Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 2:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​သိကြသည့်​အတိုင်း ဖခင်​သည် သားသမီးများ​အပေါ် ပြုမူဆက်ဆံ​သကဲ့သို့ ကျွန်ုပ်တို့​သည် သင်တို့ တစ်ယောက်ချင်းစီ​တိုင်း​အပေါ် ပြုမူဆက်ဆံကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ဖ​ခင်​သည်​မိ​မိ​၏​သား​သ​မီး​တို့​နှင့်​ဆက်​ဆံ သ​ကဲ့​သို့ ငါ​တို့​သည်​သင်​တို့​ရှိ​သ​မျှ​နှင့်​ဆက် ဆံ​ကြောင်း​သင်​တို့​သိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11-12 နိုင် ငံ တော် နှင့် ဘုန်း တော် ထဲ သို့ ခေါ် ထား တော် မူ သော ဘု ရား သ ခင် နှင့် ထိုက် တန် အောင် ကျင့် ကြံ ပြု မူ ကြ စေ ရန် အ ဘ နှင့် သား သ မီး ကဲ့ သို့ သင် တို့ အ သီး အ သီး အား ငါ တို့ မည် သို့ နှိုး ဆော် တိုက် တွန်း၍ သ တိ ပေး ကြောင်း ကိုယ် တိုင် သိ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​သိ​ကြ​သည့်​အတိုင်း ဖခင်​သည် မိမိ​သားသမီး​များ​အပေါ်​ပြု​သကဲ့သို့ ငါ​တို့​သည် သင်​တို့​အပေါ်​ပြုမူ​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 2:11
40 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​တွင် ညီ​ငါးယောက်​ရှိ၏။ ဤ​ပြင်းထန်သော​ဝေဒနာ​ခံစားရသည့်​နေရာ​သို့ သူတို့​ရောက်မလာ​စေရန် လာဇရု​ကို သူတို့​ထံသို့ သွား​၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်​ပြောဆိုလေ၏။


ထို​ဒေသများ​တစ်လျှောက် လှည့်ပတ်​သွားလာ​ကာ ယုံကြည်သူတို့​အား အားပေးစကားများ​ပြောကြား​ပြီးနောက် အခါယပြည်​သို့​သွား၏။


ထို့ကြောင့် ဘုရားသခင်​ကို မသိသော​လူမျိုးခြားများ​ကဲ့သို့ မနေထိုင်ကြ​ရန် သခင်ဘုရား​၏ အခွင့်အာဏာ​ဖြင့် သင်တို့​ကို ကျွန်ုပ် သတိပေး​လို၏။ ထို​သူတို့​၏ တွေးခေါ်ကြံဆမှု​သည် အကျိုး​မရှိပေ။


နို့တိုက်​မိခင်​သည် မိမိ​သားသမီးများ​ကို ပြုစု​စောင့်ရှောက်​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း သင်တို့​ကို ကြင်နာယုယ​စွာ ပြုစုခဲ့ကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ဘုရားသခင်​နှစ်သက်တော်မူ​ရန် မည်သို့ ပြုမူ​နေထိုင်ရမည်​ကို ကျွန်ုပ်တို့​သွန်သင်ခဲ့သည့်​အတိုင်း ပြုမူနေထိုင်​လျက်​ရှိ၏။ ယခု​တွင် ကျွန်ုပ်တို့​သည် သခင်​ယေရှု​နှင့် တပေါင်းတစည်းတည်း​ဖြစ်​သောကြောင့် ထိုသို့ ပို၍​ပြုမူနေထိုင်ကြ​ရန် တောင်းပန်​လျက် တိုက်တွန်း​နှိုးဆော်လို၏။


ထို့ပြင် ဤသို့သော ကိစ္စများ​တွင် မည်သူ​မျှ မိမိတို့ ညီအစ်ကို​အပေါ် အခွင့်ကောင်း​ယူ​၍ သူ​၏ သားမယား​နှင့် မပြစ်မှားရ။ သင်တို့​ကို ကျွန်ုပ်တို့ သတိပေး​ပြောဆိုခဲ့သည့်​အတိုင်း အထက်ပါ​အပြစ်တို့​ကို ကျူးလွန်သော သူတို့​ကို သခင်ဘုရား ပြစ်ဒဏ်​ပေးတော်မူ​လိမ့်မည်။


ထို့ကြောင့် ယခု သင်တို့​လုပ်ဆောင်နေသည့်​အတိုင်း အချင်းချင်း​အားပေး​လျက် တည်ဆောက်ပေးကြလော့။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


ကျွန်ုပ် သင်တို့​နှင့်အတူ ရှိစဉ်​က ဤ​အကြောင်းအရာများ ပြောခဲ့သည်​ကို သင်တို့ မမှတ်မိကြသလော။


ကျွန်ုပ်တို့​သည် ထိုကဲ့သို့သော​လူများ​ကို မိမိ​ဝမ်းစာ​အတွက် မိမိ​ကိုယ်တိုင် အေးချမ်း​စွာ ကြိုးစား​ရှာဖွေ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ညွှန်ကြား​ကာ တိုက်တွန်း​နှိုးဆော်ကြ၏။


မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။


ထို့ကြောင့် မည်သူ့​ကိုမျှ အပြစ်တင်စရာ​မရှိ​စေရန် လူတို့​အား ဤ​အရာများ​ကို ညွှန်ကြားလော့။


အရာ​အားလုံး​ကို​အသက်ရှင်​စေတော်မူသည့်​ဘုရားသခင်​၏ ရှေ့တော်​၌​လည်းကောင်း၊ ပုန္တိပိလတ်မင်း​၏ ရှေ့​၌ ကောင်းသော​ဝန်ခံချက်​ဖြင့် သက်သေခံတော်မူသော ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း တိုင်တည်​၍ ကျွန်ုပ် သင့်​ကို ညွှန်ကြားလိုက်၏။


ဤ​လောက​၌ ချမ်းသာကြွယ်ဝ​သူတို့​ကို ဘဝင်​မမြင့်​ရန်​နှင့် မမြဲသည့်​စည်းစိမ်ချမ်းသာ​တို့​အပေါ် ကိုးစား​မျှော်လင့်ခြင်း​မရှိ​ရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့​ကို ဝမ်းမြောက်​စေလိုသည့်​အတွက် အရာ​အားလုံး​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုရားသခင်​ကိုသာ ကိုးစား​မျှော်လင့်​ရန် ညွှန်ကြားလော့။


မိမိ​သခင်​သည် ယုံကြည်သောသူ​ဖြစ်လျှင် ယုံကြည်သူ​ချင်း​ပင် ဖြစ်သည်​ဟု မှတ်ယူ​လျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်​က မိမိ​အစေခံသော​သူ​မှာ ချစ်ခင်ရသည့် ယုံကြည်သူ​ပင် ဖြစ်​သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်​သည် ဤ​အရာများ​ကို အလေးထား​သွန်သင်​၍ တိုက်တွန်းလော့။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ထိုနည်းတူ အသက်ငယ်သော​အမျိုးသားတို့​အား မိမိကိုယ်ကိုယ် ချုပ်တည်း​နိုင်ရန် နှိုးဆော်လော့။


မိမိ​သခင်တို့​ကို အရာရာ​၌ နာခံ​၍ စိတ်ကျေနပ်​အောင် ဆောင်ရွက်​ရန် ကျွန်တို့​အား သွန်သင်လော့။ ခွန်းတုံ့မခံ​ပြောခြင်း၊


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံ အကျဉ်းချုံး ရေးလိုက်ခြင်း​သာ ဖြစ်​၍ ကျွန်ုပ်​၏ အားပေး​တိုက်တွန်းစကား​ကို နားထောင်ကြ​ရန် ကျွန်ုပ်​တိုက်တွန်း​နိုးဆော်ပါ၏။


ကျွန်ုပ်​၏​သားသမီးများ သမ္မာတရား​၌ ကျင်လည်နေကြောင်း ကြားသိ​၍ ဝမ်းမြောက်ရခြင်း​ထက် သာ​၍ ဝမ်းမြောက်ရခြင်း ကျွန်ုပ်​၌​မရှိပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ