Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 14:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 လူတိုင်း သင်ယူရပြီး လူတိုင်း အားပေးခံရ​နိုင်ရန် ပရောဖက်​ပြုသောသူ​အားလုံး​သည် တစ်လှည့်စီ ပရောဖက်ပြု​ဟောပြောကြရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ပ​ရိ​သတ်​အ​ပေါင်း​သည်​သွန်​သင်​မှု​ယူ​၍​အား တက်​လာ​ကြ​စေ​ရန် သင်​တို့​အား​လုံး​ပင်​အ​လှည့် ကျ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ဟော ပြော​နိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 အ သို့ ဆို သော်ပ ရိ သတ် လုံး သင် ကြား ခြင်း၊ နှိုး ဆော် ခြင်း ခံ ရ စေ ရန် သင် တို့ ရှိ သ မျှ သည် တစ် ဦး နောက် တစ် ဦး ဟော ပြော ဉာဏ် ရှိ ကြ သည့် ပြင် ဟော ပြော ခွင့် ရ ရှိ သူ တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 အ​ကြောင်း​မူ​ကား၊ ရှိ​သ​မျှ​တို့​သည် သင်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှိ​သ​မျှ​တို့​သည် သက်​သာ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ အ​သီး​အ​သီး တစ်​ယောက်​နောက်​တစ်​ယောက် ပ​ရော​ဖက် ပြု​ရ​သော အ​ခွင့်​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 အကြောင်းမူကား လူ​တိုင်း​သွန်သင်​ခြင်း​ခံရ​၍ လူ​တိုင်း​တိုက်တွန်း​နှိုးဆော်​ခြင်း​ခံရ​မည့်​အကြောင်း သင်​တို့​အားလုံး​သည် တစ်ဦး​ပြီး​တစ်ဦး ပရောဖက်ပြု​ဟောပြော​နိုင်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:31
17 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


ထို့ကြောင့် ယခု သင်တို့​လုပ်ဆောင်နေသည့်​အတိုင်း အချင်းချင်း​အားပေး​လျက် တည်ဆောက်ပေးကြလော့။


ထို့ကြောင့် ဤ​စကားများ​ဖြင့် အချင်းချင်း​အားပေးကြလော့။


ထိုသို့ ကျွန်ုပ်တို့​၏ အခြေအနေ​ကို သင်တို့ သိစေရန်​နှင့် သူ​သည် သင်တို့​ကို စိတ်ခွန်အား​ပေးရန် သူ့​ကို သင်တို့​ထံ ကျွန်ုပ် စေလွှတ်လိုက်ပါ၏။


ဆင်းရဲဒုက္ခ​အမျိုးမျိုး​ကို ကျွန်ုပ်တို့​ခံရ​သောအခါ ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်​မှာ ဘုရားသခင်​က ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဆင်းရဲဒုက္ခ​ကြုံသော အခြား​သူတို့​ကို နှစ်သိမ့်ပေး​နိုင်ရန်​ဖြစ်၏။


သူတို့​သည် တစ်စုံတစ်ခု​ကို သိလို​လျှင် အိမ်​၌ မိမိ​ခင်ပွန်း​ကို မေးမြန်းကြစေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ​အနေဖြင့် အသင်းတော်​တွင် ပြောဆိုခြင်း​သည် မသင့်လျော်​သောကြောင့်​ဖြစ်၏။


သို့ဖြစ်စေကာမူ အသင်းတော်​တွင် အခြား​ဘာသာစကား​ဖြင့် အခွန်း​တစ်သောင်း​ကို ပြောဆိုသည်​ထက် တစ်ပါးသူ​ကို သွန်သင်​ရန် နားလည်နိုင်သော​စကား​ငါးခွန်း​ကိုသာ ကျွန်ုပ်​ပြောဆိုမည်။


ပရောဖက်ပြု​ဟောပြောသောသူ​ကမူ လူတို့​အား ဆောက်တည်စရာ​စကား၊ အားပေး​စကား၊ နှစ်သိမ့်​စကားတို့​ကို ဟောပြော၏။


ထိုသို့ တွေ့ဆုံကြ​သောအခါ ကျွန်ုပ်​နှင့် သင်တို့​သည် နှစ်ဦး​နှစ်ဖက်လုံး​၌​ရှိသော ယုံကြည်ခြင်း​ကို ဝေမျှ​၍ အပြန်အလှန်​အားပေး​နိုင်မည်​ဖြစ်၏။


သို့သော် ထိုင်နေသော​သူတို့​ထဲမှ တစ်ယောက်​သည် ဗျာဒိတ်တော်​ကို ရရှိ​လျှင် ပရောဖက်ပြု​ဟောပြောနေသောသူ​သည် တိတ်ဆိတ်စွာ​နေရမည်။


ပရောဖက်တို့​သည် မိမိတို့​၏ စိတ်ဝိညာဉ်​ကို ချုပ်ထိန်း​နိုင်ကြ၏။


ဤသို့​ကြိုးပမ်းရခြင်း​သည် သူတို့​စိတ်ခွန်အား ရရှိ​၍ အချင်းချင်း ချစ်ခင်​စည်းလုံးလာကြ​ရန် ဖြစ်၏။ သို့မှသာ သူတို့​သည် ဘုရားသခင်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ဖြစ်သည့် ခရစ်တော်​ကို သိရှိ​နားလည်ကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်မည် ဖြစ်၏။


ပရောဖက်ပြု​ဟောပြောခြင်း​ကို မထီမဲ့မြင်​မပြုကြနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ