Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 1:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ထိုသို့ ဘုရားသခင်​ချစ်တော်မူ​၍ ယုံကြည်သော​သူများ​အဖြစ် ရွေးကောက်တော်မူ​ခံရသော ရောမ​မြို့သူမြို့သား​အပေါင်းတို့​ထံသို့ ဤ​စာ​ကို ကျွန်ုပ်​ရေးလိုက်ပါ၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့် အ​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​စေ​ခြင်း​ငှာ ထို​သ​ခင်​ထံ၌ ကျေး​ဇူး​တော်​နှင့် တ​မန်​တော်​အ​ရာ​ကို ငါ​တို့​သည် ခံ​ရ​ကြ​ပြီ။ ထို​သ​ခင်​ခေါ်​ထား​တော်​မူ​သော သင်​တို့​သည်​လည်း ထို​လူ​မျိုး​တို့၌ အ​ပါ​အ​ဝင်​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 1:7
70 ပူးပေါင်းရင်းမြစ်များ  

ထိုနည်းတူ​ပင် ကောင်းမှုများ​ပြုခြင်း​ဖြင့် သင်တို့​၏ အလင်း​ကို သူတစ်ပါး​ရှေ့​၌ ထွန်းလင်းစေကြလော့။ လူတို့​သည် သင်တို့​၏ ကောင်းသော​အကျင့်​ကို မြင်​၍ ကောင်းကင်ဘုံ​၌ ရှိတော်မူသော သင်တို့​အဖ​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။


ထို​သူတို့​နှင့်အတူ ပေးလိုက်သော​စာ​တွင် သင်တို့​၏​ညီအစ်ကိုများ​ဖြစ်သည့် တမန်တော်များ​နှင့် အသင်းတော်​အကြီးအကဲများ​သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်​နှင့် ဆီလီဆီးယားပြည်​ရှိ လူမျိုးခြား​ယုံကြည်သူများ​အား နှုတ်ခွန်းဆက်သလိုက်ပါ၏။


သို့သော်လည်း အာနနိ​က “သခင်ဘုရား… ထို​သူ​သည် ဂျေရုဆလင်မြို့​တွင် ယုံကြည်သော​သူတို့​အား မည်မျှ​ဆိုးရွား​စွာ​ပြုခဲ့ကြောင်း​ကို လူ​အများ​ထံမှ အကျွန်ုပ်​ကြားသိရပါပြီ။


သင်တို့​သည်လည်း ယေရှု​ခရစ်တော်​ပိုင်ဆိုင်သောသူများ​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသည့် ထို​လူမျိုးခြားများ​ထဲတွင် ပါဝင်ကြ၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​သည် ယုံကြည်​၍ ဘုရားသခင်​ရှေ့တော်​၌ ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သောကြောင့် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​လုပ်ဆောင်​ပေးခဲ့သော​အမှု​အားဖြင့် ဘုရားသခင်​နှင့် ငြိမ်းချမ်းမှု​ကို ရရှိကြပြီ။


ဤ​မျှော်လင့်ခြင်း​သည် ကျွန်ုပ်တို့​ကို စိတ်ပျက်စေမည်​မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​အား ပေးသနားတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ကျွန်ုပ်တို့​၏ စိတ်နှလုံး​ကို မိမိ​၏​မေတ္တာတော်​နှင့် ပြည့်စေတော်မူ​သောကြောင့်​ဖြစ်၏။


ဘုရားသခင်​ကို ချစ်​၍ အကြံအစည်တော်​နှင့်အညီ ရွေးကောက်ခြင်း​ခံရသော​သူတို့ တွေ့ကြုံ​ခံစားရသော အမှုခပ်သိမ်းတို့​မှ ကောင်းကျိုး​ထွက်ပေါ်​စေရန် ဘုရားသခင်​သည် သူတို့​နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


လူမျိုးခြားများ​နှင့် ပတ်သက်၍ ဟောရှေ​၏ ပရောဖက်ကျမ်း​တွင် ဘုရားသခင် မိန့်တော်မူထားသည်​မှာ “ငါ့​လူမျိုး​မဟုတ်သော​သူတို့​ကို ငါ့​လူမျိုး ဟု ခေါ်မည်။ ငါ​မချစ်ခဲ့သော​သူတို့​ကိုလည်း ငါ​ချစ်မည်။


သို့သော် ဂျူးလူမျိုး​ဖြစ်စေ၊ ဂရိလူမျိုး​ဖြစ်စေ ဘုရားသခင်​၏ ရွေးကောက်တော်မူခြင်း​ကို ခံရသော​သူများ​အတွက်​မူ ခရစ်တော်​သည် ဘုရားသခင်​၏ တန်ခိုးတော်​နှင့် ဘုရားသခင်​၏ ဉာဏ်တော်​ဖြစ်၏။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​နှင့်အတူ ရှိပါစေ။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်၊ ဘုရားသခင်​၏ မေတ္တာတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်တော်​၏ မိတ်သဟာယဖွဲ့ခြင်း​တို့​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။ ကောရိန္သု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဂလာတိ​ဩဝါဒစာ ပြီးပါပြီ။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့​သည် ညီအစ်ကို​မောင်နှမတို့​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ကျွန်ုပ်​ကို ခွန်အား​ပေးတော်မူသော ခရစ်တော်​အားဖြင့် ထို​အခြေအနေ​အားလုံး​ကို ကျွန်ုပ်​ရင်ဆိုင်​နိုင်၏။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။ အာမင်။ ဖိလိပ္ပိ​ဩဝါဒစာ ပြီးပါပြီ။


ယေရှု​ခရစ်တော်​နောက်သို့ သစ္စာရှိ​စွာ​လိုက်သော ကောလောသဲမြို့သား ယုံကြည်သူများ​ထံသို့ ပို့လိုက်သော​စာ ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ထို့ကြောင့် သင်တို့သည်​ဘုရားသခင် ရွေးချယ်တော်မူသော​သူများ၊ သီးသန့်​ထားတော်မူသော​သူများ၊ ချစ်တော်မူသော​သူများ​ဖြစ်သည့်​အားလျော်စွာ ကရုဏာ​ထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း​နှင့် သည်းခံခြင်း​တို့ကို ဝတ်ဆင်ကြလော့။


သင်တို့​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​၏ အစိတ်အပိုင်းများ ဖြစ်​၍ ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးချယ်ခြင်း​ခံကြရ၏။ ထို့ကြောင့် ခရစ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်း​သည် သင်တို့​၏ နှလုံးသား​၌ စိုးမိုးပါစေသော။ ဘုရားသခင်​ကိုလည်း ကျေးဇူးတင်ကြလော့။


ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။ ဤ​စာ​သည် ကျွန်ုပ်​ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့က အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သက်သာလောနိတ်​အသင်းတော်​ထံသို့ ပို့လိုက်သော စာ​ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ဘုရားသခင်​ချစ်တော်မူသော ညီအစ်ကို​မောင်နှမတို့… ဘုရားသခင်​၏ လူများ​ဖြစ်လာ​ရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်​တော်မူကြောင်း ကျွန်ုပ်တို့​သိကြ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ညစ်ညူး​စေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်း​စေရန် ခေါ်တော်မူ​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​ခံစားရပါစေသော။ သက်သာလောနိတ်​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ငြိမ်းချမ်းခြင်း​အရှင် သခင်ဘုရား ကိုယ်တော်တိုင်​သည် သင်တို့​ကို နည်းအမျိုးမျိုး​ဖြင့် ငြိမ်းချမ်းခြင်း​ကို အစဉ်​ပေးတော်မူပါစေသော။ သခင်ဘုရား​သည် သင်တို့​အားလုံး​နှင့်အတူ ရှိပါစေသော။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အားလုံး​နှင့်​အတူ ရှိပါစေသော။ သက်သာလောနိတ်​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


သခင်ဘုရား​ကို ယုံကြည်​သောကြောင့် ကျွန်ုပ်​၏ သား​အရင်းအချာ​သဖွယ်​ဖြစ်သော တိမောသေ​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်၊ ကရုဏာ​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


မိမိ​သခင်​သည် ယုံကြည်သောသူ​ဖြစ်လျှင် ယုံကြည်သူ​ချင်း​ပင် ဖြစ်သည်​ဟု မှတ်ယူ​လျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်​က မိမိ​အစေခံသော​သူ​မှာ ချစ်ခင်ရသည့် ယုံကြည်သူ​ပင် ဖြစ်​သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်​သည် ဤ​အရာများ​ကို အလေးထား​သွန်သင်​၍ တိုက်တွန်းလော့။


ဤ​စာ​သည် ချစ်သော​သား တိမောသေ​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်၊ ကရုဏာ​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


သခင်ဘုရား​သည် သင်​နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ တိမောသေ​ဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။


ကျွန်ုပ်​နှင့် ယုံကြည်ချက်​တူညီ​၍ ကျွန်ုပ်​၏ သား အရင်းအချာ​ကဲ့သို့ ဖြစ်သော တိတု​ထံသို့ ဤ​စာ​ကို ပို့လိုက်၏။ ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် ကယ်တင်ရှင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင့်​အပေါ် သက်ရောက်ပါစေသော။


သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဖိလေမုန်​ဩဝါဒစာ ပြီးပါပြီ။


ကျွန်ုပ်တို့​၏ အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​ထံမှ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သင်တို့​အပေါ် သက်ရောက်ပါစေသော။


ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​၏​ကျွန် ကျွန်ုပ်​ယာကုပ် စာရေးလိုက်၏။ ဤ​စာ​သည် အနယ်နယ်​အရပ်ရပ်တို့​တွင် ကွဲလွင့်​ပျံ့နှံ့​နေသည့်​ဂျူးလူမျိုး​ဆယ့်နှစ်မျိုး​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။


သင်တို့​ကို ခေါ်တော်မူသော​အရှင်​သည် သန့်ရှင်းတော်မူသည်​နည်းတူ သင်တို့​သည်လည်း အရာရာ​ကို ကျင့်ကြံ​ပြုမူရာ​၌ သန့်ရှင်းကြလော့။


ခမည်းတော်​သည် ကျွန်ုပ်တို့​ကို မည်မျှ​ချစ်တော်မူကြောင်း ကြည့်လော့။ ကျွန်ုပ်တို့​သည် “ဘုရားသခင်​၏​သားသမီးများ” ဟု ခေါ်ခံရ၏။ ကျွန်ုပ်တို့​သည် အမှန်ပင် ဘုရားသခင်​၏ သားသမီးများ​ဖြစ်ကြ၏။ လောကီသားတို့​သည် ဘုရားသခင်​ကို မသိ​သောကြောင့် ကျွန်ုပ်တို့​ကိုလည်း မသိကြ။


ခမည်းတော်​ဘုရားသခင်​ထံမှ​လည်းကောင်း၊ ခမည်းတော်​၏​သားတော် ယေရှု​ခရစ်တော်​ထံမှ​လည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်​နှင့် ငြိမ်းချမ်းခြင်း​သည် သမ္မာတရား​ကို သိ​၍ အချင်းချင်း​ချစ်ကြသော​ကျွန်ုပ်တို့​အပေါ် သက်ရောက်ပါစေသော။


ဧဖက်မြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ လက်ယာလက်​၌ ကြယ်​ခုနစ်လုံး​ကို ကိုင်ဆောင်​၍ ရွှေ​ဆီမီးတိုင်​ခုနစ်တိုင်​ကြားတွင် သွားလာသော​သူ​က ဤ​သို့​မိန့်တော်မူ၏။


ပေရဂံမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ ထက်သော​သန်လျက်​ကို ကိုင်ဆောင်ထားသူ​က ဤသို့​မိန့်တော်မူ၏။


သွာတိရမြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ မျက်လုံးတော်​သည် မီးလျှံ​ကဲ့သို့​လည်းကောင်း၊ ခြေတို့​သည် တောက်ပသော​ကြေးဝါ​ကဲ့သို့​လည်းကောင်း ဖြစ်တော်မူသော ဘုရားသခင်​၏​သားတော်​က ဤသို့​မိန့်တော်မူ၏။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။


စမုရနမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ အစဦးဆုံး​နှင့် နောက်ဆုံး​ဖြစ်သောသူ၊ အသေခံ​ပြီး အသက်​ပြန်ရှင်လာသောသူ​က ဤသို့​မိန့်တော်မူ၏။


သခင်​ယေရှု​၏ ကျေးဇူးတော်​သည် ယုံကြည်သူများ​အပေါ် သက်ရောက်ပါစေသော။ အာမင်။ ဗျာဒိတ်ကျမ်း ပြီးပါပြီ။


လောဒိကိမြို့​၌​ရှိသော အသင်းတော်​၏​ကောင်းကင်တမန်​ထံသို့ စာရေးလော့။ အာမင်​ဖြစ်သောသူ၊ စစ်မှန်​၍ သစ္စာရှိသည့်​သက်သေ​ဖြစ်သောသူ၊ ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာတို့​၏​အစအဦး​ဖြစ်သောသူ​က ဤသို့​မိန့်တော်မူ၏။


ဝိညာဉ်တော်​သည် အသင်းတော်တို့​အား မိန့်တော်မူသော​စကား​ကို နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။”


ဖိလဒေလဖိမြို့​၌​ရှိသော အသင်းတော်​၏ ကောင်းကင်တမန်​ထံသို့ စာရေးလော့။ သန့်ရှင်း​၍ မှန်သော​စကား​ကို​ပြောသူ၊ ဒါဝိဒ်​မင်း​၏​အခွင့်အာဏာ​သော့​ကို ရရှိထားသူ၊ မည်သူ​မျှ​မပိတ်​နိုင်အောင် ဖွင့်​၍ မည်သူ​မျှ​မဖွင့်​နိုင်အောင် ပိတ်သူ​က ဤသို့​မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ