Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 1:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ဒဏ္ဍာရီများ၊ မဆုံးနိုင်သော​ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေးရာ​တွင် အချိန်​မပေးကြ​ရန် ညွှန်ကြားလော့။ ထို​အရာများ​သည် အငြင်းအခုံများ​ကိုသာ ဖြစ်စေ၏။ ယုံကြည်ခြင်း​ဖြင့် လုပ်ဆောင်သော ဘုရားသခင်​၏ အမှုတော်​ကို အထောက်အကူ​မဖြစ်စေပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ဒဏ္ဍာရီ​များ​နှင့် မဆုံး​နိုင်​သော​ဆွေစဉ်မျိုးဆက်​စာရင်း​များ​ကို အာရုံ​မ​စိုက်​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ ထို​အရာ​တို့​သည် ယုံကြည်​ခြင်း​၌​တည်​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​ထက် အငြင်းပွား​မှု​များ​ကို​သာ​ဖြစ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 1:4
19 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။


သင်တို့​အတွက် ကျွန်ုပ်​ကို ဘုရားသခင်​ပေးသနားတော်မူသည့် ကျေးဇူးတော်​နှင့်ဆိုင်သော အထူး​တာဝန်​အကြောင်း​ကို သင်တို့ အမှန်​ပင် ကြားသိရပြီ ဖြစ်၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​တရား နက်နဲ​ဆန်းကြယ်ပုံ​သည် အမှန်တကယ်​ကြီးမြတ်​လှ၏။ သခင်ဘုရား​သည် လူသား​အဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်​၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်​အားဖြင့် ဖော်ပြခြင်း​ခံရတော်မူ၏။ ကိုယ်တော်​ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်​အကြောင်း​ကို လူမျိုးခြားတို့​ထံ ဟောပြောကြ၏။ ကိုယ်တော်​ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်​ကို ဘုန်းအသရေ​နှင့်တကွ ကောင်းကင်ဘုံ​သို့ ဘုရားသခင်​ခေါ်ယူတော်မူ၏။


သင်​သည် ဘုရားတရား​မဲ့သော၊ ယုတ္တိ​မရှိသော​ဒဏ္ဍာရီများ​ကို ရှောင်ကြဉ်​၍ ဘုရားတရား​ကိုင်းရှိုင်း​ရန် မိမိ​ကိုယ်ကိုယ် လေ့ကျင့်လော့။


သို့သော် တိမောသေ… သင်​သည် ဘုရားသခင်​၏​လူ​ဖြစ်​သောကြောင့် ထို​အရာတို့​ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရား​ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်​ရန် အမြဲ​ကြိုးစားလော့။


တိမောသေ… သင့်​ထံ အပ်နှင်းထားသည့်​အရာ​ကို စောင့်ရှောက်လော့။ ဘုရားတရား​မဲ့သည့် အကျိုး​မရှိသော​စကားများ​နှင့် အသိပညာ​ဟု လွဲမှား​စွာ ခေါ်ဝေါ်သည့် ဆန့်ကျင်ဘက်​အယူအဆများ​ကို ရှောင်ကြဉ်လော့။


ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။


ထို့ကြောင့် သင်​သည် လူငယ်တို့​၏​တပ်မက်စိတ်​ကို ရှောင်ကြဉ်​၍ ဖြူစင်သော​နှလုံးသား​ဖြင့် ဘုရားသခင်​ကို ဝတ်ပြု​ဆုတောင်းသော​သူတို့​နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ ရှိ​ရန် အမြဲ​ကြိုးစားလော့။


မိုက်မဲ​၍ ပညာမဲ့သော​အငြင်းပွားမှုများ​သည် ခိုက်ရန်​ကိုသာ ဖြစ်ပွားစေကြောင်း သင်​သိ​သဖြင့် ရှောင်ကြဉ်လော့။


သမ္မာတရား​ကို နားမထောင်ဘဲ ဒဏ္ဍာရီများ​ကိုသာ နားထောင်ကြ​လိမ့်မည်။


ဘုရားသခင်​၏ အစေအပါး​နှင့် ယေရှု​ခရစ်တော်​၏ တမန်တော်​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်၏။ ဘုရားသခင်​သည် မိမိ​ရွေးကောက်သော​သူတို့​၏ ယုံကြည်ခြင်း​ကို ခိုင်မာ​စေရန်​နှင့် သမ္မာတရား​ကို ထို​သူတို့​သိရှိ​နားလည်​နိုင်စေရန် ကျွန်ုပ်​ကို စေလွှတ်တော်မူ၏။ ဤ​နည်း​ဖြင့် သူတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော​ဘဝ​ဖြင့် နေထိုင်​နိုင်ကြမည်။


သမ္မာတရား​ကို ဆန့်ကျင်သူတို့​၏ ပညတ်ချက်များ​နှင့် ဂျူး​လူမျိုးတို့​၏ ဒဏ္ဍာရီများ​ကို သူတို့​သည် ဂရုမစိုက်ဘဲ နေရမည်။


မိုက်မဲသော​ငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်​စာရင်းများ​ကို ဆွေးနွေး​ရာတွင် အချိန်ပေးခြင်း၊ ပညတ်တရား​နှင့်ပတ်သက်​၍ စကားများ​ခိုက်ရန်​ဖြစ်ခြင်းတို့​ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထို​အရာများ​သည် အကျိုး​မရှိ။ အသုံး​လည်း​မဝင်​သောကြောင့် ဖြစ်၏။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် တန်ခိုး​နှင့် ကြွလာမည့်​အကြောင်း​ကို သင်တို့​အား ပြောပြ​ရာတွင် လိမ္မာပါးနပ်​စွာ ဖန်တီးထားသော​ဒဏ္ဍာရီ​ပုံပြင် များ​ကို ပြောပြခြင်း​မဟုတ်။ ကျွန်ုပ်တို့​သည် ထို​အရှင်​၏ ကြီးမြတ်သော​တန်ခိုးတော်​ကို ကိုယ်တိုင်​ဖူးမြင်ရသူများ​ဖြစ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ