၁ ကော 10:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း32-33 ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible32 ယုဒအမျိုးသားတို့ကသော်လည်းကောင်း၊ လူမျိုးခြားတို့ကသော်လည်းကောင်း ဘုရား သခင်၏အသင်းတော်ဝင်တို့ကသော်လည်း ကောင်း ကဲ့ရဲ့စရာအကြောင်းမဖြစ်စေရန် နေထိုင်ကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible32-33 ငါ သည် ကိုယ့် အ ကျိုး ကို မ ရှာ။ အ များ တို့ ကယ် တင် ခြင်း အ ကျိုး ကို ရှာ လျက် အ နည်း နည်း အား ဖြင့် လူ အ မျိုး မျိုး နှင့် သ ဘော တူ လို သည့် နည်း တူ သင် တို့ လည်း ယု ဒ လူ မျို့ တို့ ရှေ့ ဖြစ် စေ၊ လူ မျိုး ခြား တို့ ဖြစ် စေ၊ ဘု ရား သ ခင့် အ သင်း တော် ရှေ့ ဖြစ် စေ ခ လုတ် ကို မ ထား ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible32 လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှာ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကို ရှာ၍၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 ဂျူးလူမျိုးတို့အတွက်ဖြစ်စေ၊ ဂရိလူမျိုးတို့အတွက်ဖြစ်စေ၊ ဘုရားသခင်၏အသင်းတော်အတွက်ဖြစ်စေ မှားယွင်းစရာအကြောင်းမဖြစ်ကြနှင့်။ အခန်းကိုကြည့်ပါ။ |
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။