Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယု​ဒ 1:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယေရှု​ခရစ်တော်​၏​ကျွန်၊ ယာကုပ်​၏​ညီ ကျွန်ုပ်​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ရွေးချယ်တော်မူခြင်း​နှင့် ချစ်ခြင်း​ကို ခံရ​၍ ယေရှု​ခရစ်တော်​၏ စောင့်ရှောက်ခြင်း​ခံရသော​သူတို့​ထံသို့ စာရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​နှင့်​ယာ​ကုပ်​၏​ညီ​ဖြစ် သူ ယု​ဒ​ထံ​မှ​ဘု​ရား​သ​ခင်​ခေါ်​ယူ​ရွေး​ကောက် တော်​မူ​၍ ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​မေတ္တာ ၌​ခို​လှုံ​လျက် ယေ​ရှု​ခ​ရစ်​စောင့်​ထိန်း​တော်​မူ သော​သူ​အ​ပေါင်း​တို့​ထံ​သို့​စာ​ရေး​လိုက်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ယေ ရှု ခ ရစ်၏ ကျွန်၊ ယာ ကုပ်၏ ညီ ဖြစ် သော ယု ဒ က အ ဘ ဘု ရား သ ခင် ချစ် တော် မူ သူ၊ ယေ ရှု ခ ရစ် အ ဖို့ စောင့် ထိန်း ၍ ခေါ် ထား တော် မူ သူ တို့ ထံ ရေး လိုက် သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယေ​ရှု​ခ​ရစ်၏ ကျွန်​ဖြစ်​သော ယာ​ကုပ်​ညီ ငါ​ယု​ဒ​သည် ခ​မည်း​တော်​ဘု​ရား​သ​ခင် သန့်​ရှင်း​စေ​တော်​မူ၍၊ ယေ​ရှု​ခ​ရစ် ခေါ်​ထား​စောင့်​မ​တော်​မူ​သော သူ​တို့​ကို ကြား​လိုက်​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယေရှု​ခရစ်တော်​၏​အစေအပါး၊ ယာကုပ်​၏​ညီ ငါ​ယုဒ​သည် ခမည်းတော်​ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​ကို​ခံစား​ရ​၍ ယေရှု​ခရစ်တော်​၏​စောင့်ရှောက်​မှု​အောက်​၌​ရှိ​သော ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယု​ဒ 1:1
40 ပူးပေါင်းရင်းမြစ်များ  

ဖိလိပ္ပု၊ ဗာသောလမဲ၊ သောမ၊ အခွန်​ကောက်သူ မဿဲ၊ အာလဖဲ​၏​သား ယာကုပ်၊ သဒ္ဒဲ၊


သူ​သည် လက်သမား​၏​သား မဟုတ်လော။ သူ​၏​မိခင်​သည် မာရိ​မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ရှိမုန်​နှင့် ယုဒ​တို့​သည် သူ​၏​ညီများ​ဖြစ်ကြသည် မဟုတ်လော။


အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ​၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်​ထက်သန်သူ ရှိမုန်၊


သူ​သည် လက်သမား​မဟုတ်လော။ မာရိ​၏​သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒ​နှင့် ရှိမုန်​တို့​၏​အစ်ကို မဟုတ်လော။ သူ​၏ နှမတို့​သည်လည်း ငါတို့​နှင့် တစ်ရပ်တည်းသားများ​ပင် မဟုတ်လော” ဟု ပြောဆို​၍ ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကာ မယုံကြည်ဘဲ​နေကြ၏။


ယာကုပ်​၏​သား​ယုဒ​နှင့် ယေရှု​အား သစ္စာဖောက်သော​ယုဒရှကာရုတ်​တို့ ဖြစ်ကြ၏။


ငါ့​အမှု​ကို ထမ်းဆောင်​လိုသောသူ​သည် ငါ့​နောက်သို့ လိုက်ရမည်။ ငါ့​အမှုဆောင်​သည် ငါ​ရှိရာ အရပ်​တွင် ရှိရမည်။ ငါ့​အမှု​ကို ထမ်းဆောင်သော​သူ​အား ငါ့​ခမည်းတော်​သည် ဂုဏ်ပြု​လိမ့်မည်။


ယုဒရှကာရုတ် မဟုတ်သော အခြား​ယုဒ​က ကိုယ်တော်​အား “သခင်… သခင်​သည် အကျွန်ုပ်တို့​ကိုသာ ကိုယ်ထင်ပြ​၍ လောကီသားတို့​ကို အဘယ်ကြောင့် ကိုယ်ထင်​မပြဘဲ နေတော်မူ​မည်နည်း” ဟု လျှောက်၏။


သင်တို့​သည် ငါ့​ကို ရွေးချယ်ခဲ့သည်​မဟုတ်။ ငါ​သည် သင်တို့​ကို ရွေးချယ်၏။ တည်မြဲမည့်​အသီး​ကို သင်တို့​သီး​စေရန် ငါ​ခန့်ထား၏။ သို့ဖြစ်၍ ငါ့​နာမ​ကို အမှီပြု​၍ ခမည်းတော်​ထံ သင်တို့​တောင်း​သမျှ​ကို ခမည်းတော်​မှ ပေးတော်မူ​ရန် ဖြစ်၏။


ထို​သူတို့​ကို ဤ​လောက​မှ နုတ်ယူတော်မူ​ရန် အကျွန်ုပ်​တောင်းလျှောက်​သည် မဟုတ်ပါ။ သို့ရာတွင် သူတို့​ကို မာရ်နတ်​၏ လက်​မှ လွတ်ကင်း​ရန်​ကိုသာ အကျွန်ုပ်​တောင်းလျှောက်ပါ၏။


ကိုယ်တော်​၏ သမ္မာတရား​အားဖြင့် သူတို့​ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည် သမ္မာတရား​ဖြစ်ပါ၏။


သူတို့​သည်လည်း သမ္မာတရား​အားဖြင့် သန့်ရှင်းလာ​စေရန် အကျွန်ုပ်​သည် သူတို့​အတွက် မိမိကိုယ်​ကို သန့်ရှင်းသော​ယဇ်​အဖြစ် ဆက်ကပ်ပါ၏။


ဘုရားသခင်​၏ အလိုတော်​မှာ ငါ့​ကို ပေးအပ်ထားတော်မူသော​သူများ​ထဲမှ တစ်ဦးတစ်ယောက်​ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသော​နေ့​တွင် ထို​သူတို့​ကို သေရာ​မှ ထမြောက်​စေရန်​ဖြစ်၏။


ထို​မြို့​သို့ ဝင်ကြ​သောအခါ သူတို့​သည် မိမိတို့ တည်းခိုနေသော​အိမ်​၏​အပေါ်ထပ်​အခန်း​သို့ တက်သွားကြ၏။ ထို​သူတို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်စိတ်​ထက်သန်သူ​ရှိမုန်၊ ယာကုပ်​၏​သား ယုဒ​တို့ ဖြစ်ကြ၏။


သို့ဖြစ်၍ ယခု ကျွန်ုပ်​သည် သင်တို့​အား ဘုရားသခင်​ထံတော်​သို့​လည်းကောင်း၊ ကိုယ်တော်​၏ ကျေးဇူးတော်​နှင့်ဆိုင်သော တရားတော်​သို့​လည်းကောင်း အပ်နှံပါ၏။ ထို​တရားတော်​သည် သင်တို့​ကို ဆောက်တည်​ပေးနိုင်စွမ်း​နှင့် သန့်ရှင်းစေတော်မူခြင်း​ခံရသော​လူအပေါင်းတို့​နှင့်အတူ သင်တို့​ကို အမွေ​ပေးနိုင်စွမ်း​ရှိ၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​ကို​ပိုင်​၍ ကျွန်ုပ်​ကိုးကွယ်သော​ဘုရားသခင်​၏​ကောင်းကင်တမန်​သည် မနေ့ည​တွင် ကျွန်ုပ်​၏​အနား​တွင် ရပ်​လျက်


တမန်တော်​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရ​၍ ဘုရားသခင်​၏ သတင်းကောင်း​ကို ဟောပြော​ရန်အတွက် သီးသန့်​ခန့်ထားတော်မူခြင်း​ခံရပြီး ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်သော ကျွန်ုပ်​ပေါလု စာရေးလိုက်ပါ၏။


သင်တို့​သည်လည်း ယေရှု​ခရစ်တော်​ပိုင်ဆိုင်သောသူများ​အဖြစ် ရွေးကောက်တော်မူခြင်း​ခံရသည့် ထို​လူမျိုးခြားများ​ထဲတွင် ပါဝင်ကြ၏။


ထို​သူတို့​သည် ကျွန်ုပ်တို့​သခင်​ခရစ်တော်​၏ အမှု​ကို မဆောင်ရွက်ဘဲ ကိုယ်ကျိုး​ကိုသာ ဆောင်ရွက်သော​သူများ ဖြစ်ကြ၏။ ထို​သူတို့​သည် ချိုသာသောစကား​နှင့် မြှောက်ပင့်သော​စကား​ဖြင့် ရိုးသားသော​သူတို့​၏ စိတ်​ကို လှည့်ဖြားတတ်ကြ၏။


သို့သော် ယခု​သင်တို့​သည် အပြစ်တရား​လက်​မှ လွတ်မြောက်​၍ ဘုရားသခင်​၏​ကျွန် ဖြစ်လာကြ၏။ ထို့ကြောင့် ယခု​သင်တို့​သည် သန့်ရှင်းခြင်း​အကျိုး​ကို ရကြ၏။ အဆုံး​၌ ထာဝရ​အသက်​ကို ရကြ၏။


ထိုသို့ ဘုရားသခင်​သည် မိမိ​ရွေးကောက်ထားသော​သူတို့​ကို ခေါ်တော်မူ၏။ ခေါ်တော်မူ​ပြီးနောက် ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူ​ပြီးနောက် ဘုန်းအသရေ​ကို ပေးတော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဂျူးလူမျိုးများ​ထဲမှ​သာမက လူမျိုးခြားများ​ထဲမှ​လည်း ရွေးကောက်ထားတော်မူ၏။


ယုံကြည်သူများ​ဖြစ်​စေရန် ရွေးချယ်တော်မူခြင်း​ခံရသည့် ကောရိန္သု အသင်းတော်​ဖြစ်သော သင်တို့​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​ကို ကိုးကွယ်ကြသည့် နေရာအနှံ့​၌​ရှိသောသူ​အပေါင်းတို့​ကို ယေရှု​ခရစ်တော်​အားဖြင့် သန့်ရှင်းစေတော်မူ​သကဲ့သို့ သင်တို့​ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထို​ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​နှင့် နေရာအနှံ့​၌ ရှိသော ထို​သူ​အပေါင်းတို့​၏ သခင်​ဖြစ်တော်မူ၏။


သင်တို့​ထဲမှ တချို့​သည် ယခင်​က ထိုကဲ့သို့သော​သူများ ဖြစ်ခဲ့ကြ၏။ သို့သော်လည်း ယခု​တွင် သခင်​ယေရှု​ခရစ်တော်​နှင့် ကျွန်ုပ်တို့​ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် စင်ကြယ်ကြပြီ။ သန့်ရှင်းကြပြီ။ ဖြောင့်မတ်သောသူ​အဖြစ် သတ်မှတ်​ခံရကြပြီ။


ထိုသို့ အသက်ပေးတော်မူခြင်း​သည် ရေ​နှင့် နှုတ်ကပတ်တော်​ဖြင့် အသင်းတော်​ကို ဆေးကြော​၍ သန့်ရှင်း​စင်ကြယ်​ပြီးမှ


မိမိ​နိုင်ငံတော်​နှင့် ဘုန်းတော်​အတွက် သင်တို့​ကို ခေါ်တော်မူသော ဘုရားသခင်​၏​လူ​ဖြစ်သည့်​အလျောက် ဘုရားသခင်​၏​လူ​ပီသ​စွာ ပြုမူနေထိုင်​ရန် အားပေး​နှစ်သိမ့်​၍ တိုက်တွန်း​နှိုးဆော်ကြ၏။


ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​ကိုယ်တိုင်​သည် သင်တို့​ကို အကြွင်းမဲ့​သန့်ရှင်း​စေတော်မူ​ပါစေသော။ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာသည့်​တိုင်အောင် သင်တို့​၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်​ကို အပြစ်ဆိုဖွယ်​မရှိ​စေရန် စောင့်ရှောက်​ပါစေသော။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ကယ်တင်တော်မူ​ပြီး သန့်ရှင်းသော​ဘဝ​၌ အသက်ရှင်​နေထိုင်​ရန် ခေါ်ယူတော်မူသည်​မှာ ကျွန်ုပ်တို့​၏ လုပ်ဆောင်မှု​ကြောင့် မဟုတ်ဘဲ ကိုယ်တော်​၏ အကြံအစည်တော်​နှင့် ကျေးဇူးတော်​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် ရှေးယခင်​မတိုင်မီ​ကပင် ယေရှု​ခရစ်တော်​အားဖြင့် ထို​ကျေးဇူးတော်​ကို ကျွန်ုပ်တို့​အား ပေးသနားတော်မူ၏။


သခင်ဘုရား​သည် မကောင်းမှု​မှန်သမျှ​မှ ကျွန်ုပ်​ကို ကယ်တင်တော်မူ​၍ မိမိ​ကောင်းကင်​နိုင်ငံတော်​သို့ ဘေးကင်း​စွာ ပို့ဆောင်တော်မူ​လိမ့်မည်။ ကိုယ်တော်​သည် အစဉ်​ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​တို့​၏​ကျွန် ကျွန်ုပ်​ယာကုပ် စာရေးလိုက်၏။ ဤ​စာ​သည် အနယ်နယ်​အရပ်ရပ်တို့​တွင် ကွဲလွင့်​ပျံ့နှံ့​နေသည့်​ဂျူးလူမျိုး​ဆယ့်နှစ်မျိုး​ထံသို့ ပို့လိုက်သော​စာ​ဖြစ်၏။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​သောကြောင့် နောက်ဆုံးသော​ကာလ​၌ ပေါ်လွင်ထင်ရှား​ရန် အသင့်​ရှိသော ကယ်တင်ခြင်း​ကို ရရှိခံစား​နိုင်မည့်​အချိန်​တိုင်အောင် ဘုရားသခင်​သည် မိမိ​၏​တန်ခိုးတော်​ဖြင့် သင်တို့​ကို ကာကွယ်​စောင့်ရှောက်တော်မူ၏။


သို့သော် သင်တို့​မှာမူ ရွေးကောက်ခံရသော​အမျိုး၊ တော်ဝင်​ယဇ်ပုရောဟိတ်​အမျိုး၊ သန့်ရှင်းသော​လူမျိုး၊ ဘုရားသခင်​ပိုင်ဆိုင်သော​လူမျိုး​ဖြစ်ကြ၏။ ဤသည်​မှာ သင်တို့​ကို အမှောင်​ထဲမှ အံ့ဖွယ်​အလင်း​ထဲသို့ ခေါ်တော်မူသော​ဘုရားသခင်​ပြုသည့် အံ့ဩဖွယ်​အမှုများ​ကို ကြွေးကြော်​ရန်​ဖြစ်၏။


သို့သော် ဘုရားသခင်​သည် သင်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​စေလျက် မိမိ​၏​ထာဝရ​တည်သော​ဘုန်းအသရေတော်​ကို မျှဝေ​ခံစား​စေရန် ရွေးကောက်တော်မူ၏။ ထို​ကျေးဇူးတော်​အပေါင်း​၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် ခဏတာ ဆင်းရဲဒုက္ခ​ခံပြီးသော သင်တို့​အား ပြီးပြည့်စုံစေ​၍ ကြံ့ကြံ့ခိုင် ရပ်တည်​မြဲမြံစေတော်မူ​လိမ့်မည်။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


ချစ်ရသော​သူတို့… ကျွန်ုပ်တို့​အားလုံး လက်ခံ​ယုံကြည်သော​ကယ်တင်ခြင်း​အကြောင်း​ကို သင်တို့​ထံ ရေး​ရန် ကျွန်ုပ်​အလွန်​စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူ​အပေါင်းတို့​အား တစ်ကြိမ်တည်း​နှင့်​အပြီး ကိုယ်တော်​ပေးအပ်တော်မူသော​ယုံကြည်ခြင်း​တရား​အတွက် ခုခံ​တိုက်ခိုက်ကြလော့​ဟူ၍ သင်တို့​အား စာရေး​တိုက်တွန်း​ရန် လိုအပ်​လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ