Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 4:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 (အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အ ခါ အ ခွင့် တော် မ တော်၌ အ သင့် ရှိ လျက် ခပ် သိမ်း သော စိတ် ရှည် ခြင်း၊ သင် ကြား ခြင်း နှင့် တ ကွ အ ပြစ် ဖော် ပြ၍ ဆုံး မ နှိုး ဆော် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 4:2
36 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကြောင့် စိတ်မပျက်သော​သူ​သည် မင်္ဂလာ​ရှိ၏” ဟု ပြန်​၍ မိန့်တော်မူ၏။


ထို​သူတို့​သည် ယေရှု​ထံတော်သို့​ရောက်ကြ​သော် ယေရှု​အား “တပ်မှူး​သည် သခင်​၏​ကျေးဇူးပြုခြင်း​ကို ခံထိုက်​သူ​ဖြစ်ပါ၏။


ယေရှု​က ထို​သူ​အား “ဝိညာဉ်ရေးရာ​၌ သေဆုံးနေသော​သူတို့​သာ မိမိတို့​၏​လူသေ​ကို သင်္ဂြိုဟ်ပါစေ။ သင်​သည် ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြောလော့” ဟု မိန့်တော်မူ၏။


ရှာလမိမြို့​သို့ ရောက်​သောအခါ ဂျူးဝတ်ပြုဆောင်များ​တွင် ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ဟောပြောကြ၏။ ယောဟန်မာကု​သည်လည်း သူတို့​၏​လက်ထောက်​အဖြစ် ပါရှိလေ၏။


ဥပုသ်နေ့​တွင် ကျွန်ုပ်တို့​သည် မြို့တံခါး​အပြင်​သို့ ထွက်​၍ ဆုတောင်း​ရန် နေရာ​ရှိနိုင်မည့် မြစ်ကမ်းနား​သို့ သွားကြ၏။ ထို့နောက် ကျွန်ုပ်တို့​သည် ထိုင်​၍ ထို​နေရာ​တွင် စုဝေးနေကြသော​အမျိုးသမီးတို့​အား ဟောပြောကြ၏။


ရက်သတ္တပတ်​၏​ပထမနေ့​ရက်​၌ ကျွန်ုပ်တို့​သည် မုန့်​ကို​ချိုးဖဲ့​ရန် အတူတကွ​စုဝေးကြ၏။ ပေါလု​သည် နောက်​တစ်ရက်​တွင် ထို​မြို့​မှ ထွက်ခွာ​ရန် ရည်ရွယ်ထား​သောကြောင့် ညသန်းခေါင်​အချိန်​ထိ တရားတော်​ကို ဟောပြော​လျက်​နေ၏။


ရောမမြို့​သို့ ကျွန်ုပ်တို့​ရောက်​သောအခါ ပေါလု​သည် အကျယ်ချုပ်​ဖြင့် သီးသန့်​နေခွင့်​ရပြီး သူ့​အား စောင့်ကြပ်သည့်​စစ်သား​တစ်ဦး​သည်လည်း သူ​နှင့်အတူ ရှိ၏။


ဟောပြော​ရန် စေလွှတ်ခြင်း မခံရ​လျှင် မည်သို့ ဟောပြော​နိုင်မည်နည်း။ ကျမ်းစာ​၌ “သတင်းကောင်း​ကို ယူဆောင်လာသော​သူတို့​၏ ခြေတို့​သည် အလွန်​တင့်တယ်ပေ၏” ဟု ရေးသားထား၏။


မျှော်လင့်​လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ​၌ သည်းခံ​၍ မပျက်မကွက်​ဆုတောင်းကြလော့။


နှုတ်ကပတ်​တရားတော်​ကို သင်ယူသော​သူ​သည် သင်ကြားပေးသော မိမိ​ဆရာသမား​အား ကောင်းသော​အရာ​ဟူသမျှ​ကို ဝေမျှ​၍ ထောက်ပံ့​ရမည်။


ဘုရားသခင်​၏ နှုတ်ကပတ်​တရားတော်​ကို သင်တို့​အား အပြည့်အစုံ​ဟောပြော​ရန် ကိုယ်တော်​သည် သင်တို့​အတွက် ကျွန်ုပ်​အား တာဝန်ပေး​၍ ခန့်ထားတော်မူ​သဖြင့် ကျွန်ုပ်​သည် အသင်းတော်​၏ အမှုဆောင်​ဖြစ်လာ၏။


ကျွန်ုပ်တို့​အတွက်​လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်​၏ လျှို့ဝှက်နက်နဲသော တရားတော်​ကို ကျွန်ုပ်တို့​ဟောပြော​နိုင်ရန် ဘုရားသခင်​သည် အခွင့်အလမ်း ပေးတော်မူ​လိမ့်မည်။ ထို​တရားတော်​ကို ဟော​သောကြောင့် ယခု ကျွန်ုပ်​အကျဉ်းချခံရ၏။


သင်တို့​သည် သခင်ဘုရား​နှင့် ကျွန်ုပ်တို့​ကို အတုယူ​သူများ​ဖြစ်ကြ၏။ သင်တို့​သည် ပြင်းထန်သော ဆင်းရဲဒုက္ခ​ကြုံရ​သော်လည်း သန့်ရှင်းသော​ဝိညာဉ်တော်​ပေးသည့် ဝမ်းမြောက်ခြင်း​ဖြင့် သတင်းကောင်း​ကို လက်ခံခဲ့ကြ၏။


ထို့ပြင် ညီအစ်ကို​မောင်နှမတို့… ပျင်းရိသူများ​ကို သတိပေး​ဆုံးမကြလော့။ စိတ်ပျက်​အားလျော့သူများ​ကို အားပေးကြလော့။ အားနည်းသူများ​ကို ကူညီကြလော့။ လူ​တိုင်း​အပေါ်​တွင် စိတ်ရှည်​ကြလော့။


ပရောဖက်ပြု​ဟောပြောခြင်း​ကို မထီမဲ့မြင်​မပြုကြနှင့်။


ကျွန်ုပ်​ရောက်မလာ​မီ ပရိသတ်​ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်း​တို့ကို အားထုတ်​ဆောင်ရွက်လော့။


အပြစ်​ကျူးလွန်သော သင်းအုပ်တို့​ကို လူအများ​ရှေ့​တွင် ဆုံးမလော့။ ထိုသို့ပြုလျှင် အခြား​သင်းအုပ်တို့​သည်လည်း အပြစ်​ကျူးလွန်​ရန် ကြောက်ရွံ့ကြ​လိမ့်မည်။


တစ်စုံတစ်ယောက်​သည် အထက်ပါ​မကောင်းသော​အကျင့်​တို့ကို ဖယ်ရှား​လျှင် သူ​သည် အိမ်ရှင်​အတွက် သန့်ရှင်း​၍ အသုံးဝင်သည့် ဂုဏ်သရေရှိ​အသုံးအဆောင်၊ ကောင်းသော​အရာများ​အတွက် ပြင်ဆင်သော​အသုံးအဆောင် ဖြစ်လာမည်။


ဆန့်ကျင်သူတို့​ကို နူးညံ့သိမ်မွေ့​စွာ ဆုံးမသွန်သင်​ရမည်။ ဘုရားသခင်​သည် သူတို့​အား သမ္မာတရား​ကို သိစေ​၍ နောင်တ​ရနိုင်သော​အခွင့်​ကို ပေးကောင်း​ပေးတော်မူ​လိမ့်မည်။


သို့သော် သင်​သည် ကျွန်ုပ်​၏​သွန်သင်ခြင်း၊ ကျင့်ကြံ​နေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း​တို့ကို သိ၏။


ဤ​ဆိုရိုးစကား​သည် မှန်ပေ၏။ ထို့ကြောင့် မှန်ကန်သော​သွန်သင်မှု​ကို ခိုင်မာ​စွာ ယုံကြည်​စေရန် သူတို့​အား ပြင်းပြင်းထန်ထန် ဆုံးမ​ရမည်။


သင်​သည် အထက်ပါ​အကြောင်းအရာများ​ကို သွန်သင်လော့။ အခွင့်​အာဏာ အပြည့်အဝ​ဖြင့် တိုက်တွန်း​၍ ဆုံးမလော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင် မပြုပါစေနှင့်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံ အကျဉ်းချုံး ရေးလိုက်ခြင်း​သာ ဖြစ်​၍ ကျွန်ုပ်​၏ အားပေး​တိုက်တွန်းစကား​ကို နားထောင်ကြ​ရန် ကျွန်ုပ်​တိုက်တွန်း​နိုးဆော်ပါ၏။


ငါ​သည် ကိုယ်​ချစ်သော​သူတို့​ကို ဆုံးမ​ပဲ့ပြင်တတ်၏။ ထို့ကြောင့် သင်​သည် စိတ်အား​ထက်သန်လော့။ နောင်တရလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ