၁ သက် 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible1 ပေါလု၊ သိလွာနုနှင့်တိမောသေတို့ထံမှ ခမည်းတော် ဘုရားသခင်နှင့်သခင်ယေရှု ခရစ်၏လူစုတော်ဖြစ်သည့် သက်သာလော နိတ်အသင်းတော်ဝင်တို့ထံသို့စာရေးလိုက် ပါသည်။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကို သင်တို့ ခံစားရကြပါစေသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible1 ပေါ လု၊ သိ လွာ နု၊ တိ မော သေ တို့ က ခ မည်း တော် ဘု ရား နှင့် အ ရှင် ယေ ရှု ခ ရစ် တော်၌ တည် နေ သော၊ သက် သာ လော နိတ် အ သင်း တော် ထံ ရေး လိုက် သည် မှာ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible1 ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ပေါလု၊ သိလွာနုနှင့် တိမောသေတို့သည် ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၌တည်သော သက်သာလောနိတ်မြို့သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ အခန်းကိုကြည့်ပါ။ |
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။