Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 14:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ညီ​အစ်​ကို​တို့၊ ငါ​ဆို​လို​သည်​မှာ​ဤ​သို့​တည်း။ ကိုး​ကွယ်​ဝတ်​ပြု​ရန်​သင်​တို့​စု​ဝေး​ကြ​သော အ​ခါ​တစ်​ယောက်​က​သီ​ချင်း​ဆို​ခြင်း၊ နောက် တစ်​ယောက်​က​သွန်​သင်​ခြင်း၊ နောက်​တစ်​ယောက် က​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ခြင်း၊ နောက် တစ်​ယောက်​က​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား ဖြင့်​ပြော​ဆို​ခြင်း၊ နောက်​တစ်​ယောက်​က​အ​နက် အ​ဋ္ဌိပ္ပါယ်​ဖော်​ပြ​ခြင်း​တို့​ကို​ဆောင်​ရွက်​ကြ လော့။ သင်​တို့​ဆောင်​ရွက်​သ​မျှ​သော​အ​မှု​တို့ သည်​အ​သင်း​တော်​ဝင်​အ​ပေါင်း​အား​အ​ကျိုး ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 သို့ ဖြစ် လျှင် ညီ အစ် ကို တို့၊ မည် သို့ နည်း။ သင် တို့ စည်း ဝေး ကြ သော အ ခါ အ သီး အ သီး တို့ သည် ကျူး ဧ ချက်၊ သင် ကြား ချက်၊ ဗျာ ဒိတ် ချက်၊ ဘာ သာ စ ကား ထူး ပြော ဆို ချက်၊ အ ဓိ ပ္ပာယ် ဖော် ပြ ချက် ကို ခံ ရ သည့် အ လျောက် အ ရာ ရာ ကို ဆောက် တည် ခြင်း အ လို့ ငှာ ပြု ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​နည်း။ သင်​တို့ စည်း​ဝေး​ကြ​သော​အ​ခါ၊ ဆာ​လံ​သီ​ချင်း​ကို ရ​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ စ​ကား​ကို ရ​သော​သူ၊ အ​ခြား​သော ဘာ​သာ​စ​ကား​ကို ရ​သော​သူ၊ ဗျာ​ဒိတ်​တော်​ကို ရ​သော​သူ၊ အ​နက်​ဖော်​ပြ​ရာ​ကို ရ​သော​သူ၊ အ​သီး​အ​သီး​ရှိ​ကြ​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ စီ​ရင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 သို့ဖြစ်လျှင် ညီအစ်ကို​တို့၊ မည်သို့​ဆို​ရ​မည်နည်း။ သင်​တို့​သည် စည်းဝေး​ကြ​သောအခါ ဆာလံ​သီချင်း​ဆို​သော​သူ၊ သွန်သင်​ပေး​သော​သူ၊ ဗျာဒိတ်​တော်​ဟောပြော​သော​သူ၊ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​နှင့် ထို​ဘာသာ​စကား​၏​အနက်​ကို​ဖွင့်​သော​သူ အသီးသီး​ရှိ​ကြ​၏။ ခပ်သိမ်း​သော​အမှု​တို့​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​အတွက် ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:26
18 ပူးပေါင်းရင်းမြစ်များ  

ဆာလံ​သီချင်းများ၊ ဓမ္မ​သီချင်းများ၊ ဝိညာဉ်​ရေးရာ​သီချင်းများ​ဖြင့် အချင်းချင်း သီဆို​လျက် စိတ်နှလုံး​အကြွင်းမဲ့ သခင်ဘုရား​အတွက် သီဆိုကြလော့။


သို့ဖြစ်၍ အသင်းတော်​၌ ငြိမ်းချမ်း​စွာ နေ​စေရန်​နှင့် အပြန်အလှန်​ဆောက်တည်ဖွယ်​ဖြစ်​စေရန် ကြိုးပမ်းကြပါစို့။


ထို့ကြောင့် ယခု သင်တို့​လုပ်ဆောင်နေသည့်​အတိုင်း အချင်းချင်း​အားပေး​လျက် တည်ဆောက်ပေးကြလော့။


ဦးခေါင်း ဖြစ်သော ကိုယ်တော်​သည် ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အပိုအလို​မရှိ ဆက်စပ်စေတော်မူ၏။ ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီတို့​သည် ကိုယ်ပိုင် တာဝန်​အသီးသီး​ကို လုပ်ဆောင်သည်​နှင့်အမျှ ကိုယ်ခန္ဓာ​သည် ချစ်ခြင်းမေတ္တာ​ဖြင့် တည်ဆောက်​၍ ကြီးပွားတတ်၏။


သင်တို့​၏ နှုတ်​မှ ဆိုးညစ်သော​စကား တစ်ခွန်း​ကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့​အတွက် အကျိုးရှိ​စေရန် အချိန်အခါ​ကို ကြည့်​၍ ကောင်းသော​စကား​ကို အပြုသဘော​နှင့် ပြောကြလော့။


ကျွန်ုပ်​ရောက်လာ​သောအခါ ကျွန်ုပ်​အား သခင်ဘုရား ပေးတော်မူသည့်​အခွင့်အာဏာ​ကို ပြင်းထန်​စွာ အသုံးမပြုလို​သောကြောင့် သင်တို့​ထံ မလာမီ ဤ​အကြောင်းအရာများ​ကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထို​အခွင့်အာဏာ​မှာ သင်တို့အား ဖြိုဖျက်​ရန် မဟုတ်ဘဲ တည်ဆောက်​ရန်​ဖြစ်၏။


ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ကာကွယ်​ပြောဆိုနေကြသည်​ဟု သင်တို့ တစ်ချိန်လုံး​ထင်မှတ်​နေကြသလော။ ကျွန်ုပ်တို့​သည် ခရစ်တော်​ပြောဆို​စေတော်မူလိုသည့်​အတိုင်း ဘုရားသခင် ရှေ့တော်မှောက်​၌ ပြောဆိုကြ၏။ ချစ်ရသော​သူတို့… ကျွန်ုပ်တို့​လုပ်ဆောင်သမျှ အရာရာတိုင်း​သည် သင်တို့​ကို ဆောက်တည်ပေး​နိုင်ရန်​ဖြစ်၏။


သို့ရာတွင် အရာရာတိုင်း​ကို သင့်လျော်​စွာ အစီအစဉ်တကျ လုပ်ဆောင်ကြလော့။


သူတို့​၏​တာဝန်​သည် ခရစ်တော်​၏ ကိုယ်ခန္ဓာ ဟူသော အသင်းတော်​ကို တည်ဆောက်​နိုင်ရန်​အတွက် ယုံကြည်သူတို့​ကို အမှုတော်လုပ်ငန်း​အတွက် ပြင်ဆင်ပေးခြင်း ဖြစ်၏။


အခြား​ဘာသာစကား​ဖြင့် ပြောမည်​ဆိုပါက နှစ်ဦး သို့မဟုတ် သုံးဦး​ထက်​ပို၍ မပြောသင့်ပေ။ သူတို့​သည် တလှည့်စီ​ပြော​၍ သူတို့​ပြောဆိုသော​စကား​ကို တစ်ယောက်​က အနက်ပြန်​ပေး​ရမည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် အခြားသော လူမျိုးခြားများ​အကြား​တွင် အမှုတော်​ထမ်းဆောင်ရာ​၌ အောင်မြင်မှု​အသီးအပွင့်များ​ကို ခံစားခဲ့ရ​သကဲ့သို့ သင်တို့​တွင်​လည်း ခံစားရ​စေလို​သောကြောင့် သင်တို့​ဆီသို့ လာ​ရန် ကြိမ်ဖန်​များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခု​တိုင်အောင် အတားအဆီးများ​ရှိခဲ့ကြောင်း သင်တို့​ကို ကျွန်ုပ်​သိစေ​လို၏။


အမှုတော်​ဆောင်ရွက်ခြင်း​ဖြစ်လျှင် အမှုတော်​ကို ကောင်းစွာ ဆောင်ရွက်ကြရမည်။ သွန်သင်ခြင်း​ဖြစ်လျှင် ကောင်းစွာ သွန်သင်ကြရမည်။


ကျွန်ုပ်တို့​တစ်ဦးစီ​သည် ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို တည်ဆောက်​ပျိုးထောင်​ရာတွင် သူ​၏​အကျိုး​ကို ထောက်​၍ သူ့​ကို စိတ်ကျေနပ်စေ​ရမည်။


အဘယ်ကြောင့်ဆိုသော် အခြား​ဘာသာစကား​ကို ပြောဆိုသူ​သည် လူတို့​အား ပြောဆိုသည်​မဟုတ်။ ဘုရားသခင်​အား ပြောဆိုခြင်း​ဖြစ်၏။ ထိုသူ​ပြောသော​စကား​ကို မည်သူမျှ နားမလည်ပေ။ သူ​သည် ဝိညာဉ်တော်​၏​တန်ခိုး​အားဖြင့် လျှို့ဝှက်​နက်နဲသော​အရာတို့​ကို ပြောဆိုနေခြင်း​ဖြစ်၏။


ထိုသို့​ဆိုလျှင် မည်သို့​ပြုရမည်နည်း။ ကျွန်ုပ်​သည် စိတ်ဝိညာဉ်​နှင့် ဆုတောင်းမည်။ အသိဉာဏ်​နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်​နှင့် သီချင်းဆိုမည်။ အသိဉာဏ်​နှင့်​လည်း သီချင်းဆိုမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ