Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 မိမိ​သခင်​သည် ယုံကြည်သောသူ​ဖြစ်လျှင် ယုံကြည်သူ​ချင်း​ပင် ဖြစ်သည်​ဟု မှတ်ယူ​လျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်​က မိမိ​အစေခံသော​သူ​မှာ ချစ်ခင်ရသည့် ယုံကြည်သူ​ပင် ဖြစ်​သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်​သည် ဤ​အရာများ​ကို အလေးထား​သွန်သင်​၍ တိုက်တွန်းလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သ​ခင်​များ​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လျှင် သူ​တို့​သည်​ညီ​အစ်​ကို​များ​ပင်​ဖြစ်​ကြ​သည် ဟု​ဆို​ကာ​မ​လေး​မ​ခန့်​မ​ပြု​ရ။ မိ​မိ​တို့ ၏​အ​စေ​ခံ​မှု​ကြောင့်​အ​ကျိုး​ခံ​စား​ရ​သူ တို့​မှာ မိ​မိ​တို့​ချစ်​မြတ်​နိုး​သော​ယုံ​ကြည် သူ​များ​ဖြစ်​သော​ကြောင့် သူ​တို့​၏​အ​စေ ကို​ပို​၍​ခံ​ရ​ကြ​ပေ​မည်။ သင်​ဆုံး​မ​သြ​ဝါ​ဒ​ပေး​ရာ​တွင်​ဤ​အ​ရာ များ​ကို​ဖော်​ပြ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 တ ပည့် တော် ဖြစ် သော သ ခင့် အောက် နေ သူ တို့ လည်း ညီ အစ် ကို ချင်း ဖြစ် သော ကြောင့် မ ထီ လေး စား မ ပြု ဘဲ အ ကျိုး ဆက် ဆံ သော သ ခင် တို့ သည် ချစ် တော် မူ သော တ ပည့် တော် ဖြစ် သည့် အ တွက် အ ထူး ကျိုး နွံ ကြ စေ။ ထို အ တိုင်း သင် ကြား နှိုး ဆော် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 သ​ခင်​သည် ယုံ​ကြည်​သော​သူ​ဖြစ်​လျှင်၊ ညီ​အစ်​ကို​ဖြစ်​သည်​ဟု စိတ်​ထင်​နှင့်၊ မ​ခန့်​မ​ညား​မ​ပြု​စေ​နှင့်။ အ​စေ​ခံ​ခြင်း၏​အ​ကျိုး​ကို ခံ​ရ​သော​သူ​သည် ယုံ​ကြည်​သော​သူ၊ ချစ်​အပ်​သော​သူ​ဖြစ်​သော​ကြောင့် သာ၍ အ​စေ​ခံ​စေ။ ဤ​သို့​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 မိမိ​တို့​သခင်​သည် ယုံကြည်​သူ​ဖြစ်​လျှင် သခင်​သည် ညီအစ်ကို​ဖြစ်​သည်​ဟု​ဆိုလျက် မထီမဲ့မြင်​မ​ပြု​ဘဲ သာ၍​ကောင်းစွာ​အစေခံ​ကြ​စေ။ အဘယ်ကြောင့်​ဆိုသော် ကောင်း​သော​အစေခံ​ခြင်း​၏​အကျိုး​ကို ခံစားရ​သော​သခင်​သည် ယုံကြည်​သူ​ဖြစ်​ပြီး မိမိ​ချစ်​ရ​သော​သူ​လည်း​ဖြစ်​၏။ သင်​သည် ဤ​အရာ​များ​ကို​သွန်သင်​၍ တိုက်တွန်း​နှိုးဆော်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:2
31 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း သင်တို့​သည် ဆရာတော်​ဟု ခေါ်ဝေါ်ခြင်း​ကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့​တွင် ဆရာ​တစ်ပါးတည်း​သာ​ရှိ​သောကြောင့်​ဖြစ်၏။ သင်တို့​အားလုံး​သည်လည်း ညီအစ်ကို​မောင်နှမများ​ဖြစ်ကြ၏။


ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


မည်သူ​မျှ သခင်​နှစ်ဦး​ကို အစေမခံနိုင်ပေ။ သခင်​တစ်ဦး​ကို မုန်း​၍ ကျန်​တစ်ဦး​ကို ချစ်မည်။ သို့မဟုတ် သခင်​တစ်ဦး​ကို ကြည်ညိုလေးစား​၍ ကျန်​တစ်ဦး​ကို မခန့်လေးစားပြုမည်။ သင်တို့​သည် ဘုရားသခင်​နှင့် ငွေ​အား တစ်ချိန်တည်း​တွင် အစေခံ​ရန် မဖြစ်နိုင်ပါ။


အရေအတွက်​အားဖြင့် တစ်ရာ့နှစ်ဆယ်​ခန့်​ရှိသော ယုံကြည်သူများ​အလယ်​၌ ပေတရု​သည် ထ​၍


အချို့သော​အကိုင်းအခက်များ ခုတ်ဖြတ်​ခံရပြီး သံလွင်ပင်​အရိုင်း​ဖြစ်သော သင့်​ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခု​သင်​သည် သံလွင်ပင်​အမြစ်​၏ အဆီအနှစ်​ကို မျှဝေခံစားရ၏။


ဘုရားသခင်​သည် မိမိ​လူတို့​ကို ကြိုတင်​သိတော်မူ​၍ ထို​သူတို့​ကို မိမိ​သားတော်​ကဲ့သို့ ဖြစ်လာ​စေရန် ရွေးချယ်တော်မူ၏။ ဤသို့​ပြုတော်မူသည်​မှာ ညီအစ်ကို​မောင်နှမ​များစွာ​ထဲတွင် ခရစ်တော်​ကို သားဦး​ဖြစ်​စေရန်​ပင် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


ဘုရားသခင်​၏ အလိုတော်​အတိုင်း ယေရှု​ခရစ်တော်​၏ တမန်တော် ဖြစ်သော ကျွန်ုပ်​ပေါလု​သည် ယေရှု​ခရစ်တော်​နောက်သို့ သစ္စာရှိ​စွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများ​ထံသို့ စာရေးလိုက်ပါ၏။


ထို့ကြောင့် သခင်​ယေရှု​အပေါ် ထားသော သင်တို့​၏ ယုံကြည်ခြင်း​နှင့် ယုံကြည်သူများ​အပေါ် ထားသော သင်တို့​၏ ချစ်ခြင်း​အကြောင်းတို့​ကို ကြားသည့်​အချိန်​မှစ၍


ထို​လျှို့ဝှက်​နက်နဲသော​အရာ​မှာ လူမျိုးခြားတို့​သည် သတင်းကောင်း​ကို ယုံကြည်​သောကြောင့် ဂျူးလူမျိုးတို့​နှင့် အတူတကွ အမွေခံ​ဖြစ်ခြင်း၊ ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဂျူးလူမျိုးတို့​နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှု​ခရစ်တော်​ကြောင့် ရရှိသော ကတိတော်​ကို ဂျူးလူမျိုးတို့​နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။


ယေရှု​ခရစ်တော်​နောက်သို့ သစ္စာရှိ​စွာ​လိုက်သော ကောလောသဲမြို့သား ယုံကြည်သူများ​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြကြောင်း​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို ချစ်ကြကြောင်း ကျွန်ုပ်တို့​ကြားသိရ​သောကြောင့် ဖြစ်၏။


သခင်​ဖြစ်သူတို့… သင်တို့​သည်လည်း ကောင်းကင်ဘုံ​၌ ရှိတော်မူသော သခင်​၏ ကျွန်များ​ဖြစ်ကြောင်း​ကို သိမှတ်​လျက် မိမိတို့​၏ ကျွန်များ​ကို မှန်မှန်ကန်ကန်​နှင့် တရားမျှတ​စွာ ပြုမူ​ဆက်ဆံကြလော့။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​သည် ပြုသင့်သည့်​အတိုင်း သင်တို့​အတွက် ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​၏​ယုံကြည်ခြင်း​သည် အလွန်​တိုးပွား​ကာ အချင်းချင်း​အပေါ် ထားသော ချစ်ခြင်းမေတ္တာ​သည်လည်း ပွားများလာ​သောကြောင့် ဖြစ်၏။


ဤ​အရာများ​ကို ညွှန်ကြား​၍ သွန်သင်လော့။


အသက်ကြီးသော​အမျိုးသားများ​ကို မဆူပူ​မကြိမ်းမောင်းဘဲ မိမိ​ဖခင်​ကဲ့သို့ အကြံပြု တိုက်တွန်းလော့။ အသက်ငယ်သော​အမျိုးသားများ​ကို မိမိ​ညီများ​ကဲ့သို့ ဆက်ဆံလော့။


သင်​သည် မှန်ကန်သော​အယူဝါဒ​နှင့် ကိုက်ညီသည့်​အရာများ​ကို သွန်သင်​ရမည်။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


ထို့ကြောင့် ခရစ်တော်​၏​ဆင်းရဲဒုက္ခ​ကို မြင်တွေ့သည့်​သက်သေ​ဖြစ်သူ၊ ထင်ရှား​လာမည့် ကိုယ်တော်​၏ ဘုန်းအသရေ​ကို မျှဝေ​ခံစားသူ ကျွန်ုပ်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အနေ​ဖြင့် သင်တို့​ထဲမှ အသင်းတော်​အကြီးအကဲများ​ကို တိုက်တွန်း​နှိုးဆော်လိုက်၏။


အထူး​သဖြင့် ညစ်ညမ်းသော​အရာ​ကို တပ်မက်သည့် လူ့​ဗီဇစိတ်​နောက်သို့ လိုက်သွားသူများ​နှင့် ဘုရားသခင်​၏ အုပ်စိုးခြင်း​ကို မထီမဲ့မြင်​ပြုသူများ​အား ထိုသို့​အပြစ်​ပေးတော်မူ​လိမ့်မည်။ ထို​သူတို့​သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများ​ဖြစ်​ပြီး ဘုန်းတန်ခိုး​ကြီးသူတို့​ကို စော်ကား​ပြောဆို​ဝံ့ကြ၏။


ထိုနည်းတူ ဘုရားသခင်​ထံမှ အိပ်မက်​ရသည်​ဟု မိမိကိုယ်ကိုယ်​မှတ်ယူသူများ​သည် မိမိတို့​၏ ကိုယ်ခန္ဓာ​ကို ညစ်ညမ်းစေ​၍ အာဏာတော်​ကို ဖီဆန်​လျက် ဘုန်းတန်ခိုး​ကြီးသူတို့​ကို စော်ကား​ပြောဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ