Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 8:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​နှင့်​ပတ်သက်၍ “ကျွန်ုပ်တို့​အားလုံး​၌ အသိပညာ​ရှိသည်” ဟူ၍​ကျွန်ုပ်တို့​သိထားကြ၏။ သို့သော် အသိပညာ​သည် လူ​ကို မာန​ထောင်လွှား​စေတတ်၏။ ချစ်ခြင်းမေတ္တာ​မှာမူ တည်ဆောက်ပေးတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သင်​တို့​ရေး​သား​မေး​မြန်း​သည့်​ရုပ်​တု​များ ကို​ပူ​ဇော်​ရာ​အ​စား​အ​စာ​ကိစ္စ​နှင့်​ပတ်​သက် ၍ ငါ​ဖြေ​ပေး​ပါ​မည်။ ငါ​တို့​အား​လုံး​ပင် အ​သိ​ပ​ညာ​ရှိ​သူ​များ​ဖြစ်​သည်​ဟု​ဆို သည့်​စ​ကား​မှာ​မှန်​ပေ​၏။ သို့​ရာ​တွင်​အ​သိ ပ​ညာ​သည်​လူ​တို့​ကို​မာန်​မာ​န​ထောင် လွှား​စေ​တတ်​၏။ မေတ္တာ​မူ​ကား​ဆောက်​တည် မှု​ကို​ပြု​တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား နှင့် စပ်၍ လည်း ငါ တို့ ရှိ သ မျှ၌ အ သိ ပ ညာ ရှိ ကြောင်း သိ ကြ လှ၏။ အ သိ ပ ညာ သည် ဖောင်း ကြွ ခြင်း၊ မေ တ္တာ မူ ကား ဆောက် တည် ခြင်း ဖြစ် စေ တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ရုပ်​တု​ရှေ့၌​ပူ​ဇော်​သော ယဇ်​ကောင်​အ​ရာ​မှာ၊ ငါ​တို့​ရှိ​သ​မျှ​သည် ပိုင်း​ခြား​တတ်​သော ဉာဏ်​ရှိ​သည်​ကို ငါ​တို့​သိ​ကြ၏။ ဉာဏ်​သည် ထောင်​လွှား​စေ​တတ်၏။ မေ​တ္တာ​မူ​ကား တည်​ဆောက်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​နှင့်​ပတ်သက်၍ ငါ​တို့​အားလုံး​၌ အသိပညာ​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ သို့သော် အသိပညာ​သည် ထောင်လွှား​စေ​တတ်​၏။ ချစ်​ခြင်း​မေတ္တာ​မူကား တည်ဆောက်​မြှင့်တင်​ပေး​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 8:1
35 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယခု​သင်တို့​သည် ကျွန်ုပ်တို့​၏​ဘိုးဘေးများ​နှင့် ကျွန်ုပ်တို့​ပင် မထမ်းနိုင်သော​ထမ်းပိုး​ကို တပည့်တော်တို့​၏​လည်ပင်း​ပေါ်​တွင်​တင်ခြင်း​အားဖြင့် အဘယ်ကြောင့် ဘုရားသခင်​ကို စမ်းသပ်ကြသနည်း။


သင်တို့​သည် ရုပ်တုများ​အား ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ သွေး​ကို စားသုံးခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​ကို ရှောင်ကြဉ်ရမည်။ သင်တို့​သည် ထို​အရာများ​နှင့် ကင်းရှင်း​လျှင် ကောင်း၏။ ကျန်းမာကြပါစေ။ ဟု ရေးသားထား၏။


ယုံကြည်လာကြသော​လူမျိုးခြားများ​အတွက်​မူ သူတို့​သည် ရုပ်တုများ​ကို ပူဇော်ထားသော​အစားအစာ​ကို စားသုံးခြင်း၊ သွေး​ကို စားသုံးခြင်း၊ လည်​ညှစ်သတ်သော​တိရစ္ဆာန်များ​၏​အသား​ကို စားသုံးခြင်း​နှင့် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း စသည်တို့​ကို ရှောင်ကြဉ်​ရန် ကျွန်ုပ်တို့​ဆုံးဖြတ်​၍ စာရေးပေးပို့ကြပြီ” ဟု ဆိုကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် မိမိ​ကိုယ်ကိုယ် ပညာရှိ​လှသည်​ဟူ၍ မထင်မှတ်​စေရန် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို သင်တို့​အား ကျွန်ုပ်​နားလည်​စေလို၏။ ထို​လျှို့ဝှက်နက်နဲသော​အရာ​မှာ အစ္စရေးလူမျိုး​တချို့​၏ စိတ်နှလုံး​သည် အစဉ်​မာကျောနေမည်​မဟုတ်ဘဲ ခရစ်တော်​ထံ ရောက်လာမည့် လူမျိုးခြား​အရေအတွက် ပြည့်စုံလာသည်​အထိ​သာ ဖြစ်​လိမ့်မည်။


တစ်ဦး​နှင့် တစ်ဦး စည်းလုံး​ညီညွတ်​စွာ နေကြလော့။ နိမ့်ပါးသော​သူတို့​နှင့် မာန​မထောင်လွှားဘဲ ပေါင်းသင်း​ဆက်ဆံကြလော့။ မိမိကိုယ်ကိုယ် ငါ​သည် ပို၍ ပညာရှိသည်​ဟု မထင်မှတ်နှင့်။


သို့ဖြစ်၍ သင်​သည် သင်တို့​၏ ညီအစ်ကို​မောင်နှမများ​ကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့​အား အဘယ်ကြောင့် မထီမဲ့မြင်​ပြုသနည်း။ ဘုရားသခင်​၏ တရားခွင်​ရှေ့၌ ကျွန်ုပ်တို့​အားလုံး ရောက်ကြ​ရမည်​ဖြစ်၏။


မည်သည့်​အစားအစာ​မျှ ပကတိ​အလျောက် မညစ်ညမ်းကြောင်း​ကို သခင်​ယေရှု​အားဖြင့် အမှန်​ပင် ကျွန်ုပ်​သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်​က ညစ်ညမ်းသည်​ဟု မှတ်ယူ​လျှင် ထို​အစာ​သည် ထို​သူ​အတွက် ညစ်ညမ်း၏။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


သင်​ပြုသော​အမှုကိစ္စ​နှင့်​ပတ်သက်၍ အမှား​မရှိ​ဟု သင်​ယုံကြည်​လျှင်လည်း ထို​ယုံကြည်ခြင်း​ကို သင်​နှင့် ဘုရားသခင်​အကြား​၌သာ ရှိစေလော့။ မိမိ​မှန်သည်​ဟု လက်ခံထားသည့်​အမှုကိစ္စ​ကို ပြုလုပ်ခြင်း​အတွက် အပြစ်​မရှိ​ဟု ခံစားရသော​သူ​သည် မင်္ဂလာရှိ၏။


အစားအစာ​အားလုံး​ကို စားသောသူ​သည် မစားသောသူ​ကို မထီမဲ့မြင်​မပြုနှင့်။ မစားသောသူ​သည်လည်း စားသောသူ​ကို အပြစ်​မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် သူ့​ကို လက်ခံတော်မူပြီ​ဖြစ်​သောကြောင့်​ပင်။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ကောင်းခြင်း​နှင့် ပြည့်စုံ​၍ အသိပညာ​ကြွယ်​သဖြင့် အချင်းချင်း ပဲ့ပြင်​သွန်သင်​နိုင်စွမ်း​ရှိသည်​ကို ကျွန်ုပ် အပြည့်အဝ​ယုံကြည်၏။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ခရစ်တော်​အားဖြင့် အပြောအဆို​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ အဘက်ဘက်​၌ ကြွယ်ဝ​ပြည့်စုံလာကြ​သောကြောင့်​ဖြစ်၏။


သင်တို့​သည် ဆင်ခြင်တုံတရား​ရှိသောသူများ ဖြစ်ကြ၏။ ကျွန်ုပ်​ပြောဆိုသော​အရာ မှားသည်​မှန်သည်​ကို သင်တို့​ကိုယ်တိုင် သုံးသပ်ကြလော့။


အကယ်၍ တစ်စုံတစ်ယောက်​က ဤ​အစားအစာ​သည် ရုပ်တု​ကို ပူဇော်ထားသော​အရာ​ဖြစ်၏​ဟု ပြော​လျှင် ထိုသို့​ပြောသောသူ​အတွက်​လည်းကောင်း၊ အသိစိတ်​ကို​လည်းကောင်း ငဲ့ရမည်​ဖြစ်​သောကြောင့် မစားကြနှင့်။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကလေးဆန်​စွာ မတွေးခေါ်ကြနှင့်။ မကောင်းမှု​နှင့်​ပတ်သက်​လျှင် ကလေးငယ်​ကဲ့သို့ ဖြစ်၍ စဉ်းစား​တွေးခေါ်မှု​နှင့်​ပတ်သက်​လျှင် ရင့်ကျက်သော​သူများ​ကဲ့သို့ ဖြစ်ကြလော့။


အမြင်မှန်​ရကြလော့။ ဆက်​၍ အပြစ်​မပြုနှင့်။ သင်တို့​ထဲမှ တချို့​သည် ဘုရားသခင်​ကို လုံးဝ​မသိကြ။ သင်တို့​အရှက်ရ​စေရန် ဤသို့ ကျွန်ုပ်​ပြော၏။


ကျွန်ုပ်တို့​သည် ခရစ်တော်​အတွက်ကြောင့် မိုက်မဲသောသူများ​ဖြစ်ကြ၏။ သင်တို့​မှာမူ ခရစ်တော်​အတွက်ကြောင့် အလွန်​ပညာရှိကြ၏။ ကျွန်ုပ်တို့​သည် အားနည်း​၍ သင်တို့​မှာမူ အလွန်​ခွန်အားကြီးကြ၏။ ကျွန်ုပ်တို့​သည် ဂုဏ်သရေ​မဲ့ကြ​၍ သင်တို့​မှာမူ အလွန်​ဂုဏ်သရေ​ရှိကြ၏။


သင်တို့​ထဲတွင် တချို့​က သင်တို့​ထံ ကျွန်ုပ်​ရောက်လာမည်​မဟုတ်​ဟု ထင်မှတ်​၍ မာနထောင်လွှား​လျက်​ရှိကြ၏။


ချစ်သော ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အာပေါလု​နှင့် ကျွန်ုပ်​ကိုယ်တိုင်​ကို သာဓက​အဖြစ် ဤ​အရာများ​ကို သင်တို့​အကျိုး​အတွက် ပုံဖော်ပြရခြင်း​ဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်း​မှာ “ကျမ်းစာ​၌ ရေးသားထားသော အရာ​ကို ကျော်လွန်​၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကား​ကို ကျွန်ုပ်တို့​၏​သာဓက​မှ သင်တို့​နားလည်​နိုင်ရန်​ဖြစ်၏။ ထို့ပြင် သင်တို့​သည် မာနထောင်လွှား​လျက် တစ်ယောက်​ကို မျက်နှာသာပေး​၍ ကျန်​တစ်ယောက်​ကို ဆန့်ကျင်ခြင်း​မရှိ​စေရန်​ဖြစ်၏။


ဤသို့​ဖြစ်​လျက်ပင် သင်တို့​သည် မာနထောင်လွှား​ဆဲ​ရှိကြ၏။ အမှန်​တွင်မူ သင်တို့​သည် ဝမ်းနည်း​ပူဆွေး​လျက် ထို​သူ​ကို သင်တို့​အထဲမှ ထုတ်ပယ်​သင့်သည်​မဟုတ်လော။


သင်တို့​၏ ကြွားဝါခြင်း​သည် ကောင်းသော​အရာ မဟုတ်ပေ။ အပြစ်​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းကြွစေသော တဆေး​ကဲ့သို့​ဖြစ်သည်​ကို သင်တို့​မသိသလော။


တစ်စုံတစ်ခု​ကို သိသည်​ဟု ထင်မှတ်သောသူ​သည် သိသင့်သည့်​အတိုင်း မသိသေးပေ။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စားသောက်ခြင်း​နှင့်​ပတ်သက်​၍ ဆိုရ​လျှင် ရုပ်တု​သည် ဤ​လောက​တွင် သက်ရှိ​မဟုတ်ကြောင်း​နှင့် ဘုရားသခင်​တစ်ဆူတည်း​မှလွဲ၍ အခြား​ဘုရား​မရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


သို့သော် ယုံကြည်သူ​တိုင်း​၌ ထို​အသိပညာ​ရှိသည်​မဟုတ်ချေ။ အချို့သော​သူတို့​သည် ရုပ်တု​ကိုးကွယ်သည့် အလေ့အထ​ရှိခဲ့​သောကြောင့် ရုပ်တု​အား ပူဇော်ထားသော​အစားအစာ​ကို စား​သောအခါ စစ်မှန်သော​နတ်ဘုရားများ​၏​အစားအစာ​ကို စားသည်​ဟု ထင်မှတ်​ဆဲ​ဖြစ်ကြ၏။ သို့ဖြစ်၍ စား​သောအခါ သူတို့​၏ အသိစိတ်​သည် အားနည်း​သောကြောင့် ထို​အစာ​က သူတို့​အား ညစ်ညူးစေသည်​ဟု ထင်မှတ်ကြ၏။


ဦးခေါင်း ဖြစ်သော ကိုယ်တော်​သည် ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အပိုအလို​မရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီတို့​သည် ကိုယ်ပိုင် တာဝန်​အသီးသီး​ကို လုပ်ဆောင်သည်​နှင့်အမျှ ကိုယ်ခန္ဓာ​သည် ချစ်ခြင်းမေတ္တာ​ဖြင့် တည်ဆောက်​၍ ကြီးပွားတတ်၏။


မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်း​နှင့် ကောင်းကင်တမန်များ​ကို ကိုးကွယ်ခြင်းတို့​ကို အတင်းအကျပ်​ပြုစေသော​သူ တစ်စုံတစ်ယောက်​ကိုမျှ သင်တို့​၏ ဆု​ကို လုယူခွင့် မပေးနှင့်။ ထိုသို့သော​သူတို့​သည် မိမိတို့​မြင်ရသော အထူး​ရူပါရုံများ​ကြောင့် အခြား​သူတို့​ထက် သာလွန်သည်​ဟု မှတ်ယူ​၍ လူ့​အတွေးအခေါ်​ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။


သို့ရာတွင် ငါ​သည် သင့်​အား အပြစ်​ပြောစရာ အနည်းငယ်​ရှိ၏။ သင်တို့​တွင် မှားယွင်းသည့်​ပရောဖက်​ဗာလမ်​၏ သွန်သင်ချက်​ကို လိုက်နာသော​သူများ​ရှိကြ၏။ အစ္စရေး​လူမျိုးတို့​သည် ရုပ်တုများ​အား ပူဇော်သည့်​အစားအစာ​ကို စား​ရန်​လည်းကောင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း အစ္စရေး​လူမျိုးတို့​ရှေ့မှောက်​၌ တိုက်မိ​စရာ ဆူးငြောင့်ခလုတ်​ကို​ချထား​ရန် ဗာလမ်​သည် ဗာလက်မင်း​အား သွန်သင်ခဲ့၏။


သို့သော်လည်း ငါ​သည် သင့်​အား အပြစ်​ပြောစရာ တစ်ခု​ရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မ​ဟု​ဆိုသော​ယေဇဗေလ​အမည်​ရှိသည့် အမျိုးသမီး​ကို သင်​ခွင့်ပြုထားခဲ့၏။ သူ​သည် ငါ​၏​အစေခံများ​အား တရား​နှင့်​မညီသော မေထုန်​ကို​ပြု​ရန်​လည်းကောင်း၊ ရုပ်တု​အား ပူဇော်သည့်​အစားအစာများ​ကို​စား​ရန်​လည်းကောင်း သွန်သင်​၍ လမ်းမှားစေခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ