Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 4:13 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 ကျွန်ုပ်​ရောက်မလာ​မီ ပရိသတ်​ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်း​တို့ကို အားထုတ်​ဆောင်ရွက်လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 ငါ​လာ​သည်​တိုင်​အောင်​လူ​ပ​ရိ​သတ်​ရှေ့ ကျမ်း​စာ​တော်​ကို​ဖတ်​ခြင်း၊ တ​ရား​ဟော​ခြင်း၊ သွန်​သင်​ဆုံး​မ​ခြင်း​တို့​ကို​ဂ​ရု​ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ မ ရောက် မ ချင်း ဖတ် ရွက် မှု၊ နှိုး ဆော် မှု၊ သင် ကြား မှု များ ကို ဂ ရု ပြု လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ငါ​မ​လာ​မီ​တိုင်​အောင်၊ ကျမ်း​စာ​ကို​ဖတ်​ခြင်း၊ တိုက်​တွန်း​သွေး​ဆောင်​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​ကို ကြိုး​စား၍ ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ​လာ​သည့်​တိုင်အောင် ကျမ်းစာ​ဖတ်ကြား​ခြင်း၊ တိုက်တွန်း​အားပေး​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို ဂရုစိုက်​လုပ်ဆောင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 4:13
20 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည် ကျမ်းစာ​က ထာဝရ​အသက်​ပေးသည်​ဟု ထင်မှတ်​၍ ကျမ်းစာ​ကို လေ့လာတတ်ကြ၏။ ထို​ကျမ်းစာ​ကပင် ငါ့​အကြောင်း သက်သေခံ၏။


ဗေရိမြို့သား​တို့​သည် သက်သာလောနိတ်​မြို့သားတို့​ထက် ပို၍ စိတ်သဘောထား​ပြည့်ဝကြ၏။ အကြောင်းမှာ သူတို့​သည် နှုတ်ကပတ်​တရားတော်​ကို စိတ်အားထက်သန်​စွာ​ခံယူကြ​၍ ထို​ဟောပြောချက်များ မှန်သည်၊ မမှန်သည်​ကို​သိမြင်​ရန် ကျမ်းစာ​ကို နေ့စဉ်နေ့တိုင်း လေ့လာ​၍ ဆန်းစစ်ကြ၏။


ကျွန်ုပ်တို့​သည် ဆုတောင်းခြင်း​နှင့် နှုတ်ကပတ်​တရားတော်​ဟောပြောခြင်း​အမှုတို့​ကို အစဉ်တစိုက်​ပြုကြမည်” ဟု ပြောလေ၏။


နှစ်သိမ့်​အားပေးခြင်း​ဖြစ်လျှင် နှစ်သိမ့်​အားပေး​ကြရမည်။ ပေးကမ်း​ဝေမျှခြင်း​ဖြစ်လျှင် ရက်ရော​စွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်း​ဖြစ်လျှင် လုံ့လဝီရိယ​ဖြင့် ဦးဆောင်ကြရမည်။ ကြင်နာ​မစခြင်း​ဖြစ်လျှင် စေတနာစိတ်​နှင့် မစကြရမည်။


သို့ဖြစ်လျှင် ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ဤသို့​ဖြစ်၏။ သင်တို့​စုဝေးကြ​သောအခါ တစ်ဦး က ဓမ္မသီချင်း​ဆိုခြင်း၊ တစ်ဦး​က သင်ကြားခြင်း၊ တစ်ဦး​က ဗျာဒိတ်တော်​ကို ဖွင့်ပြခြင်း၊ တစ်ဦး​က အခြား​ဘာသာစကား​ကို ပြောခြင်း​နှင့် တစ်ဦး​က ထို​ဘာသာစကား​ကို အနက်​ပြန်ခြင်း​ဟူ၍ အသီးသီး​ဆောင်ရွက်ကြ၏။ ထို​အခြင်းအရာ​အားလုံး​ကို သင်တို့​လုပ်ဆောင်ရာ​တွင် အသင်းတော် တည်ဆောက်စရာ​အတွက် ဖြစ်စေကြလော့။


ပရောဖက်ပြု​ဟောပြောသောသူ​ကမူ လူတို့​အား ဆောက်တည်စရာ​စကား၊ အားပေး​စကား၊ နှစ်သိမ့်​စကားတို့​ကို ဟောပြော၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။


သင်​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ မိမိ​သွန်သင်ချက်​တို့ကို​လည်းကောင်း သတိပြု​၍ ထို​အပေါ်​ရပ်တည်လော့။ ထိုသို့​ပြု​လျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်​သာမက သင်​၏​သွန်သင်ချက်​ကို နားထောင်သော​သူတို့​ကိုလည်း ကယ်တင်​လိမ့်မည်။


ဤ​အရာများ​ကို ညီအစ်ကို​မောင်နှမတို့​အား ညွှန်ကြား​လျှင် သင်​သည် သင်​ခံယူခဲ့သော ယုံကြည်ခြင်း​တရား​နှင့် မှန်ကန်သော​အယူဝါဒ​တို့​ဖြင့် ပြုစု​ပျိုးထောင်ခံရ​ပြီး ယေရှု​ခရစ်တော်​၏ အစေခံကောင်း​တစ်ဦး ဖြစ်​လိမ့်မည်။


ယေရှု​ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြင့် ကယ်တင်ခံရ​ရန် လမ်းညွှန်သည့်​ဉာဏ်ပညာ​ကို သင့်​အား ပေးနိုင်သော ကျမ်းစာတော်​နှင့် သင်​သည် ငယ်​စဉ်​ကတည်းက ရင်းနှီးကျွမ်းဝင်သည်​ကို သင်​သိ၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ