ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
၁ ကော 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။ Common Language Bible ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။ Garrad Bible ငါ တို့ အ ရှင်၊ သူ တို့ အ ရှင် ဖြစ် သော ယေ ရှု ခ ရစ်၏ နာ မ တော် ကို အ ပြည် ပြည် တွင် ပ ဌ နာ ပြု သူ ခပ် သိမ်း တို့ နှင့် တ ကွ၊ သီး သန့် ခေါ် ထား တော် မူ သူ ခ ရစ် တော် ယေ ရှု အား ဖြင့် သန့် ရှင်း သူ များ ဖြစ် သော ကော ရိ န္သု မြို့ ရှိ ဘု ရား သ ခင်၏ အ သင်း တော့် ထံ ရေး လိုက် သည် မှာ၊ Judson Bible ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပတ္ထနာပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။ |
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ယုံကြည်ခြင်းအားဖြင့် လူမျိုးခြားတို့၏စိတ်နှလုံးကို သန့်စင်ပေးကာ ထိုသူတို့နှင့် ကျွန်ုပ်တို့အကြား ခွဲခြားတော်မူခြင်းမရှိ။
ယခုလည်း သင်သည် အဘယ်ကြောင့်စောင့်ဆိုင်းနေသနည်း။ ထ၍ နှစ်ခြင်းမင်္ဂလာခံယူလော့။ ဘုရားသခင်၏အမည်နာမကို အမှီပြုဆုတောင်း၍ သင့်အပြစ်များကို ဆေးကြောလော့’ ဟု ဆိုလေ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
သို့သော်လည်း အာနနိက “သခင်ဘုရား… ထိုသူသည် ဂျေရုဆလင်မြို့တွင် ယုံကြည်သောသူတို့အား မည်မျှဆိုးရွားစွာပြုခဲ့ကြောင်းကို လူအများထံမှ အကျွန်ုပ်ကြားသိရပါပြီ။
ဤဒေသတွင်လည်း သူသည် သခင်ဘုရား၏အမည်နာမတော်ကို အမှီပြုဆုတောင်းသောသူရှိသမျှတို့ကို ဖမ်းဆီးချုပ်နှောင်ရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံမှ အခွင့်အာဏာရရှိထားပါ၏” ဟု လျှောက်လေ၏။
ကြားသောသူအပေါင်းတို့သည် အံ့အားသင့်၍ “ဤသူသည် ဂျေရုဆလင်မြို့ရှိ ယေရှု၏နောက်လိုက်များကို ဖျက်ဆီးသူမဟုတ်လော။ ဤမြို့တွင်လည်း ထိုသူတို့ကို ဖမ်းဆီး၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံ ပို့ဆောင်ရန် ဤနေရာသို့ ရောက်လာသည်မဟုတ်လော” ဟု ပြောဆိုကြ၏။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ဂျူးလူမျိုး၊ ဂရိလူမျိုးဟူ၍ ခွဲခြားခြင်းမရှိ။ သူတို့၌ သခင်တစ်ပါးတည်း ရှိ၍ ထိုသခင်ထံ ဆုတောင်းသောသူတို့အား ရက်ရောစွာ ပေးသနားတော်မူ၏။
ထိုနည်းလမ်းမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည့်နည်းလမ်းဖြစ်၏။ ခွဲခြားထားခြင်းမရှိဘဲ ယုံကြည်သောသူတိုင်းအတွက်ဖြစ်၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
သင်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေတော်မူသောအရှင်မှာ ဘုရားသခင်ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်တို့၏ အကျိုးအတွက် ဘုရားသခင်ထံမှ လာသော ဉာဏ်ပညာဖြစ်တော်မူပြီး ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်စေတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ၍ အပြစ်မှ ရွေးနုတ်တော်မူ၏။
ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။
သင်တို့သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ကြပြီး သင်တို့တစ်ဦးချင်းသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ဤစာသည် ကျွန်ုပ်အပါအဝင် ကျွန်ုပ်နှင့်အတူရှိသော ညီအစ်ကိုမောင်နှမတို့က ဂလာတိပြည်၌ ရှိသော အသင်းတော်များထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ညစ်ညူးစေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်းစေရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ကို ယုံကြည်ကြသော သက်သာလောနိတ်မြို့သားတို့၏ အသင်းတော်ထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်တော်မူပြီး သန့်ရှင်းသောဘဝ၌ အသက်ရှင်နေထိုင်ရန် ခေါ်ယူတော်မူသည်မှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ ကိုယ်တော်၏ အကြံအစည်တော်နှင့် ကျေးဇူးတော်ကြောင့် ဖြစ်၏။ ကိုယ်တော်သည် ရှေးယခင်မတိုင်မီကပင် ယေရှုခရစ်တော်အားဖြင့် ထိုကျေးဇူးတော်ကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ထိုနည်းတူ ယေရှုသည် လူတို့ကို မိမိအသွေးအားဖြင့် စင်ကြယ်စေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
ယေရှုခရစ်တော်၏ကျွန်၊ ယာကုပ်၏ညီ ကျွန်ုပ်ယုဒသည် ခမည်းတော်ဘုရားသခင်၏ရွေးချယ်တော်မူခြင်းနှင့် ချစ်ခြင်းကို ခံရ၍ ယေရှုခရစ်တော်၏ စောင့်ရှောက်ခြင်းခံရသောသူတို့ထံသို့ စာရေးလိုက်၏။
ဝတ်ရုံတော်နှင့် ပေါင်တော်ပေါ်၌ “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်” ဟူသော ဘွဲ့နာမကို ရေးထား၏။