဟုတ်။ သင်တို့က “ငါ၌ မည်သည့်အရာကိုမဆို လုပ်ပိုင်ခွင့်ရှိသည်” ဟု ဆိုကြ၏။ သို့သော် အရာအားလုံးသည် အကျိုးရှိစေသည်မဟုတ်။
သို့ဖြစ်၍ သင်တို့သည်လည်း ဝိညာဉ်ဆုကျေးဇူးများကို ရရန် စိတ်အားထက်သန်သည့်အလျောက် အသင်းတော်ကို တည်ဆောက်ရာတွင် အကျိုးပြုမည့် ဆုကျေးဇူးများကိုသာ ရရန် ကြိုးစားကြလော့။
သင်သည် ဘုရားသခင်အား ကောင်းစွာ ကျေးဇူးတင်နေသော်လည်း တစ်ပါးသူအတွက် တည်ဆောက်စရာမဖြစ်ပေ။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
လူတိုင်း သင်ယူရပြီး လူတိုင်း အားပေးခံရနိုင်ရန် ပရောဖက်ပြုသောသူအားလုံးသည် တစ်လှည့်စီ ပရောဖက်ပြုဟောပြောကြရမည်။
ရုပ်တုများအား ပူဇော်သည့်အစားအစာနှင့်ပတ်သက်၍ “ကျွန်ုပ်တို့အားလုံး၌ အသိပညာရှိသည်” ဟူ၍ကျွန်ုပ်တို့သိထားကြ၏။ သို့သော် အသိပညာသည် လူကို မာနထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမှာမူ တည်ဆောက်ပေးတတ်၏။
ဆင်းရဲဒုက္ခအမျိုးမျိုးကို ကျွန်ုပ်တို့ခံရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆင်းရဲဒုက္ခကြုံသော အခြားသူတို့ကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။
ထိုသို့ ကျွန်ုပ်တို့၏ အခြေအနေကို သင်တို့ သိစေရန်နှင့် သူသည် သင်တို့ကို စိတ်ခွန်အားပေးရန် သူ့ကို သင်တို့ထံ ကျွန်ုပ် စေလွှတ်လိုက်ပါ၏။
ကျွန်ုပ်တို့၏ အခြေအနေကို သင်တို့ သိစေ၍ သူသည် သင်တို့ကို စိတ်ခွန်အားပေးရန် သူ့ကို သင်တို့ထံ ကျွန်ုပ် စေလွှတ်လိုက်ပါ၏။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူရန် မည်သို့ ပြုမူနေထိုင်ရမည်ကို ကျွန်ုပ်တို့သွန်သင်ခဲ့သည့်အတိုင်း ပြုမူနေထိုင်လျက်ရှိ၏။ ယခုတွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် ထိုသို့ ပို၍ပြုမူနေထိုင်ကြရန် တောင်းပန်လျက် တိုက်တွန်းနှိုးဆော်လို၏။
ကျွန်ုပ်တို့သည် ထိုကဲ့သို့သောလူများကို မိမိဝမ်းစာအတွက် မိမိကိုယ်တိုင် အေးချမ်းစွာ ကြိုးစားရှာဖွေရန် သခင်ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ညွှန်ကြားကာ တိုက်တွန်းနှိုးဆော်ကြ၏။
ဒဏ္ဍာရီများ၊ မဆုံးနိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်မပေးကြရန် ညွှန်ကြားလော့။ ထိုအရာများသည် အငြင်းအခုံများကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်သော ဘုရားသခင်၏ အမှုတော်ကို အထောက်အကူမဖြစ်စေပါ။
ကျွန်ုပ်ရောက်မလာမီ ပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်းတို့ကို အားထုတ်ဆောင်ရွက်လော့။
မိမိသခင်သည် ယုံကြည်သောသူဖြစ်လျှင် ယုံကြည်သူချင်းပင် ဖြစ်သည်ဟု မှတ်ယူလျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်က မိမိအစေခံသောသူမှာ ချစ်ခင်ရသည့် ယုံကြည်သူပင် ဖြစ်သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်သည် ဤအရာများကို အလေးထားသွန်သင်၍ တိုက်တွန်းလော့။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။
သူသည် မိမိလက်ခံထားသည့် စစ်မှန်သောတရားတော်ကို မြဲမြံစွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူသည် အခြားသူများကို မှန်ကန်သောသွန်သင်မှုဖြင့် အားပေးနိုင်ပြီး ဆန့်ကျင်သူတို့၏ အမှားများကိုလည်း ချေပနိုင်မည်ဖြစ်၏။
သင်သည် အထက်ပါအကြောင်းအရာများကို သွန်သင်လော့။ အခွင့်အာဏာ အပြည့်အဝဖြင့် တိုက်တွန်း၍ ဆုံးမလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင် မပြုပါစေနှင့်။
ထိုနည်းတူ အသက်ငယ်သောအမျိုးသားတို့အား မိမိကိုယ်ကိုယ် ချုပ်တည်းနိုင်ရန် နှိုးဆော်လော့။
မိမိသခင်တို့ကို အရာရာ၌ နာခံ၍ စိတ်ကျေနပ်အောင် ဆောင်ရွက်ရန် ကျွန်တို့အား သွန်သင်လော့။ ခွန်းတုံ့မခံပြောခြင်း၊
စည်းဝေးခြင်းကို လူတချို့လွှဲရှောင်သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်းအားပေးတိုက်တွန်းကြလော့။ ကိုယ်တော်ပြန်လည်ကြွလာမည့်နေ့ရက်သည် နီးကပ်လာသည်ကို ထောက်လျက် ပို၍ တိုက်တွန်းကြလော့။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။